အမေရိကန်၊ မစ်ရှီဂန်ပြည်နယ်ရှိ Walmart မှာ ဓားနဲ့တိုက်ခိုက်ခံရမှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရရှိ

231

ရောင်နီ (NP News) - ဇူလိုင် ၂၈
အမေရိကန်နိုင်ငံ၊ မစ်ရှီဂန်ပြည်နယ် ထရာဗစ်စီးတီးအနီးရှိ Walmart စတိုးဆိုင်မှာ ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းက လူအများအပြား ဓားနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့ မီရှီဂန်ပြည်နယ် ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ထရာဗစ်စီးတီး ရှိ Munson Medical Center မှာ ဒဏ်ရာရရှိသူ အနည်းဆုံး လူ ၁၁ ဦး ကုသမှု ခံယူနေရပြီး လူ ၆ ဦး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ Munson Healthcare ဆက်သွယ်ရေး အရာရှိချုပ် မစ္စ မီဂန်ဘရောင်း က ဇူလိုင် ၂၇ ရက် မှာ ပြောပါတယ်။ အဖြစ်အပျက်အတွက် သံသယရှိသူဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ် မစ်ရှီဂန်မှာ နေထိုင်သူ အမျိုးသားတစ်ဦးကို ထိန်းသိမ်းလိုက်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
တိုက်ခိုက်မှုဖြစ်ရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။ အဆိုပါတိုက်ခိုက်မှုမှာ သံသယရှိသူ အမျိုးသားက အသွား ၂ လက်မရှိတဲ့ ဓားကို အသုံးပြုတိုင်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုဟာ စတိုးဆိုင် ငွေရှင်းဧရိယာမှာ ဇူလိုင် ၂၇ ရက်၊ ညနေ ၄ နာရီ ၄၅ နာရီခန့်က ဖြစ်သွားခဲ့ပြီး သံသယရှိသူကို ရဲတွေရောက်ရှိလာပြီး သုံးမိနစ်အတွင်းမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
Walmart ပြောရေးဆိုခွင့်ရှိသူက ၎င်းရဲ့စတိုးဆိုင်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုဖြစ်ရပ်အတွက် လက်မခံနိုင်ကြောင်းနဲ့ အရေးပေါ်ဝန်ထမ်းတွေရဲ့အမြန်တုံ့ပြန်မှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္၊ မစ္ရွီဂန္ျပည္နယ္ရွိ Walmart မွာ ဓားနဲ႔တိုက္ခိုက္ခံရမႈေၾကာင့္ လူ ၁၁ ဦး ဒဏ္ရာရရွိ
ေရာင္နီ (NP News) - ဇူလိုင္ ၂၈
အေမရိကန္ႏိုင္ငံ၊ မစ္ရွီဂန္ျပည္နယ္ ထရာဗစ္စီးတီးအနီးရွိ Walmart စတိုးဆိုင္မွာ ဇူလိုင္ ၂၆ ရက္ မြန္းလြဲပိုင္းက လူအမ်ားအျပား ဓားနဲ႔တိုက္ခိုက္ခံခဲ့ရတယ္လို႔ မီရွီဂန္ျပည္နယ္ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။
ထရာဗစ္စီးတီး ရွိ Munson Medical Center မွာ ဒဏ္ရာရရွိသူ အနည္းဆုံး လူ ၁၁ ဦး ကုသမႈ ခံယူေနရၿပီး လူ ၆ ဦး စိုးရိမ္ရတဲ့အေျခအေနမွာ ရွိေနတယ္လို႔ Munson Healthcare ဆက္သြယ္ေရး အရာရွိခ်ဳပ္ မစၥ မီဂန္ဘေရာင္း က ဇူလိုင္ ၂၇ ရက္ မွာ ေျပာပါတယ္။ အျဖစ္အပ်က္အတြက္ သံသယရွိသူျဖစ္တဲ့ အသက္ ၄၂ ႏွစ္အ႐ြယ္ မစ္ရွီဂန္မွာ ေနထိုင္သူ အမ်ိဳးသားတစ္ဦးကို ထိန္းသိမ္းလိုက္တယ္လို႔ တာဝန္ရွိသူေတြက ဆိုပါတယ္။
တိုက္ခိုက္မႈျဖစ္ရတဲ့အေၾကာင္းရင္းကို မသိရေသးပါဘူး။ အဆိုပါတိုက္ခိုက္မႈမွာ သံသယရွိသူ အမ်ိဳးသားက အသြား ၂ လက္မရွိတဲ့ ဓားကို အသုံးျပဳတိုင္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။ တိုက္ခိုက္မႈဟာ စတိုးဆိုင္ ေငြရွင္းဧရိယာမွာ ဇူလိုင္ ၂၇ ရက္၊ ညေန ၄ နာရီ ၄၅ နာရီခန႔္က ျဖစ္သြားခဲ့ၿပီး သံသယရွိသူကို ရဲေတြေရာက္ရွိလာၿပီး သုံးမိနစ္အတြင္းမွာ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။
Walmart ေျပာေရးဆိုခြင့္ရွိသူက ၎ရဲ႕စတိုးဆိုင္မွာ ျဖစ္ခဲ့တဲ့ အၾကမ္းဖက္မႈျဖစ္ရပ္အတြက္ လက္မခံႏိုင္ေၾကာင္းနဲ႔ အေရးေပၚဝန္ထမ္းေတြရဲ႕အျမန္တုံ႔ျပန္မႈအတြက္ ေက်းဇူးတင္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။