အစ္စရေး လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များ မကြာခင် ကုန်ဆုံးသွားနိုင်ကြောင်း Washington Post ဖော်ပြ

 0

Pika (NP News) - ဇွန် ၂၂
အမေရိကန်နိုင်ငံ၏ သိသာထင်ရှားသော ထောက်ပံ့မှုများ သို့မဟုတ် တိုက်ရိုက်ပါဝင်ပတ်သက်မှုများ မရှိဆိုပါက အစ္စရေးလေကြောင်းရန် ကာကွယ်ရေးစနစ်များသည် အီရန်၏ပဲ့ထိန်းဒုံးကျည်များကို လက်ရှိအရှိန်ဖြင့် သီတင်း နှစ်ပတ်ခန့်သာ ကြားဖြတ်ဟန့်တားနိုင်မည်ဖြစ်ကြောင်း Washington Post က ရေးသားဖော်ပြခဲ့သည်။
ပြီးခဲ့သည့်ဇွန်လ(၁၃)ရက်တွင် အစ္စရေးက အီရန်ကို လေကြောင်းတိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့ ပြီးနောက်ပိုင်းတည်းက အီရန်သည် အစ္စရေးကို ဒရုန်းများနှင့် ဒုံးကျည်အစင်းရေများစွာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အီရန်နိုင်ငံက နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းမျိုးမရှိစေရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အဆိုပါလေကြောင်းတိုက်ခိုက်မှုများ ကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးဘက်က ထုတ်ပြန်ပြောဆိုထားသည်။
ထို့ပြင် အီရန်ဘက်က ပစ်လွှတ်လိုက်သောဒုံးကျည်များကို ကြားဖြတ်ဟန့်တားရာတွင် အစ္စရေးကို အမေရိကန်တပ်ဖွဲ့များက ကူညီပေးနေကြောင်း သတင်းများအရသိရသည်။ အစ္စရေးနှင့် အီရန်ကြားဖြစ်ပွားနေ သောပဋိပက္ခတွင် အမေရိကန်ကပါဝင်လာနိုင်ကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ နောက်ဆုံး ဆုံးဖြတ်ချက်များကို ချမှတ်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။
သို့သော်လည်း မည်သည့်ပါဝင်ပတ်သက်မှုမျိုးမဆို ပြုပြင်၍မရနိုင်သော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ် လာစေလိမ့်မည်ဟု အမေရိကန်ကို အီရန်အစိုးရက သတိပေးပြောဆိုခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် အီရန်၏ ဒရုန်းများနှင့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားမှုသည် အစ္စရေးအတွက် ကုန်ကျစရိတ်များကြောင်း Washington Post က ရေးသားဖော်ပြခဲ့သည်။ အစ္စရေးမီဒီယာများ၏ဖော်ပြချက်အရ ဒုံး ကျည် ကာကွယ်ရေးကုန်ကျစရိတ်သည် တစ်ညလျှင် အမေရိကန်ဒေါ်လာ(၂၈၅)သန်းအထိ မြင့်မားနိုင်ကြောင်း သိရသည်။

Zawgyi Version:
အစၥေရး ေလေၾကာင္းရန္ ကာကြယ္ေရးဒုံးက်ည္မ်ား မၾကာခင္ ကုန္ဆုံးသြားႏိုင္ေၾကာင္း Washington Post ေဖာ္ျပ
Pika (NP News) - ဇြန္ ၂၂
အေမရိကန္ႏိုင္ငံ၏ သိသာထင္ရွားေသာ ေထာက္ပံ့မႈမ်ား သို႔မဟုတ္ တိုက္႐ိုက္ပါဝင္ပတ္သက္မႈမ်ား မရွိဆိုပါက အစၥေရးေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မ်ားသည္ အီရန္၏ပဲ့ထိန္းဒုံးက်ည္မ်ားကို လက္ရွိအရွိန္ျဖင့္ သီတင္း ႏွစ္ပတ္ခန႔္သာ ၾကားျဖတ္ဟန႔္တားႏိုင္မည္ျဖစ္ေၾကာင္း Washington Post က ေရးသားေဖာ္ျပခဲ့သည္။
ၿပီးခဲ့သည့္ဇြန္လ(၁၃)ရက္တြင္ အစၥေရးက အီရန္ကို ေလေၾကာင္းတိုက္ခိုက္မႈမ်ား စတင္လုပ္ေဆာင္ခဲ့ ၿပီးေနာက္ပိုင္းတည္းက အီရန္သည္ အစၥေရးကို ဒ႐ုန္းမ်ားႏွင့္ ဒုံးက်ည္အစင္းေရမ်ားစြာျဖင့္ ပစ္ခတ္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ အီရန္ႏိုင္ငံက န်ဴကလီးယားလက္နက္ ပိုင္ဆိုင္ျခင္းမ်ိဳးမရွိေစရန္ ႀကိဳးပမ္းမႈ၏ တစ္စိတ္တစ္ပိုင္းအေနျဖင့္ အဆိုပါေလေၾကာင္းတိုက္ခိုက္မႈမ်ား ကိုလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း အစၥေရးဘက္က ထုတ္ျပန္ေျပာဆိုထားသည္။
ထို႔ျပင္ အီရန္ဘက္က ပစ္လႊတ္လိုက္ေသာဒုံးက်ည္မ်ားကို ၾကားျဖတ္ဟန႔္တားရာတြင္ အစၥေရးကို အေမရိကန္တပ္ဖြဲ႕မ်ားက ကူညီေပးေနေၾကာင္း သတင္းမ်ားအရသိရသည္။ အစၥေရးႏွင့္ အီရန္ၾကားျဖစ္ပြားေန ေသာပဋိပကၡတြင္ အေမရိကန္ကပါဝင္လာႏိုင္ေၾကာင္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုထားေသာ္လည္း လက္ရွိအခ်ိန္အထိ ေနာက္ဆုံး ဆုံးျဖတ္ခ်က္မ်ားကို ခ်မွတ္ျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။
သို႔ေသာ္လည္း မည္သည့္ပါဝင္ပတ္သက္မႈမ်ိဳးမဆို ျပဳျပင္၍မရႏိုင္ေသာ ပ်က္စီးဆုံးရႈံးမႈမ်ားကို ျဖစ္ေပၚ လာေစလိမ့္မည္ဟု အေမရိကန္ကို အီရန္အစိုးရက သတိေပးေျပာဆိုခဲ့ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ အီရန္၏ ဒ႐ုန္းမ်ားႏွင့္ ဒုံးက်ည္မ်ားကို ၾကားျဖတ္ဟန႔္တားမႈသည္ အစၥေရးအတြက္ ကုန္က်စရိတ္မ်ားေၾကာင္း Washington Post က ေရးသားေဖာ္ျပခဲ့သည္။ အစၥေရးမီဒီယာမ်ား၏ေဖာ္ျပခ်က္အရ ဒုံး က်ည္ ကာကြယ္ေရးကုန္က်စရိတ္သည္ တစ္ညလွ်င္ အေမရိကန္ေဒၚလာ(၂၈၅)သန္းအထိ ျမင့္မားႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.