ညောင်ဦးမြို့နယ်တွင် မူလတန်းပြကျောင်းဆရာမတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

 315

စော(NP News)-ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မူလတန်းပြကျောင်းဆရာမတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း အစိုးရထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ (၁)ရက်၊ နံနက် (၈)နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဆည်ရွာမြို့နယ်၊ ဆည်ရွာကျေးရွာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားသည်ကို သတင်းရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ ပြီးခဲ့သည့် (ဇူလိုင် ၃၁ရက်)၊ ည (၁၂)နာရီခွဲအချိန်တွင် အဆိုပါကျေးရွာနေ ဆည်ရွာကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ မူလတန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်ဝါဝါမိုး (၄၀) နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာခဲ့ကြောင်း အစိုးရမှ ဖော်ပြထားသည်။
အဆိုပါနေအိမ်သို့ ရောက်ရှိလာခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဒေါ်ဝါဝါမိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဥဒေမဲ့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏လုပ်ရပ်အား ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း နစကမှထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် ညောင်ဦးမြို့နယ်၊ ကုန်းဘုရား(ညောင်ပင်ကန်) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အသက်(၄၂)နှစ်အရွယ် အထက်တန်းကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းကို PDFအဖွဲ့က ၎င်းတို့အားမထောက်ခံသဖြင့် ယမန်နေ့(ဇွန်လ ၁၅ရက်)၊ နံနက် ၈နာရီခန့်က ဝန်ထမ်းလိုင်းခန်းရှေ့သို့ ဆွဲခေါ်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြသေးသည်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ (၄)နှစ်ကျော်ကာလအတွင်း ပညာရေးဝန်ထမ်း(၈၀)ကျော် PDFအဖွဲ့၏ အကြမ်းဖက်သတ်ဖြတ် ခြင်းကို ခံခဲ့ရကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။

Zawgyi Version:
ေညာင္ဦးၿမိဳ႕နယ္တြင္ မူလတန္းျပေက်ာင္းဆရာမတစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံရ
ေစာ(NP News)-ဩဂုတ္ ၃
မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္တြင္ မူလတန္းျပေက်ာင္းဆရာမတစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရေၾကာင္း အစိုးရထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဩဂုတ္လ (၁)ရက္၊ နံနက္ (၈)နာရီတြင္ မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္၊ ဆည္႐ြာၿမိဳ႕နယ္၊ ဆည္႐ြာေက်း႐ြာတြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ အမ်ိဳးသမီးတစ္ဦး ေသဆုံးသြားသည္ကို သတင္းရ၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထိုသို႔ သြားေရာက္စစ္ေဆးခဲ့ရာ ၿပီးခဲ့သည့္ (ဇူလိုင္ ၃၁ရက္)၊ ည (၁၂)နာရီခြဲအခ်ိန္တြင္ အဆိုပါေက်း႐ြာေန ဆည္႐ြာေက်း႐ြာအေျခခံပညာအထက္တန္းေက်ာင္းခြဲမွ မူလတန္းျပေက်ာင္းဆရာမျဖစ္သူ ေဒၚဝါဝါမိုး (၄၀) ႏွစ္သည္ ေနအိမ္၌ ရွိေနစဥ္ PDF အမည္ခံအၾကမ္းဖက္သမားမ်ားက ဆိုင္ကယ္သုံးစီးျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း အစိုးရမွ ေဖာ္ျပထားသည္။
အဆိုပါေနအိမ္သို႔ ေရာက္ရွိလာခဲ့ၿပီး ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့၍ ေဒၚဝါဝါမိုးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဥေဒမဲ့အၾကမ္းဖက္လုပ္ရပ္မ်ား လုပ္ေဆာင္ခဲ့သည့္ PDF အမည္ခံ အၾကမ္းဖက္သမားမ်ား၏လုပ္ရပ္အား ေဒသခံျပည္သူမ်ားက ကန႔္ကြက္ရႈတ္ခ်လ်က္ရွိေၾကာင္းႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အၾကမ္းဖက္သမားမ်ားအား ဖမ္းဆီးရမိေရး လိုအပ္ေသာ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားကို တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွထုတ္ျပန္ထားသည္။
အလားတူ ၿပီးခဲ့သည့္ ေညာင္ဦးၿမိဳ႕နယ္၊ ကုန္းဘုရား(ေညာင္ပင္ကန္) အေျခခံပညာအထက္တန္းေက်ာင္း(ခြဲ)မွ အသက္(၄၂)ႏွစ္အ႐ြယ္ အထက္တန္းေက်ာင္းအုပ္ဆရာမႀကီးႏွင့္ ခင္ပြန္းကို PDFအဖြဲ႕က ၎တို႔အားမေထာက္ခံသျဖင့္ ယမန္ေန႔(ဇြန္လ ၁၅ရက္)၊ နံနက္ ၈နာရီခန႔္က ဝန္ထမ္းလိုင္းခန္းေရွ႕သို႔ ဆြဲေခၚကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ၾကေသးသည္။
၂၀၂၁ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစတင္ကာ (၄)ႏွစ္ေက်ာ္ကာလအတြင္း ပညာေရးဝန္ထမ္း(၈၀)ေက်ာ္ PDFအဖြဲ႕၏ အၾကမ္းဖက္သတ္ျဖတ္ ျခင္းကို ခံခဲ့ရေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.