အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ညမထွက်ရအမိန့်ထုတ်ပြန်

 621

Pika (NP News) - ဇွန် ၁၂

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ လူဝင်မှုကြီးကြပ်ရေး ဝင်ရောက်စီးနင်းမှုတွေကြောင့် ဆူပူအကြမ်းဖက်မှု တွေနဲ့လုယက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ အဲဒီကန့်သတ် ချက်ဟာ ည(၈)နာရီကနေ မနက်(၆)နာရီအထိ အသက်ဝင်မှာဖြစ်တယ်လို့ လော့စ်အိန်ဂျလိစ်မြို့တော်ဝန် Karen Bass က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါ့ပြင် ညမထွက်ရအမိန့်ကို ချိုးဖောက်သူတိုင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ရက်အတော်ကြာအောင် ထိန်းသိမ်းထား မှာဖြစ်တယ်လို့လည်း သိရပါတယ်။ လော့စ်အိန်ဂျလိစ်မြို့မှာ စီးပွားရေးလုပ်ငန်း(၂၃)ခုဟာ လုယက်မှုတွေခံခဲ့ရ တယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ညမထွက်ရအမိန့်ကိုထုတ်ပြန်ဖို့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာ တာပဲဖြစ်ပါတယ်။ အဲဒီညမထွက်ရအမိန့်ဟာ အကွာအ‌ဝေးအားဖြင့် တစ်စတုရန်းမိုင်ခန့်အထိ အကျုံးဝင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း အရေးပေါ်နဲ့ဘေးကင်းရေးဝန်ထမ်းတွေ၊သတင်းထောက်တွေနဲ့ အိမ်ယာမဲ့တွေကိုတော့ ညမထွက်ရအမိန့်ကနေ ကင်းလွတ်ခွင့်ပေးထားမှာဖြစ်တယ်လို့ LAPD အကြီးအကဲ Jim McDonnell က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ ၎င်းက “ဒီညမထွက်ရအမိန့်ဟာ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့ အတွက် လုပ်ဆောင်တဲ့ ဆောင်ရွက်မှုတစ်ခုပဲဖြစ်ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ ညမထြက္ရအမိန႔္ထုတ္ျပန္
Pika (NP News) - ဇြန္ ၁၂
အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ လူဝင္မႈႀကီးၾကပ္ေရး ဝင္ေရာက္စီးနင္းမႈေတြေၾကာင့္ ဆူပူအၾကမ္းဖက္မႈ ေတြနဲ႔လုယက္မႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ညမထြက္ရအမိန႔္ကို ထုတ္ျပန္လိုက္တယ္လို႔သိရပါတယ္။ အဲဒီကန႔္သတ္ ခ်က္ဟာ ည(၈)နာရီကေန မနက္(၆)နာရီအထိ အသက္ဝင္မွာျဖစ္တယ္လို႔ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ေတာ္ဝန္ Karen Bass က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ဒါ့ျပင္ ညမထြက္ရအမိန႔္ကို ခ်ိဳးေဖာက္သူတိုင္းကို ရဲတပ္ဖြဲ႕က ဖမ္းဆီးၿပီး ရက္အေတာ္ၾကာေအာင္ ထိန္းသိမ္းထား မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ စီးပြားေရးလုပ္ငန္း(၂၃)ခုဟာ လုယက္မႈေတြခံခဲ့ရ တယ္လို႔ သတင္းေတြထြက္ေပၚလာၿပီးေနာက္ ညမထြက္ရအမိန႔္ကိုထုတ္ျပန္ဖို႔ ဆုံးျဖတ္ခ်က္ေတြ ထြက္ေပၚလာ တာပဲျဖစ္ပါတယ္။ အဲဒီညမထြက္ရအမိန႔္ဟာ အကြာအ‌ေဝးအားျဖင့္ တစ္စတုရန္းမိုင္ခန႔္အထိ အက်ဳံးဝင္မွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း အေရးေပၚနဲ႔ေဘးကင္းေရးဝန္ထမ္းေတြ၊သတင္းေထာက္ေတြနဲ႔ အိမ္ယာမဲ့ေတြကိုေတာ့ ညမထြက္ရအမိန႔္ကေန ကင္းလြတ္ခြင့္ေပးထားမွာျဖစ္တယ္လို႔ LAPD အႀကီးအကဲ Jim McDonnell က ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ ၎က “ဒီညမထြက္ရအမိန႔္ဟာ ျပည္သူေတြရဲ႕အသက္အိုးအိမ္စည္းစိမ္ေတြကို ကာကြယ္ဖို႔ အတြက္ လုပ္ေဆာင္တဲ့ ေဆာင္႐ြက္မႈတစ္ခုပဲျဖစ္ပါတယ္” လို႔ ထုတ္ျပန္ခဲ့ပါတယ္။

© 2021. All rights reserved.