မြန်မာ့ Esports လောက ဆက်လက်အောင်မြင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကဘက်က ပံ့ပိုးမှု အားနည်းနေ

 282

သန့်ဇင် (NP News) - သြဂုတ် ၉
မြန်မာနိုင်ငံ၏ Esports လောက ဆက်လက်အောင်မြင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ဘက်က ပံ့ပိုးမှုအပိုင်းတွင် အားနည်းချက်များရှိနေ ကြောင်း နာမည်ကျော် PUBG MOBILE Game ကစားသမားတစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များ အရသိရသည်။
မြန်မာနိုင်ငံမှ လူငယ်များအကြားDota 2 ၊ Valorant ၊ PUBG Mobile နှင့် Mobile Le­gends ဂိမ်းများသည် ရေပန်းစားလူကြိုက်များကြသော Esport ဂိမ်းများဖြစ်ကြောင်းသိရသည်။
အဆိုပါဂိမ်းပြိုင်ပွဲများကို လက်ရှိအချိန် တွင် ပြည်တွင်းပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် လည်း သွားရောက်ယှဉ်ပြိုင်နိုင်သော Esports အသင်းများရှိနေသော်လည်း ပံ့ပိုးမှုအားနည်းခြင်းကြောင့် နိုင်ငံတကာနှင့်ယှဉ်ပါက အသင်းအရေအတွက်နည်း နေသေးကြောင်း အဆိုပါ PUBG Mobile ကစားသမားကဆိုသည်။ “ဒီ Esports နဲ့ပတ်သက်ပြီး အစိုးရပိုင်းမှာရော ပုဂ္ဂလိကအပိုင်းမှာရော အကုန်လုံး လိုအပ်ချက်တွေများနေတယ်။ ကျွန်တော်တို့ အသင်းကြီး တစ်ခု Run မယ်ဟေ့ဆိုရင်၊ အသင်းတစ်ခုဖြစ်လာအောင်တည်ဆောက်မယ်ဟေ့ဆိုရင် အချက်ကျ၊ အ သုံးကျအောင်လုပ်ဖို့တွေ အများကြီးလိုအပ်တယ်။ ပုဂ္ဂလိကပိုင်းမှာလည်း ဒီဘက်ကို Invesement လုပ်တာအရမ်းနည်းတဲ့အတွက် မြန် မာနိုင်ငံကအသင်းအရေအတွက်နည်းနေတာ ဖြစ်တယ်ခင်ဗျ။ အခုလောလောဆယ်ဆယ်မှာလည်း အသင်းကောင်းတွေရှိသလို Player ကောင်းတွေ လည်း အများကြီးရှိတယ်။ ဒါပေမဲ့ ဒီအပိုင်းကို Support လုပ်တာ အရမ်းနည်း နေတာဖြစ်တဲ့အ တွက် ရောက်သင့်သလောက် နေရာမရောက် တဲ့ပုံစံမျိုးဖြစ်နေတာပါ” ဟု ၎င်းကပြောသည်။
ထိုသို့ အသင်းအရေအတွက်နည်းခြင်းနှင့် Organization နည်းပါးခြင်းကလည်း မြန်မာနိုင်ငံ တွင် နိုင်ငံတကာအဆင့်မီ Esports ပြိုင်ပွဲများ လာရောက်မလုပ်ကြခြင်း၏ အဓိကအချက်ဖြစ်နေကြောင်း ၎င်းကဆိုသည်။ “ကျွန်တော်တို့နိုင်ငံမှာ Organization တွေအရမ်းနည်းသေးတယ်။ ကျွန်တော်တို့ Esport လောကကို ပံ့ပိုးနိုင်တဲ့ အားပေးထူထောင်မယ့်လူတွေ နည်းသေးတယ်ဗျ။ တကယ်ကို Organization နဲ့ Camp သွင်းပြီးလုပ်နိုင်တဲ့အသင်းက လက်ချိုးရေလို့ရတယ်။ အဲဒီလိုအခြေအနေတွေ ကြောင့်လည်းပါတယ်။ Mobile Legends က မြန်မာနိုင်ငံမှာ MPL ပြိုင်ပွဲတွေလာလုပ်ဖို့အတွက် အဲဒါတွေအရမ်းလိုအပ်တယ်။ အခုက မြန်မာနိုင်ငံမှာ အ သင်းတွေအများကြီးလိုအပ်တယ်။ PUBG ဘက်က လုပ်ပေးတဲ့ PMPL တွေလည်း အသင်းနည်းနေ တဲ့အတွက် Organization နည်းနေတဲ့အတွက် လုပ်မပေးသေးတာ” ဟု ၎င်းကဆက်ပြောသည်။
မြန်မာနိုင်ငံ၏ Esports လောကတွင် အ အောင်မြင်ဆုံးအဖြစ် ပြီးခဲ့သည့် ဩဂုတ် (၃)ရက်က ဆော်ဒီအာရေးဗျနိုင်ငံ ရီယတ်မြို့တွင်ကျင်းပခဲ့သော 2025 PUBG Mobile World Cup ပြိုင်ပွဲတွင် Yangon Galacticos အသင်း ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သောကြောင့် မြန်မာနိုင်ငံ၏ Esports လောကသည် ယခင်ကထက် ပိုမိုကောင်းမွန်လာနိုင်ပြီး ကစားသမား များကို ပံ့ပိုးမှုပေးနိုင်ပါက တိုးတက်မှုများစွာရှိနိုင် ကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
“နောက်နောင်တော့ မြန်မာနိုင်ငံမှာ Esport က ပိုကောင်းလာဖို့ပဲရှိတယ်။ လူငယ်တွေကို Support လုပ်နိုင်ရင် နိုင်ငံရဲ့ Esports က ပို ကောင်းလာနိုင်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့
Esports က ညံ့တဲ့အထဲမှာမပါဘူးဗျ။ Game ဆော့တဲ့ အထဲမှာ ဒီလူငယ်တွေက ပိုကောင်းတဲ့အထဲမှာပါ တယ်။ ဒီလူငယ်တွေကို ပိုပြီးပံ့ပိုးနိုင်ရင်တော့ တိုးတက်မှာပါ။ လူငယ်တိုင်းရဲ့အိပ်မက်တွေက Game ဆော့ရင်းနဲ့ အကောင်အထည်ဖော်လို့ရနေပြီဖြစ်တဲ့ အတွက် အကုန်ဝိုင်းဝန်းပြီး ပံ့ပိုးပေးစေချင်ပါတယ်” ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ဒီဇင်ဘာလက ဘူဆန်မြို့၌ ကျင်းပခဲ့သော IESF World Esports Summit တွင် နိုင်ငံတကာ (IESF) အဖွဲ့ ချုပ် Esports ၏ ယခုနှစ် အကောင်းဆုံး နျစသမအျ နိုင်ငံဆုတွင် မြန်မာနိုင်ငံမှ Myanmar Electronic Sports Federation က ဒုတိယဆု ရရှိခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ့ Esports ေလာက ဆက္လက္ေအာင္ျမင္ေရးအတြက္ အစိုးရႏွင့္ ပုဂၢလိကဘက္က ပံ့ပိုးမႈ အားနည္းေန
သန႔္ဇင္ (NP News) - ၾသဂုတ္ ၉
ျမန္မာႏိုင္ငံ၏ Esports ေလာက ဆက္လက္ေအာင္ျမင္ေရးအတြက္ အစိုးရႏွင့္ ပုဂၢလိက ဘက္က ပံ့ပိုးမႈအပိုင္းတြင္ အားနည္းခ်က္မ်ားရွိေန ေၾကာင္း နာမည္ေက်ာ္ PUBG MOBILE Game ကစားသမားတစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ား အရသိရသည္။
ျမန္မာႏိုင္ငံမွ လူငယ္မ်ားအၾကားDota 2 ၊ Valorant ၊ PUBG Mobile ႏွင့္ Mobile Le­gends ဂိမ္းမ်ားသည္ ေရပန္းစားလူႀကိဳက္မ်ားၾကေသာ Esport ဂိမ္းမ်ားျဖစ္ေၾကာင္းသိရသည္။
အဆိုပါဂိမ္းၿပိဳင္ပြဲမ်ားကို လက္ရွိအခ်ိန္ တြင္ ျပည္တြင္းၿပိဳင္ပြဲမ်ားႏွင့္ ႏိုင္ငံတကာၿပိဳင္ပြဲမ်ားတြင္ လည္း သြားေရာက္ယွဥ္ၿပိဳင္ႏိုင္ေသာ Esports အသင္းမ်ားရွိေနေသာ္လည္း ပံ့ပိုးမႈအားနည္းျခင္းေၾကာင့္ ႏိုင္ငံတကာႏွင့္ယွဥ္ပါက အသင္းအေရအတြက္နည္း ေနေသးေၾကာင္း အဆိုပါ PUBG Mobile ကစားသမားကဆိုသည္။ “ဒီ Esports နဲ႔ပတ္သက္ၿပီး အစိုးရပိုင္းမွာေရာ ပုဂၢလိကအပိုင္းမွာေရာ အကုန္လုံး လိုအပ္ခ်က္ေတြမ်ားေနတယ္။ ကြၽန္ေတာ္တို႔ အသင္းႀကီး တစ္ခု Run မယ္ေဟ့ဆိုရင္၊ အသင္းတစ္ခုျဖစ္လာေအာင္တည္ေဆာက္မယ္ေဟ့ဆိုရင္ အခ်က္က်၊ အ သုံးက်ေအာင္လုပ္ဖို႔ေတြ အမ်ားႀကီးလိုအပ္တယ္။ ပုဂၢလိကပိုင္းမွာလည္း ဒီဘက္ကို Invesement လုပ္တာအရမ္းနည္းတဲ့အတြက္ ျမန္ မာႏိုင္ငံကအသင္းအေရအတြက္နည္းေနတာ ျဖစ္တယ္ခင္ဗ်။ အခုေလာေလာဆယ္ဆယ္မွာလည္း အသင္းေကာင္းေတြရွိသလို Player ေကာင္းေတြ လည္း အမ်ားႀကီးရွိတယ္။ ဒါေပမဲ့ ဒီအပိုင္းကို Support လုပ္တာ အရမ္းနည္း ေနတာျဖစ္တဲ့အ တြက္ ေရာက္သင့္သေလာက္ ေနရာမေရာက္ တဲ့ပုံစံမ်ိဳးျဖစ္ေနတာပါ” ဟု ၎ကေျပာသည္။
ထိုသို႔ အသင္းအေရအတြက္နည္းျခင္းႏွင့္ Organization နည္းပါးျခင္းကလည္း ျမန္မာႏိုင္ငံ တြင္ ႏိုင္ငံတကာအဆင့္မီ Esports ၿပိဳင္ပြဲမ်ား လာေရာက္မလုပ္ၾကျခင္း၏ အဓိကအခ်က္ျဖစ္ေနေၾကာင္း ၎ကဆိုသည္။ “ကြၽန္ေတာ္တို႔ႏိုင္ငံမွာ Organization ေတြအရမ္းနည္းေသးတယ္။ ကြၽန္ေတာ္တို႔ Esport ေလာကကို ပံ့ပိုးႏိုင္တဲ့ အားေပးထူေထာင္မယ့္လူေတြ နည္းေသးတယ္ဗ်။ တကယ္ကို Organization နဲ႔ Camp သြင္းၿပီးလုပ္ႏိုင္တဲ့အသင္းက လက္ခ်ိဳးေရလို႔ရတယ္။ အဲဒီလိုအေျခအေနေတြ ေၾကာင့္လည္းပါတယ္။ Mobile Legends က ျမန္မာႏိုင္ငံမွာ MPL ၿပိဳင္ပြဲေတြလာလုပ္ဖို႔အတြက္ အဲဒါေတြအရမ္းလိုအပ္တယ္။ အခုက ျမန္မာႏိုင္ငံမွာ အ သင္းေတြအမ်ားႀကီးလိုအပ္တယ္။ PUBG ဘက္က လုပ္ေပးတဲ့ PMPL ေတြလည္း အသင္းနည္းေန တဲ့အတြက္ Organization နည္းေနတဲ့အတြက္ လုပ္မေပးေသးတာ” ဟု ၎ကဆက္ေျပာသည္။
ျမန္မာႏိုင္ငံ၏ Esports ေလာကတြင္ အ ေအာင္ျမင္ဆုံးအျဖစ္ ၿပီးခဲ့သည့္ ဩဂုတ္ (၃)ရက္က ေဆာ္ဒီအာေရးဗ်ႏိုင္ငံ ရီယတ္ၿမိဳ႕တြင္က်င္းပခဲ့ေသာ 2025 PUBG Mobile World Cup ၿပိဳင္ပြဲတြင္ Yangon Galacticos အသင္း ကမာၻ႔ခ်န္ပီယံျဖစ္ခဲ့ေသာေၾကာင့္ ျမန္မာႏိုင္ငံ၏ Esports ေလာကသည္ ယခင္ကထက္ ပိုမိုေကာင္းမြန္လာႏိုင္ၿပီး ကစားသမား မ်ားကို ပံ့ပိုးမႈေပးႏိုင္ပါက တိုးတက္မႈမ်ားစြာရွိႏိုင္ ေၾကာင္း အထက္ပါသတင္းရင္းျမစ္ကဆိုသည္။
“ေနာက္ေနာင္ေတာ့ ျမန္မာႏိုင္ငံမွာ Esport က ပိုေကာင္းလာဖို႔ပဲရွိတယ္။ လူငယ္ေတြကို Support လုပ္ႏိုင္ရင္ ႏိုင္ငံရဲ႕ Esports က ပို ေကာင္းလာႏိုင္တယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕
Esports က ညံ့တဲ့အထဲမွာမပါဘူးဗ်။ Game ေဆာ့တဲ့ အထဲမွာ ဒီလူငယ္ေတြက ပိုေကာင္းတဲ့အထဲမွာပါ တယ္။ ဒီလူငယ္ေတြကို ပိုၿပီးပံ့ပိုးႏိုင္ရင္ေတာ့ တိုးတက္မွာပါ။ လူငယ္တိုင္းရဲ႕အိပ္မက္ေတြက Game ေဆာ့ရင္းနဲ႔ အေကာင္အထည္ေဖာ္လို႔ရေနၿပီျဖစ္တဲ့ အတြက္ အကုန္ဝိုင္းဝန္းၿပီး ပံ့ပိုးေပးေစခ်င္ပါတယ္” ဟု ၎ကေျပာသည္။ ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္ ဒီဇင္ဘာလက ဘူဆန္ၿမိဳ႕၌ က်င္းပခဲ့ေသာ IESF World Esports Summit တြင္ ႏိုင္ငံတကာ (IESF) အဖြဲ႕ ခ်ဳပ္ Esports ၏ ယခုႏွစ္ အေကာင္းဆုံး န်စသမအ် ႏိုင္ငံဆုတြင္ ျမန္မာႏိုင္ငံမွ Myanmar Electronic Sports Federation က ဒုတိယဆု ရရွိခဲ့ဖူးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.