ထိုင်းနိုင်ငံရှိ ဈေးထဲမှာ ပစ်ခတ်မှုဖြစ်ပွား၊ အနည်းဆုံး ၅ ဦးသေ

 835

ဂျန်ဇက် (NP News) - ဇူလိုင် ၂၈

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင် ၂၈ ရက်က ဈေးတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ငါးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ Or Tor Kor အမည်ရှိဈေးထဲမှာ ပစ်ခတ်မှုကျူးလွန်ခဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပစ်သတ်သွားခဲ့တယ်လို့ ဘန်ကောက်မြို့ရဲတပ်ဖွဲ့က အတ်ညပြုထားပါတယ်။
သေဆုံးသူ ငါးဦးအနက် လေးဦးက လုံခြုံရေးအဖွဲ့ဝင်များဖြစ်ပြီး တစ်ဦးက ဈေးထဲမှာအလုပ်လုပ်နေသူဖြစ်ကာ ဈေးသည်နှစ်ဦးလည်း ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။ ထိုင်းရဲမှူးကြီး ဘွန်ဆန်က သေနတ်သမားဟာ ထိုင်းနိုင်ငံသားဖြစ်ပြီး လုံခြုံရေးအဖွဲ့ဝင်များနဲ့ အငြင်းပွားမှုများဖြစ်ခဲ့ပြီးနောက် ပစ်ခတ်မှုကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ ပစ်ခတ်မှုကျူးလွန်သူရဲ့အမည်ကိုတော့ အသေးစိတ်ဖော်ပြတာမျိုးမရှိကြောင်း သိရပါတယ်။ အဆိုပါဈေးဟာ သစ်သီးနဲ့ပင်လယ်စာများ ရောင်းချတဲ့ဈေးဖြစ်ပြီး ပစ်ခတ်မှုက ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ဆက်နွယ်မှုမရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ သေနတ်ပိုင်ဆိုင်သူအရေအတွက်မြင့်တက်လာနေပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း လူသေဆုံးမှုများဖြစ်ပွား တဲ့ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ၂၀၂၀ခုနှစ်တုန်းက စစ်သားဟောင်းတစ်ဦးရဲ့ပစ်ခတ်မှု ကြောင့် လူပေါင်းအနည်းဆုံး ၂၉ ဦးသေဆုံးတဲ့ ပစ်ခတ်မှုကျူးလွန်ခဲ့ဖူးသလို ၂၀၂၂ ခုနှစ်တုန်းကလည်း ရဲအရာရှိ ဟောင်းတစ်ဦးက လူပေါင်း ၃၉ ဦးသေဆုံးစေခဲ့တဲ့ ပစ်ခတ်မှုကျူးလွန်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံရွိ ေဈးထဲမွာ ပစ္ခတ္မႈျဖစ္ပြား၊ အနည္းဆုံး ၅ ဦးေသ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၈
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ဇူလိုင္ ၂၈ ရက္က ေဈးတစ္ခုမွာ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ ငါးဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ Or Tor Kor အမည္ရွိေဈးထဲမွာ ပစ္ခတ္မႈက်ဴးလြန္ခဲ့သူဟာ ကိုယ့္ကိုယ္ကိုယ္ ျပန္လည္ပစ္သတ္သြားခဲ့တယ္လို႔ ဘန္ေကာက္ၿမိဳ႕ရဲတပ္ဖြဲ႕က အတ္ညျပဳထားပါတယ္။
ေသဆုံးသူ ငါးဦးအနက္ ေလးဦးက လုံၿခဳံေရးအဖြဲ႕ဝင္မ်ားျဖစ္ၿပီး တစ္ဦးက ေဈးထဲမွာအလုပ္လုပ္ေနသူျဖစ္ကာ ေဈးသည္ႏွစ္ဦးလည္း ဒဏ္ရာရသြားခဲ့တယ္လို႔ သိရပါတယ္။ ထိုင္းရဲမႉးႀကီး ဘြန္ဆန္က ေသနတ္သမားဟာ ထိုင္းႏိုင္ငံသားျဖစ္ၿပီး လုံၿခဳံေရးအဖြဲ႕ဝင္မ်ားနဲ႔ အျငင္းပြားမႈမ်ားျဖစ္ခဲ့ၿပီးေနာက္ ပစ္ခတ္မႈက်ဴးလြန္ခဲ့တာ ျဖစ္တယ္လို႔ ေျပာပါတယ္။
ထိုင္းရဲတပ္ဖြဲ႕ဟာ ပစ္ခတ္မႈက်ဴးလြန္သူရဲ႕အမည္ကိုေတာ့ အေသးစိတ္ေဖာ္ျပတာမ်ိဳးမရွိေၾကာင္း သိရပါတယ္။ အဆိုပါေဈးဟာ သစ္သီးနဲ႔ပင္လယ္စာမ်ား ေရာင္းခ်တဲ့ေဈးျဖစ္ၿပီး ပစ္ခတ္မႈက ထိုင္းနဲ႔ ကေမာၻဒီးယားႏိုင္ငံၾကား ျဖစ္ပြားေနတဲ့ စစ္ပြဲနဲ႔ဆက္ႏြယ္မႈမရွိေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။
ထိုင္းႏိုင္ငံမွာ ေသနတ္ပိုင္ဆိုင္သူအေရအတြက္ျမင့္တက္လာေနၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း လူေသဆုံးမႈမ်ားျဖစ္ပြား တဲ့ပစ္ခတ္မႈမ်ား မၾကာခဏျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။ ၂၀၂၀ခုႏွစ္တုန္းက စစ္သားေဟာင္းတစ္ဦးရဲ႕ပစ္ခတ္မႈ ေၾကာင့္ လူေပါင္းအနည္းဆုံး ၂၉ ဦးေသဆုံးတဲ့ ပစ္ခတ္မႈက်ဴးလြန္ခဲ့ဖူးသလို ၂၀၂၂ ခုႏွစ္တုန္းကလည္း ရဲအရာရွိ ေဟာင္းတစ္ဦးက လူေပါင္း ၃၉ ဦးေသဆုံးေစခဲ့တဲ့ ပစ္ခတ္မႈက်ဴးလြန္ခဲ့ဖူးတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.