ပန်းတောင်းတွင်ရခိုင်သို့ပို့ဆောင်မည့်စိတ်ကြွရူးသွပ်ဆေးပြား(၂) သန်းဖမ်းဆီးရမိ

397

သက်ပိုင်(NP News) - ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြား (၂)သန်းကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ငွေကျပ် (၃) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများကို ဇူလိုင် (၂၁) ရက် ည (၉) နာရီခွဲတွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ပန်းတောင်းမြို့နယ် ပုသိမ် - မုံရွာလမ်း၊ ရေကျော်ကျေးရွာလမ်းဆုံအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို စစ်ဆေးဖော်ထုတ်ချက်များအရအဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ရန်ကုန်မြို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ ဦးစွာ ပို့ဆောင်ခဲ့ပြီး ကြံခင်းမြို့မှ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့သို့ ပို့ဆောင်၍ ရခိုင်သို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ရန်ကုန်မှ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်သို့ ပို့ဆောင်ရန် တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်းနှင့် ပူးပေါင်းပါဝင်သူ ခင်မောင်လွင်တို့က စီစဉ်ခဲ့ကြပြီး မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက်ရှိ ကိုကိုနိုင်နှင့်ပူးပေါင်းပါဝင်သူ မြတ်မင်းတို့က မော်တော်ယာဉ်ဖြင့် သယ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ကြံခင်းမြို့မှ ပန်းတောင်းမြို့နယ်သို့ လီဖန်း မော်တော်ယာဉ်ဖြင့် ကြံခင်းမြို့နယ် သဲဖြူကျေးရွာ နေ စိုးမင်းဆိုသူနှင့် ယာဉ်မောင်း တင့်ဆွေတို့က ဆက်လက်သယ်ဆောင်ခဲ့ကြပြီး ပန်းတောင်းမြို့နယ်မှ တစ်ဆင့် ရဲနိုင် နှင့် မိုးထိတို့က ရခိုင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ခြင်းပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ စိတ်ကြွရူးသွပ်ဆေးပြားများကို ရန်ကုန်မှ ရခိုင်သို့ သယ်ယူရောင်းဝယ်ရန် တင်အောင်မိုးဆိုသူ၏ အစီအမံဖြင့် မင်းစည်သူနှင့် ဖိုးအေးတို့က ရန်ကုန်မြို့၌ ပန်းတောင်းမြို့နယ်နှင့် မင်းတုန်းမြို့နယ်ကြားရှိ နယ်စပ်သို့ တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်းထံသို့ လွှဲအပ်ခဲ့ခြင်းကိုလည်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
စစ်ဆးပေါ်ပေါက်ချက်များအရ လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

Zawgyi Version:
ပန္းေတာင္းတြင္ရခိုင္သို႔ပို႔ေဆာင္မည့္စိတ္ႂကြ႐ူးသြပ္ေဆးျပား(၂) သန္းဖမ္းဆီးရမိ
သက္ပိုင္(NP News) - ဩဂုတ္ ၃
ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕နယ္တြင္ ရခိုင္ျပည္နယ္သို႔ ပို႔ေဆာင္မည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂)သန္းကို ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။
ေငြက်ပ္ (၃) ဘီလီယံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးမ်ားကို ဇူလိုင္ (၂၁) ရက္ ည (၉) နာရီခြဲတြင္ တာဝန္သိျပည္သူတစ္ဦး၏ သတင္းေပးပို႔ခ်က္အရ ပန္းေတာင္းၿမိဳ႕နယ္ ပုသိမ္ - မုံ႐ြာလမ္း၊ ေရေက်ာ္ေက်း႐ြာလမ္းဆုံအနီးတြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕မွ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသူမ်ားကို စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရအဆိုပါ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ရန္ကုန္ၿမိဳ႕မွ ဧရာဝတီတိုင္းေဒသႀကီး၊ ႀကံခင္းၿမိဳ႕ ဦးစြာ ပို႔ေဆာင္ခဲ့ၿပီး ႀကံခင္းၿမိဳ႕မွ ပဲခူးတိုင္းေဒသႀကီး ပန္းေတာင္းၿမိဳ႕သို႔ ပို႔ေဆာင္၍ ရခိုင္သို႔ ဆက္လက္ပို႔ေဆာင္ရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ရန္ကုန္မွ ဧရာဝတီတိုင္းေဒသႀကီး၊ ႀကံခင္းၿမိဳ႕နယ္သို႔ ပို႔ေဆာင္ရန္ တာဝန္ခံသယ္ေဆာင္သူ ေက်ာ္ေက်ာ္ဝင္းႏွင့္ ပူးေပါင္းပါဝင္သူ ခင္ေမာင္လြင္တို႔က စီစဥ္ခဲ့ၾကၿပီး မဂၤလာဒုံၿမိဳ႕နယ္ ခ်စ္တီးကုန္းရပ္ကြက္ရွိ ကိုကိုႏိုင္ႏွင့္ပူးေပါင္းပါဝင္သူ ျမတ္မင္းတို႔က ေမာ္ေတာ္ယာဥ္ျဖင့္ သယ္ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ႀကံခင္းၿမိဳ႕မွ ပန္းေတာင္းၿမိဳ႕နယ္သို႔ လီဖန္း ေမာ္ေတာ္ယာဥ္ျဖင့္ ႀကံခင္းၿမိဳ႕နယ္ သဲျဖဴေက်း႐ြာ ေန စိုးမင္းဆိုသူႏွင့္ ယာဥ္ေမာင္း တင့္ေဆြတို႔က ဆက္လက္သယ္ေဆာင္ခဲ့ၾကၿပီး ပန္းေတာင္းၿမိဳ႕နယ္မွ တစ္ဆင့္ ရဲႏိုင္ ႏွင့္ မိုးထိတို႔က ရခိုင္ျပည္နယ္သို႔ ဆက္လက္သယ္ေဆာင္ျခင္းျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ရန္ကုန္မွ ရခိုင္သို႔ သယ္ယူေရာင္းဝယ္ရန္ တင္ေအာင္မိုးဆိုသူ၏ အစီအမံျဖင့္ မင္းစည္သူႏွင့္ ဖိုးေအးတို႔က ရန္ကုန္ၿမိဳ႕၌ ပန္းေတာင္းၿမိဳ႕နယ္ႏွင့္ မင္းတုန္းၿမိဳ႕နယ္ၾကားရွိ နယ္စပ္သို႔ တာဝန္ခံသယ္ေဆာင္သူ ေက်ာ္ေက်ာ္ဝင္းထံသို႔ လႊဲအပ္ခဲ့ျခင္းကိုလည္း စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း သိရသည္။
စစ္ဆးေပၚေပါက္ခ်က္မ်ားအရ လက္ရွိတြင္ ၎တို႔အား ဥပေဒအရ အေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ စစ္ေဆးေဖာ္ထုတ္လ်က္ ရွိေၾကာင္း သိရသည္။