မိတ္ထီလာမြို့နယ်တွင် အရပ်သား(၁)ဦးကို အကြမ်းဖက်အဖွဲ့က နေအိမ်အတွင်းဝင်ရောက်သတ်ဖြတ်သွား

791
Pearl (NP News) - ဇူလိုင် ၈
မိတ္ထီလာမြို့နယ်တွင် အရပ်သား(၁)ဦးကို အကြမ်းဖက်အဖွဲ့က နေအိမ်အတွင်းဝင်ရောက်သတ်ဖြတ် သွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၆ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဝါးရုံစုကျေးရွာအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါကျေးရွာတွင်နေထိုင်သော ဦးမင်းကြိုင်(၅၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမား (၈)ဦး က ဆိုင်ကယ် လေးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုစွပ်စွဲပြောဆို၍ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဦးမင်းကြိုင်တွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Zawgyi Version:
မိတၳီလာၿမိဳ႕နယ္တြင္ အရပ္သား(၁)ဦးကို အၾကမ္းဖက္အဖြဲ႕က ေနအိမ္အတြင္းဝင္ေရာက္သတ္ျဖတ္သြား
Pearl (NP News) - ဇူလိုင္ ၈
မိတၳီလာၿမိဳ႕နယ္တြင္ အရပ္သား(၁)ဦးကို အၾကမ္းဖက္အဖြဲ႕က ေနအိမ္အတြင္းဝင္ေရာက္သတ္ျဖတ္ သြားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ဩဂုတ္ ၆ ရက္ ညေန ၄ နာရီ ၃၀ မိနစ္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕နယ္၊ ဝါး႐ုံစုေက်း႐ြာအနီး၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါေက်း႐ြာတြင္ေနထိုင္ေသာ ဦးမင္းႀကိဳင္(၅၃)ႏွစ္သည္ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အၾကမ္းဖက္သမား (၈)ဦး က ဆိုင္ကယ္ ေလးစီးျဖင့္ ေရာက္ရွိလာၿပီး “ဒလန္” ဟုစြပ္စြဲေျပာဆို၍ ေသနတ္၊ ဓားမ်ားျဖင့္ ပစ္ခတ္ထိုးခုတ္သြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဦးမင္းႀကိဳင္တြင္ က်ည္ထိမွန္ဒဏ္ရာ၊ ဓားဒဏ္ရာမ်ား ရရွိကာ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ က်ဴးလြန္ခဲ့သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။