ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂါလီ(၆၀၀)ကျော်ကို AA က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ဟုဆို

 983

သက်ပိုင်(NP News) -ဩဂုတ် ၄
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်၊ ဟိုင်းယာစောရီကျေးရွာတွင် AA အဖွဲ့က ဘင်္ဂါလီ(၆၀၀)ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟု ဘင်္ဂါလီအများအရေး လုပ်ဆောင်နေသော ARNC အဖွဲ့က ယမန်နေ့ (သြဂုတ် ၃ ရက်)က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်အရ သိရသည်။
ယင်းဖြစ်စဉ်သည် ၂၀၂၄ ခုနှစ်၊ မေလ (၂) ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလေး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်၊ မသန်မစွမ်းသူများအပါအဝင် ဘင်္ဂါလီ (၆၀၀) ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုလုပ်ရပ်သည် AA ၏ စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် ဘင်္ဂါလီများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများပြုလုပ်ခြင်းအတွက် နောက်ထပ် သက်သေတစ်ခု ဖြစ်ကြောင်း ARNC က ထုတ်ပြန်ထားသည်။
AA အဖွဲ့ အနေဖြင့် ဘင်္ဂါလီကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အစုလိုက်အပြုံလိုက် နေရာရွှေ့ပြောင်းမှု၊ မတရားဖမ်းဆီးချုပ်နှောင်မှု စသည်တို့ကို စနစ်တကျ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့အပြင် ကျေးရွာမှ မထွက်ခွာလိုသည့် ဘင်္ဂါလီများကိုလည်း တပ်မတော်နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ သတ်ဖြတ်ပြီး အထောက်အထားများ မကျန်ရစ်အောင် ဓာတ်ဆီဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း လွတ်မြောက်လာသူများက ဆိုသည်ဟု ARNC ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဘင်္ဂါလီ ကလေးငယ်များ၏ အရိုးစုများ အပါအဝင် လူရုပ်အလောင်းများကို ရှာဖွေတွေ့ရှိပြီး ဆိုးရွားလှသော မှတ်တမ်းများကိုလည်း အတည်ပြုနိုင်ခဲ့ကြောင်းနှင့် မျက်မြင်သက်သေများ၊ အသက်ရှင်ကျန်ရစ်သူများနှင့် ဘင်္ဂါလီအခွင့်အရေးဆောင်ရွက်နေသောအဖွဲ့အစည်းများမှ ၎င်းအစီရင်ခံစာများကို အတည်ပြုပြီး ရာနှင့်ချီသော ဒုက္ခသည်များ၏ မှတ်တမ်းများကို မှတ်တမ်းပြုစုထားကြောင်း သိရသည်။
ထို့အပြင် AA အနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုကို နည်းလမ်းကျသည့် ရည်ရွယ်ချက်ဖြင့် ဘင်္ဂါလီများအပေါ် ရက်စက်ယုတ်မာမှုများကို ကျူးလွန်လျက်ရှိပြီး ၎င်းရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရန် ငြင်းဆိုမှုနှင့် ပြင်ပမှစုံစမ်းစစ်ဆေးမှုများကို ခွင့်ပြုရန် ငြင်းဆိုလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ANRC အနေဖြင့် AA ကျူးလွန်သည့် အခြားသော ရက်စက်မှုများအပေါ် ချက်ချင်း လွတ်လပ်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ထပ်မံတောင်းဆိုထားပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC နှင့် အခြားသော သက်ဆိုင်ရာ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှု ရှိစေရန် အရေးယူဆောင်ရွက်ပေးရေးကိုလည်း ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

Zawgyi Version:
ဘူးသီးေတာင္ၿမိဳ႕နယ္မွ ဘဂၤါလီ(၆၀၀)ေက်ာ္ကို AA က အစုလိုက္အၿပဳံလိုက္သတ္ျဖတ္ခဲ့ဟုဆို
သက္ပိုင္(NP News) -ဩဂုတ္ ၄
ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဟိုင္းယာေစာရီေက်း႐ြာတြင္ AA အဖြဲ႕က ဘဂၤါလီ(၆၀၀)ေက်ာ္ကို အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခဲ့သည္ဟု ဘဂၤါလီအမ်ားအေရး လုပ္ေဆာင္ေနေသာ ARNC အဖြဲ႕က ယမန္ေန႔ (ၾသဂုတ္ ၃ ရက္)က ထုတ္ျပန္ခဲ့ေသာ ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းျဖစ္စဥ္သည္ ၂၀၂၄ ခုႏွစ္၊ ေမလ (၂) ရက္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ကေလး၊ သက္ႀကီး႐ြယ္အို၊ ကိုယ္ဝန္ေဆာင္၊ မသန္မစြမ္းသူမ်ားအပါအဝင္ ဘဂၤါလီ (၆၀၀) ေက်ာ္ကို အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ယခုလုပ္ရပ္သည္ AA ၏ စစ္ရာဇ၀တ္မႈမ်ား၊ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္သည့္ ရာဇ၀တ္မႈမ်ားႏွင့္ ဘဂၤါလီမ်ားအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ားျပဳလုပ္ျခင္းအတြက္ ေနာက္ထပ္ သက္ေသတစ္ခု ျဖစ္ေၾကာင္း ARNC က ထုတ္ျပန္ထားသည္။
AA အဖြဲ႕ အေနျဖင့္ ဘဂၤါလီေက်း႐ြာမ်ားကို မီးရႈိ႕ဖ်က္ဆီးျခင္း၊ အစုလိုက္အၿပဳံလိုက္ ေနရာေ႐ႊ႕ေျပာင္းမႈ၊ မတရားဖမ္းဆီးခ်ဳပ္ေႏွာင္မႈ စသည္တို႔ကို စနစ္တက် ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔အျပင္ ေက်း႐ြာမွ မထြက္ခြာလိုသည့္ ဘဂၤါလီမ်ားကိုလည္း တပ္မေတာ္ႏွင့္ ပတ္သက္သည္ဟု စြပ္စြဲကာ သတ္ျဖတ္ၿပီး အေထာက္အထားမ်ား မက်န္ရစ္ေအာင္ ဓာတ္ဆီျဖင့္ မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း လြတ္ေျမာက္လာသူမ်ားက ဆိုသည္ဟု ARNC ၏ ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ဘဂၤါလီ ကေလးငယ္မ်ား၏ အ႐ိုးစုမ်ား အပါအဝင္ လူ႐ုပ္အေလာင္းမ်ားကို ရွာေဖြေတြ႕ရွိၿပီး ဆိုး႐ြားလွေသာ မွတ္တမ္းမ်ားကိုလည္း အတည္ျပဳႏိုင္ခဲ့ေၾကာင္းႏွင့္ မ်က္ျမင္သက္ေသမ်ား၊ အသက္ရွင္က်န္ရစ္သူမ်ားႏွင့္ ဘဂၤါလီအခြင့္အေရးေဆာင္႐ြက္ေနေသာအဖြဲ႕အစည္းမ်ားမွ ၎အစီရင္ခံစာမ်ားကို အတည္ျပဳၿပီး ရာႏွင့္ခ်ီေသာ ဒုကၡသည္မ်ား၏ မွတ္တမ္းမ်ားကို မွတ္တမ္းျပဳစုထားေၾကာင္း သိရသည္။
ထို႔အျပင္ AA အေနျဖင့္ လူမ်ိဳးတုံးသတ္ျဖတ္မႈကို နည္းလမ္းက်သည့္ ရည္႐ြယ္ခ်က္ျဖင့္ ဘဂၤါလီမ်ားအေပၚ ရက္စက္ယုတ္မာမႈမ်ားကို က်ဴးလြန္လ်က္ရွိၿပီး ၎ရာဇ၀တ္မႈမ်ားကို စုံစမ္းစစ္ေဆးရန္ ျငင္းဆိုမႈႏွင့္ ျပင္ပမွစုံစမ္းစစ္ေဆးမႈမ်ားကို ခြင့္ျပဳရန္ ျငင္းဆိုလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ANRC အေနျဖင့္ AA က်ဴးလြန္သည့္ အျခားေသာ ရက္စက္မႈမ်ားအေပၚ ခ်က္ခ်င္း လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈျပဳလုပ္ရန္ ထပ္မံေတာင္းဆိုထားၿပီး ႏိုင္ငံတကာ ရာဇ၀တ္ခုံ႐ုံး ICC ႏွင့္ အျခားေသာ သက္ဆိုင္ရာ ႏိုင္ငံတကာႏွင့္ ေဒသဆိုင္ရာ အဖြဲ႕အစည္းမ်ားမွ ျပစ္မႈက်ဴးလြန္သူမ်ားအား တာဝန္ခံမႈ ရွိေစရန္ အေရးယူေဆာင္႐ြက္ေပးေရးကိုလည္း ထုတ္ျပန္ခ်က္တြင္ ေတာင္းဆိုထားသည္။

Related news

© 2021. All rights reserved.