ကျိုက်မရောမြို့၌ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ

 556

Pearl (NP News) - သြဂုတ် ၄
ကျိုက်မရောမြို့၌ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆေးပြားများနှင့် လက်နက်ခဲယမ်းများကို ပြီးခဲ့သည့် ဩဂုတ် ၂ ရက် ညနေ ၅ နာရီ ၅၅ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ အောင်သုခရပ်ကွက်၊ နန္ဒာလှိုင်လမ်းဆုံ၌ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အဆိုပါ နန္ဒာလှိုင်လမ်းဆုံ၌ စောဖလှအောင်(ခ)စောလှအောင်(၃၂)နှစ် မောင်းနှင်ပြီး ဘောလုံး(၄၃)နှစ်နှင့် မလင်းအေး(ခ) မနှင်းအောင်(၂၈)နှစ် တို့ လိုက်ပါလာသည့် အိုးဝေယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာယာဉ်ပေါ်မှ ၎င်းတို့ သုံးဦး သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၃,၀၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၆၀၀)နှင့် လက်လုပ်ကာဘိုင် သေနတ် တစ်လက်၊ LC-72 ကာဘိုင်ကျည် ၂၃ တောင့်၊ ကာဘိုင် ကျည်အိမ် တစ်ခု၊ လက်ပစ်ဗုံး သုံးလုံးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စောဖလှအောင်(ခ)စောလှအောင်၊ ဘောလုံးနှင့် မလင်းအေး(ခ)မနှင်းအောင်တို့ (၃)ဦးအား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Zawgyi Version:
က်ိဳက္မေရာၿမိဳ႕၌ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားႏွင့္ လက္နက္ခဲယမ္းမ်ားဖမ္းဆီးရမိ
Pearl (NP News) - ၾသဂုတ္ ၄
က်ိဳက္မေရာၿမိဳ႕၌ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားႏွင့္ လက္နက္ခဲယမ္းမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ေဆးျပားမ်ားႏွင့္ လက္နက္ခဲယမ္းမ်ားကို ၿပီးခဲ့သည့္ ဩဂုတ္ ၂ ရက္ ညေန ၅ နာရီ ၅၅ မိနစ္ခန႔္တြင္ မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕၊ ေအာင္သုခရပ္ကြက္၊ နႏၵာလႈိင္လမ္းဆုံ၌ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ အဆိုပါ နႏၵာလႈိင္လမ္းဆုံ၌ ေစာဖလွေအာင္(ခ)ေစာလွေအာင္(၃၂)ႏွစ္ ေမာင္းႏွင္ၿပီး ေဘာလုံး(၄၃)ႏွစ္ႏွင့္ မလင္းေအး(ခ) မႏွင္းေအာင္(၂၈)ႏွစ္ တို႔ လိုက္ပါလာသည့္ အိုးေဝယာဥ္အား ရပ္တန႔္စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ရွာေဖြရာယာဥ္ေပၚမွ ၎တို႔ သုံးဦး သယ္ေဆာင္လာသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၀,၀၀၀ ျပား (တစ္ျပားလွ်င္ ေငြက်ပ္ ၃,၀၀၀ ႏႈန္းျဖင့္ ေဒသကာလတန္ဖိုး ေငြက်ပ္ သိန္း ၆၀၀)ႏွင့္ လက္လုပ္ကာဘိုင္ ေသနတ္ တစ္လက္၊ LC-72 ကာဘိုင္က်ည္ ၂၃ ေတာင့္၊ ကာဘိုင္ က်ည္အိမ္ တစ္ခု၊ လက္ပစ္ဗုံး သုံးလုံးတို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ေစာဖလွေအာင္(ခ)ေစာလွေအာင္၊ ေဘာလုံးႏွင့္ မလင္းေအး(ခ)မႏွင္းေအာင္တို႔ (၃)ဦးအား မူးယစ္ေဆးဝါး ႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.