မြေပုံတွင် မုဒိမ်းမှုကျူးလွန်ရန် ကြိုးပမ်းသူကို AA က အကာအကွယ်ပေးခဲ့

 639

သက်ပိုင် (NP News)-ဩဂုတ် ၄
ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ လွန်းလုံး ပိုက်ကျေးရွာတွင် မုဒိမ်းမှုကျူးလွန်ရန် ကြိုပမ်းခဲ့ သူကို AA အဖွဲ့က ပြန်လွှတ်ပေးသည့်အပြင် အကျင့် စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်ပေးကာ အကာ အကွယ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် မေလအတွင်းက လွန်းလုံးပိုက်ကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိ လာသည့် အသက်(၂၃) နှစ်အရွယ် အမျိုးသမီးက ညအချိန် အိမ်သာတက်နေစဉ် ယင်း ကျေးရွာသား အသက် (၂၄)နှစ်အရွယ် မျိုးသက်နိုင်က မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ရုန်းကန်သောကြောင့် လည်ပင်းညှစ်ခြင်း၊ ရင်ဘတ်ကို ထိုးကြိတ်ခြင်းနှင့် အိမ်သာနံဘေးရှိ ရေတွင်းတွင် ရေနှစ်သတ်ရန် ကြိုး ပမ်းခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းသို့ အကြမ်းဖက်ခဲ့သည့်အတွက် အမျိုးသမီး၏ အကူအညီတောင်းခံမှုကြောင့် ရွာသားများ က အချိန်မီ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပြီး AA အဖွဲ့ထံ အပ်နှံခဲ့သော်လည်း တစ်ပတ်ခန့်အကြာတွင် ပြန်လည် လွတ်မြောက်သွားကြောင်း သိရသည်။
ယင်းနောက် တစ်နှစ်ကျော်ကြာ လွတ်မြောက်နေခဲ့ပြီး ယင်းလွတ်မြောက်နေစဉ်ကာလအတွင်း AA ခန့် တိုက်နယ်မှူးနှင့် ကျေးရွာအုပ်ချုပ် ရေးမှူးတို့က အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံ ချက်ပေးထားခဲ့ကာ ပြည်သူများက ဝိုင်းဝန်းတောင်းဆိုမှုများ ရှိလာသည့်အတွက်ကြောင့် ပြန်လည် ဖမ်း ဆီးသွားခဲ့ကြောင်း သိရသည်။
“နစ်နာတဲ့ကောင်မလေးဘက်ကတိုင်တော့ ရက်ပိုင်းလောက် အဖမ်းပြတယ်။ ပြီးတော့ သူတို့ခန့် ထားတဲ့ အုပ်ချုပ်ရေးမှူးဆိုတဲ့လူနဲ့ တိုက်နယ်မှူး ဆိုတဲ့လူက အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာ လုပ်ပေးတော့ တစ်ပတ်လောက်ပဲကြာတယ် ပြန်လွတ်လာတယ်။ ပြန်လွတ်လာတာနဲ့ ရွာ မှာ ငါကဘယ်သူနဲ့သိတာ ဘယ်ဝါနဲ့သိတာဆိုပြီး ပြန်လွတ်လာလို့ အောင်ပွဲခံသေးတာ။ နစ်နာသူမိန်းက လေးဆိုရင် သူ့ကိုကြောက်လို့ အိမ်ထဲကအိမ်ပြင် တောင်မထွက်ရဲ ဖြစ်ခဲ့ရတယ်” ဟု အမည်မဖော် လို သည့် ဒေသခံတစ်ဦးကဆိုသည်။
AA ထိန်းချုပ်ရာနေရာများဖြစ်သော မင်းပြား၊ ဘူးသီးတောင်နှင့် ပေါက်တောမြို့နယ်များတွင် ဓားပြမှု၊ သက်ငယ်မုဒိမ်းမှုနှင့် မုဒိမ်းမှုများ ဆက်တိုက်ဆိုသကဲ့သို့ ဖြစ်ပွားလျက်ရှိနေပြီး AA အဖွဲ့ အနေ ဖြင့် ထိရောက်စွာကိုင်တွယ်နိုင်ခြင်း မရှိကြောင်း ဒေသခံများက ဝေဖန်မှုများမြင့်တက် လျက် ရှိသည်။ AA ထိန်းချုပ်ရာ ပေါက်တောမြို့ ဟင်းခရော်ကျေးရွာတွင်လည်း ဇူလိုင်လ (၂၈) ရက်က အသက်ကိုး နှစ် အရွယ် (၄) တန်းကျောင်းသူ တစ်ဦးကို (၆၉) နှစ်အရွယ် စစ်ရှောင်ဘုန်းကြီးတစ်ပါးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုကို အမြန်ဆုံး အရေးယူပေးရန် AA ခေါင်းဆောင် ထွန်းမြတ်နိုင်၏ဇနီးဖြစ်သူက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် တောင်းဆိုခဲ့သည်။

Zawgyi Version:
ေျမပုံတြင္ မုဒိမ္းမႈက်ဴးလြန္ရန္ ႀကိဳးပမ္းသူကို AA က အကာအကြယ္ေပးခဲ့
သက္ပိုင္ (NP News)-ဩဂုတ္ ၄
ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္၊ လြန္းလုံး ပိုက္ေက်း႐ြာတြင္ မုဒိမ္းမႈက်ဴးလြန္ရန္ ႀကိဳပမ္းခဲ့ သူကို AA အဖြဲ႕က ျပန္လႊတ္ေပးသည့္အျပင္ အက်င့္ စာရိတၱေကာင္းမြန္ေၾကာင္း ေထာက္ခံခ်က္ေပးကာ အကာ အကြယ္ေပးခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္ ေမလအတြင္းက လြန္းလုံးပိုက္ေက်း႐ြာသို႔ စစ္ေဘးေရွာင္ရန္ ေရာက္ရွိ လာသည့္ အသက္(၂၃) ႏွစ္အ႐ြယ္ အမ်ိဳးသမီးက ညအခ်ိန္ အိမ္သာတက္ေနစဥ္ ယင္း ေက်း႐ြာသား အသက္ (၂၄)ႏွစ္အ႐ြယ္ မ်ိဳးသက္ႏိုင္က မုဒိမ္းက်င့္ရန္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္ၿပီး ႐ုန္းကန္ေသာေၾကာင့္ လည္ပင္းညႇစ္ျခင္း၊ ရင္ဘတ္ကို ထိုးႀကိတ္ျခင္းႏွင့္ အိမ္သာနံေဘးရွိ ေရတြင္းတြင္ ေရႏွစ္သတ္ရန္ ႀကိဳး ပမ္းျခင္းတို႔ကို ျပဳလုပ္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ယင္းသို႔ အၾကမ္းဖက္ခဲ့သည့္အတြက္ အမ်ိဳးသမီး၏ အကူအညီေတာင္းခံမႈေၾကာင့္ ႐ြာသားမ်ား က အခ်ိန္မီ ဝိုင္းဝန္းဖမ္းဆီးခဲ့ၾကၿပီး AA အဖြဲ႕ထံ အပ္ႏွံခဲ့ေသာ္လည္း တစ္ပတ္ခန႔္အၾကာတြင္ ျပန္လည္ လြတ္ေျမာက္သြားေၾကာင္း သိရသည္။
ယင္းေနာက္ တစ္ႏွစ္ေက်ာ္ၾကာ လြတ္ေျမာက္ေနခဲ့ၿပီး ယင္းလြတ္ေျမာက္ေနစဥ္ကာလအတြင္း AA ခန႔္ တိုက္နယ္မႉးႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ ေရးမႉးတို႔က အက်င့္စာရိတၱေကာင္းမြန္ေၾကာင္း ေထာက္ခံ ခ်က္ေပးထားခဲ့ကာ ျပည္သူမ်ားက ဝိုင္းဝန္းေတာင္းဆိုမႈမ်ား ရွိလာသည့္အတြက္ေၾကာင့္ ျပန္လည္ ဖမ္း ဆီးသြားခဲ့ေၾကာင္း သိရသည္။
“နစ္နာတဲ့ေကာင္မေလးဘက္ကတိုင္ေတာ့ ရက္ပိုင္းေလာက္ အဖမ္းျပတယ္။ ၿပီးေတာ့ သူတို႔ခန႔္ ထားတဲ့ အုပ္ခ်ဳပ္ေရးမႉးဆိုတဲ့လူနဲ႔ တိုက္နယ္မႉး ဆိုတဲ့လူက အက်င့္စာရိတၱေကာင္းမြန္ေၾကာင္း ေထာက္ခံစာ လုပ္ေပးေတာ့ တစ္ပတ္ေလာက္ပဲၾကာတယ္ ျပန္လြတ္လာတယ္။ ျပန္လြတ္လာတာနဲ႔ ႐ြာ မွာ ငါကဘယ္သူနဲ႔သိတာ ဘယ္ဝါနဲ႔သိတာဆိုၿပီး ျပန္လြတ္လာလို႔ ေအာင္ပြဲခံေသးတာ။ နစ္နာသူမိန္းက ေလးဆိုရင္ သူ႔ကိုေၾကာက္လို႔ အိမ္ထဲကအိမ္ျပင္ ေတာင္မထြက္ရဲ ျဖစ္ခဲ့ရတယ္” ဟု အမည္မေဖာ္ လို သည့္ ေဒသခံတစ္ဦးကဆိုသည္။
AA ထိန္းခ်ဳပ္ရာေနရာမ်ားျဖစ္ေသာ မင္းျပား၊ ဘူးသီးေတာင္ႏွင့္ ေပါက္ေတာၿမိဳ႕နယ္မ်ားတြင္ ဓားျပမႈ၊ သက္ငယ္မုဒိမ္းမႈႏွင့္ မုဒိမ္းမႈမ်ား ဆက္တိုက္ဆိုသကဲ့သို႔ ျဖစ္ပြားလ်က္ရွိေနၿပီး AA အဖြဲ႕ အေန ျဖင့္ ထိေရာက္စြာကိုင္တြယ္ႏိုင္ျခင္း မရွိေၾကာင္း ေဒသခံမ်ားက ေဝဖန္မႈမ်ားျမင့္တက္ လ်က္ ရွိသည္။ AA ထိန္းခ်ဳပ္ရာ ေပါက္ေတာၿမိဳ႕ ဟင္းခေရာ္ေက်း႐ြာတြင္လည္း ဇူလိုင္လ (၂၈) ရက္က အသက္ကိုး ႏွစ္ အ႐ြယ္ (၄) တန္းေက်ာင္းသူ တစ္ဦးကို (၆၉) ႏွစ္အ႐ြယ္ စစ္ေရွာင္ဘုန္းႀကီးတစ္ပါးက အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့ၿပီး ယင္းအမႈကို အျမန္ဆုံး အေရးယူေပးရန္ AA ေခါင္းေဆာင္ ထြန္းျမတ္ႏိုင္၏ဇနီးျဖစ္သူက ၎၏ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ေတာင္းဆိုခဲ့သည္။

Related news

© 2021. All rights reserved.