ဗီယက်နမ်နိုင်ငံမှာ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၁၀)ဦး သေဆုံး

 58

Pika (NP News) - သြဂုတ် ၅
ဗီယက်နမ်နိုင်ငံမြောက်ပိုင်း တောင်တန်းထူထပ်တဲ့ဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ (၁၀)ဦးအထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် on La၊ Phu Tho၊ Tuyen Quang နဲ့ Dien Bien ပြည်နယ်တို့မှာ ရေကြီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဗီယက်နမ်သဘာဝဘေးအန္တရာယ်အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။
Dien Bien ပြည်နယ် Tia Dinh နဲ့ Xa Dung ခရိုင်တွေမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် လူ(၇)ဦးသေဆုံးပြီး အခြားလူ(၁ဝ)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သုံးရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းခဲ့မှုနဲ့အတူ ရုတ်တရက် ရေကြီးမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဒေသတွင်းအာဏာပိုင်တွေဟာ ရေဘေးသင့်ပြည်သူတွေနဲ့အသိုင်းအဝိုင်းတွေကို ကူညီပေးဖို့အတွက် ရဟတ်ယာဉ်တွေကို ဖြန့်ကျက်ချထားခဲ့တယ်လို့လည်းသိရပါတယ်။ ရေကြီးမှုတွေဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်း အကြာမှာ လျှပ်စစ်နဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြန်လည်ရရှိခဲ့ပေမယ့်လည်း ရေဘေးသင့်ပြည်သူအများအပြားကို နေရပ်ပြန်တာမျိုး မလုပ်စေဘဲ ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းပေးထားတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းတုန်းက အလားတူရေကြီးမှုတွေကြောင့် Son La ပြည်နယ်မှာ လူ(၅)ဦးသေဆုံးခဲ့ပြီး ကောက်ပဲသီးနှံတွေရေနစ်မြုပ်ကာ ကြက် နဲ့ ကျွဲ၊ နွားတွေ ရေစီးနဲ့အတူ မျောပါသွားခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဗီယက္နမ္ႏိုင္ငံမွာ ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံးလူ(၁၀)ဦး ေသဆုံး
Pika (NP News) - ၾသဂုတ္ ၅
ဗီယက္နမ္ႏိုင္ငံေျမာက္ပိုင္း ေတာင္တန္းထူထပ္တဲ့ေဒသမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ (၁၀)ဦးအထိ ရွိလာခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း မိုးသည္းထန္စြာ႐ြာသြန္းမႈေတြေၾကာင့္ on La၊ Phu Tho၊ Tuyen Quang နဲ႔ Dien Bien ျပည္နယ္တို႔မွာ ေရႀကီးမႈေတြ ျဖစ္ပြားခဲ့တယ္လို႔ ဗီယက္နမ္သဘာဝေဘးအႏၲရာယ္အာဏာပိုင္အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
Dien Bien ျပည္နယ္ Tia Dinh နဲ႔ Xa Dung ခ႐ိုင္ေတြမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ လူ(၇)ဦးေသဆုံးၿပီး အျခားလူ(၁ဝ)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း သုံးရက္ဆက္တိုက္ မိုးသည္းထန္စြာ႐ြာသြန္းခဲ့မႈနဲ႔အတူ ႐ုတ္တရက္ ေရႀကီးမႈေတြျဖစ္ပြားခဲ့တယ္လို႔ ေဒသတြင္းအာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေဒသတြင္းအာဏာပိုင္ေတြဟာ ေရေဘးသင့္ျပည္သူေတြနဲ႔အသိုင္းအဝိုင္းေတြကို ကူညီေပးဖို႔အတြက္ ရဟတ္ယာဥ္ေတြကို ျဖန႔္က်က္ခ်ထားခဲ့တယ္လို႔လည္းသိရပါတယ္။ ေရႀကီးမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ရက္ပိုင္း အၾကာမွာ လွ်ပ္စစ္နဲ႔ ဆက္သြယ္ေရးလိုင္းေတြ ျပန္လည္ရရွိခဲ့ေပမယ့္လည္း ေရေဘးသင့္ျပည္သူအမ်ားအျပားကို ေနရပ္ျပန္တာမ်ိဳး မလုပ္ေစဘဲ ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းေပးထားတယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ဇူလိုင္လေႏွာင္းပိုင္းတုန္းက အလားတူေရႀကီးမႈေတြေၾကာင့္ Son La ျပည္နယ္မွာ လူ(၅)ဦးေသဆုံးခဲ့ၿပီး ေကာက္ပဲသီးႏွံေတြေရနစ္ျမဳပ္ကာ ၾကက္ နဲ႔ ကြၽဲ၊ ႏြားေတြ ေရစီးနဲ႔အတူ ေမ်ာပါသြားခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.