လကမ္ဘာပေါ်မှာ နျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်ဖို့ အမေရိကန်စီစဉ်နေ

 1259

Pika(NP News)-ဩဂုတ် ၇
လကမ္ဘာပေါ်မှာ နျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်ဖို့ အစီအစဉ်တွေကို အမေရိကန်အစိုးရက အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ Politicoသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။အာကာသပြိုင်ပွဲအသစ်မှာ ရုရှားနဲ့တရုတ်နိုင်ငံတို့ထက် သာလွန်စေဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ နာဆာအဖွဲ့တာဝန်ရှိသူတွေကို အမေရိကန်အစိုးရက အမိန့်ပေးထားတယ်လို့လည်း သိရပါတယ်။နာဆာအဖွဲ့ယာယီအကြီးအကဲ Sean Duffyရဲ့ညွှန်ကြားချက်ထဲမှာ လကမ္ဘာပေါ်မှာလည်ပတ်နိုင်စွမ်းရှိတဲ့ (၁၀၀)ကီလိုဝပ်ဓါတ်ပေါင်းဖိုကို (၂၀၃၀)ခုနှစ်မှာ တည်ဆောက်ဖို့ တောင်းဆိုထားတယ်လို့ Politicoကရေးသားဖော်ပြခဲ့ပါတယ်။အဲ့ဒီလှုပ်ရှားမှုဟာ အာကာသစိုးမိုးရေးအတွက် မဟာဗျူဟာမြောက်ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း Politicoက ရေးသားဖော်ပြထားပါတယ်။နာဆာအကြီးတန်းအရာရှိတစ်ဦးက”ဒါက ဒုတိယမြောက်အာကာသပြိုင်ပွဲကို အနိုင်ရရှိမှုဖြစ်လာမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။အမေရိကန်အစိုးရဟာ (၁၉၆၉)ခုနှစ်မှာ လကမ္ဘာပေါ်ကိုဆင်းသက်တဲ့ လူပါတဲ့မစ်ရှစ်တစ်ခုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီးနောက် ၎င်းရဲ့ပထမဆုံးအာကာသပြိုင်ပွဲကို အနိုင်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် အနာဂါတ်ရှာဖွေရေးနဲ့ အမျိုးသားလုံခြုံရေးပရောဂျက်တွေအတွက် အဲ့ဒီနည်းပညာကို ရယူနိုင်ဖို့ နာဆာအနေနဲ့ လျင်လျင်မြန်မြန်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း အခြားစာတမ်းတစ်ခုမှာ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version:
လကမာၻေပၚမွာ န်ဴကလီးယားဓါတ္ေပါင္းဖိုတည္ေဆာက္ဖို႔ အေမရိကန္စီစဥ္ေန
Pika(NP News)-ဩဂုတ္ ၇
လကမာၻေပၚမွာ န်ဴကလီးယားဓါတ္ေပါင္းဖိုတည္ေဆာက္ဖို႔ အစီအစဥ္ေတြကို အေမရိကန္အစိုးရက အရွိန္ျမႇင့္လုပ္ေဆာင္ေနတယ္လို႔ Politicoသတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။အာကာသၿပိဳင္ပြဲအသစ္မွာ ႐ုရွားနဲ႔တ႐ုတ္ႏိုင္ငံတို႔ထက္ သာလြန္ေစဖို႔ ႀကိဳးပမ္းမႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ဖို႔ နာဆာအဖြဲ႕တာဝန္ရွိသူေတြကို အေမရိကန္အစိုးရက အမိန႔္ေပးထားတယ္လို႔လည္း သိရပါတယ္။နာဆာအဖြဲ႕ယာယီအႀကီးအကဲ Sean Duffyရဲ႕ၫႊန္ၾကားခ်က္ထဲမွာ လကမာၻေပၚမွာလည္ပတ္ႏိုင္စြမ္းရွိတဲ့ (၁၀၀)ကီလိုဝပ္ဓါတ္ေပါင္းဖိုကို (၂၀၃၀)ခုႏွစ္မွာ တည္ေဆာက္ဖို႔ ေတာင္းဆိုထားတယ္လို႔ Politicoကေရးသားေဖာ္ျပခဲ့ပါတယ္။အဲ့ဒီလႈပ္ရွားမႈဟာ အာကာသစိုးမိုးေရးအတြက္ မဟာဗ်ဴဟာေျမာက္ႀကိဳးပမ္းမႈရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း Politicoက ေရးသားေဖာ္ျပထားပါတယ္။နာဆာအႀကီးတန္းအရာရွိတစ္ဦးက”ဒါက ဒုတိယေျမာက္အာကာသၿပိဳင္ပြဲကို အႏိုင္ရရွိမႈျဖစ္လာမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။အေမရိကန္အစိုးရဟာ (၁၉၆၉)ခုႏွစ္မွာ လကမာၻေပၚကိုဆင္းသက္တဲ့ လူပါတဲ့မစ္ရွစ္တစ္ခုကို ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့ၿပီးေနာက္ ၎ရဲ႕ပထမဆုံးအာကာသၿပိဳင္ပြဲကို အႏိုင္ရရွိခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ အနာဂါတ္ရွာေဖြေရးနဲ႔ အမ်ိဳးသားလုံၿခဳံေရးပေရာဂ်က္ေတြအတြက္ အဲ့ဒီနည္းပညာကို ရယူႏိုင္ဖို႔ နာဆာအေနနဲ႔ လ်င္လ်င္ျမန္ျမန္လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔လည္း အျခားစာတမ္းတစ္ခုမွာ ေရးသားေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.