မြန်မာနိုင်ငံ လူဦးရေ (၅၂)သန်းအနက် အသက်အာမခံထားသူ (၂)သန်းခန့်သာရှိ

222

စော(NP News)- ဇူလိုင် ၁၃
မြန်မာနိုင်ငံ လူဦးရေ (၅၂)သန်းအနက် အသက်အာမခံထားသူ (၂)သန်းခန့်သာရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးက ယနေ့ (ဇူလိုင် ၁၃ရက်)က လမ်းမတော်မြို့နယ်ရှိ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တွင် ကျင်းပသော အာမခံဆိုင်ရာဟောပြောပွဲတွင် ပြောကြားခြင်းဖြစ်သည်။
“အန္တရာယ်ကြုံခဲ့လျှင် အကာအကွယ်ရအောင် အာမခံဆိုတာရှိသင့်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ နောက်ဆုံးကောက်ခဲ့တဲ့သန်ခေါင်စာရင်းအရဆိုရင် (၅၂)သန်းရှိတယ် ။ (၅၂)သန်းမှာ ဘယ်နှစ်သန်းလောက်များ အာမခံရှိမယ်ထင်လဲ။ အဓိကကတော့ ကျွန်မတို့စာရင်းကောက်တာ အသက်အာမခံမှာဆိုရင် (၅၂)သန်းမှာ (၂)သန်းပဲ အာမခံရှိတယ်”ဟု ၎င်းကပြောသည်။
ထို့ပြင် ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနတွင် အိမ်စီးကားစီးရေပေါင်း (၆)သိန်းကျော်ရှိသည့်အနက် (၄)သိန်းခန့်က ကားအာမခံထားခြင်းမရှိကြောင်း ၎င်းကဆိုသည်။
“Uninsured Peopleတွေပေါ့ ။ ကျွန်မတို့နိုင်ငံမှာ အာမခံမရှိဘဲ နေလာတဲ့ပုဂ္ဂိုလ်တွေက အရမ်းများနေတယ်။ ဆိုတဲ့အတွက် သဘာဝဘေးအန္တရာယ်ဖြစ်လာပြီ မတွန်းလှန်နိုင်တော့ပဲ ခံလိုက်ရတာ ဖြစ်သွားတာပေါ့”ဟု ၎င်းကဆိုသည်။
မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ပြည်သူလူထုအာမခံအသိပညာတိုးပွားစေရန်၊ ပြည်သူလူထု၏ လိုအပ်ချက်နှင့် ကိုက်ညီသောအာမခံအမျိုးအစားများထီထွင်ရန် ၊ အာမခံကုမ္ပဏီများဝန်ဆောင်မှုများ ခေတ်မီတိုးတက်လာစေရန်၊ အာမခံပညာရှင်များမွေးထုတ်ရန်နှင့် အာမခံစနစ်အပေါ်ပြည်သူများအားကိုးယုံကြည်လာစေရန်တို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အသက်အာမခံကုမ္ပဏီ စုစုပေါင်း (၁၇)ခုနှင့် အထွေထွေအာမခံကုမ္ပဏီ စုစုပေါင်း (၉)ခုရှိကာ အသက်အာမခံ (၄၈)မျိုး၊ အထွေထွေအာမခံ (၂၂)မျိုးနှင့် အသက်နှင့်အထွေထွေ (Common) (၆)မျိုးရှိကြောင်း သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံ လူဦးေရ (၅၂)သန္းအနက္ အသက္အာမခံထားသူ (၂)သန္းခန႔္သာရွိ
ေစာ(NP News)- ဇူလိုင္ ၁၃
ျမန္မာႏိုင္ငံ လူဦးေရ (၅၂)သန္းအနက္ အသက္အာမခံထားသူ (၂)သန္းခန႔္သာရွိေၾကာင္း ျမန္မာ့အာမခံလုပ္ငန္းမွ ဦးေဆာင္ၫႊန္ၾကားေရးမႉး ေဒၚစႏၵာဦးက ယေန႔ (ဇူလိုင္ ၁၃ရက္)က လမ္းမေတာ္ၿမိဳ႕နယ္ရွိ ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI)တြင္ က်င္းပေသာ အာမခံဆိုင္ရာေဟာေျပာပြဲတြင္ ေျပာၾကားျခင္းျဖစ္သည္။
“အႏၲရာယ္ႀကဳံခဲ့လွ်င္ အကာအကြယ္ရေအာင္ အာမခံဆိုတာရွိသင့္ပါတယ္။ ဆိုေတာ့ ျမန္မာႏိုင္ငံမွာ ေနာက္ဆုံးေကာက္ခဲ့တဲ့သန္ေခါင္စာရင္းအရဆိုရင္ (၅၂)သန္းရွိတယ္ ။ (၅၂)သန္းမွာ ဘယ္ႏွစ္သန္းေလာက္မ်ား အာမခံရွိမယ္ထင္လဲ။ အဓိကကေတာ့ ကြၽန္မတို႔စာရင္းေကာက္တာ အသက္အာမခံမွာဆိုရင္ (၅၂)သန္းမွာ (၂)သန္းပဲ အာမခံရွိတယ္”ဟု ၎ကေျပာသည္။
ထို႔ျပင္ ကုန္းလမ္းပို႔ေဆာင္ေရးႏွင့္ၫႊန္ၾကားမႈဦးစီးဌာနတြင္ အိမ္စီးကားစီးေရေပါင္း (၆)သိန္းေက်ာ္ရွိသည့္အနက္ (၄)သိန္းခန႔္က ကားအာမခံထားျခင္းမရွိေၾကာင္း ၎ကဆိုသည္။
“Uninsured Peopleေတြေပါ့ ။ ကြၽန္မတို႔ႏိုင္ငံမွာ အာမခံမရွိဘဲ ေနလာတဲ့ပုဂၢိဳလ္ေတြက အရမ္းမ်ားေနတယ္။ ဆိုတဲ့အတြက္ သဘာဝေဘးအႏၲရာယ္ျဖစ္လာၿပီ မတြန္းလွန္ႏိုင္ေတာ့ပဲ ခံလိုက္ရတာ ျဖစ္သြားတာေပါ့”ဟု ၎ကဆိုသည္။
ျမန္မာ့အာမခံလုပ္ငန္းအေနျဖင့္ ျပည္သူလူထုအာမခံအသိပညာတိုးပြားေစရန္၊ ျပည္သူလူထု၏ လိုအပ္ခ်က္ႏွင့္ ကိုက္ညီေသာအာမခံအမ်ိဳးအစားမ်ားထီထြင္ရန္ ၊ အာမခံကုမၸဏီမ်ားဝန္ေဆာင္မႈမ်ား ေခတ္မီတိုးတက္လာေစရန္၊ အာမခံပညာရွင္မ်ားေမြးထုတ္ရန္ႏွင့္ အာမခံစနစ္အေပၚျပည္သူမ်ားအားကိုးယုံၾကည္လာေစရန္တို႔ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ အသက္အာမခံကုမၸဏီ စုစုေပါင္း (၁၇)ခုႏွင့္ အေထြေထြအာမခံကုမၸဏီ စုစုေပါင္း (၉)ခုရွိကာ အသက္အာမခံ (၄၈)မ်ိဳး၊ အေထြေထြအာမခံ (၂၂)မ်ိဳးႏွင့္ အသက္ႏွင့္အေထြေထြ (Common) (၆)မ်ိဳးရွိေၾကာင္း သိရသည္။