ရှည်လျားပြီးချွန်ထက်သည့်မေးစေ့ကြောင့် နာမည်ကြီးနေသည့် ဂျပန်လူငယ်

803

Pika (NP News) - သြဂုတ် ၁၁
အင်တာနက်တွင်နာမည်ကြီးသည့် ဂျပန်အမျိုးသားတစ်ဦးသည် ၎င်း၏ ပုံမှန်မဟုတ်သောရှည်လျားပြီး ချွန်ထက်သည့်မေးစေ့ကြောင့် ကမ္ဘာ့မေးစေ့ အရှည်ဆုံး YouTuber အဖြစ် လူသိများကြောင်း သိရသည်။ အဆိုပါ ဂျပန်လူငယ်သည် ၎င်း၏ရှည်လျားပြီး ချွန်ထက်သည့် မေးစေ့နှင့်ပတ်သက်ပြီး ကာတွန်း ဇာတ်ကောင်များနှင့် မကြာခဏနှိုင်းယှဉ်ခံရလေ့ရှိ ကြောင်းလည်းသိရသည်။
ထို့ပြင် ၎င်း၏ရှည်လျားပြီးချွန်ထက်သောမေးစေ့ကြောင့် ကာတွန်းဇာတ်ကောင် Katasuya Jonouchi နှင့် မကြာခဏ နှိုင်းယှဉ်ခံရလေ့ရှိပြီး လူအများစုသည် ၎င်း၏ချွန်ထက်သောမေးစေ့ကို စိတ် ဝင်စားလေ့ရှိကြောင်းသိရသည်။ ၎င်း၏ YouTube ပရိသတ်(၃၅၀ဝဝဝ)နီးပါးထဲမှ အချို့သည် ၎င်း၏ မေးစေ့ကို ဓာတ်မှန်ရိုက်ရန် အချိန်အတော်ကြာအောင် တောင်းဆိုခဲ့ကြကြောင်းလည်း သိရသည်။ သို့ သော်လည်း ဆရာဝန်များက ယင်းကဲ့သို့ ချွန်ထက်သောမေးစေ့ကို တစ်ခါမှမမြင်ဖူးကြောင်း နှင့် မျိုးရိုး ကြောင့် ဖြစ်နိုင်ခြေအများဆုံးရှိသည်ဟု ၎င်းကိုပြောခဲ့ကြောင်း အဆိုပါ ဂျပန်လူငယ်က ပြောကြားခဲ့ သည်။
ထို့ပြင် ၎င်းကြီးပြင်းလာစဉ်အချိန်အတွင်း နွားနို့ကို အများအပြားသောက်ခဲ့ပြီး ကယ်လ်စီယမ် ဓာတ်က အောက်မေးရိုးကိုကြီးထွားလာစေခဲ့သည် ဆိုသည့် ၎င်း၏သီအိုရီကို ဆရာဝန်များက ပယ်ချခဲ့ ကြောင်းလည်းသိရသည်။ သို့သော်လည်း မိသားစုထဲတွင် ၎င်းတစ်ဦးတည်းသာ ရှည်လျားပြီးချွန်ထက် သည့်မေးစေ့ရှိသူဖြစ်ကြောင်း အဆိုပါဂျပန်လူငယ်က ပြောကြားခဲ့သည်။

Zawgyi Version:
ရွည္လ်ားၿပီးခြၽန္ထက္သည့္ေမးေစ့ေၾကာင့္ နာမည္ႀကီးေနသည့္ ဂ်ပန္လူငယ္
Pika (NP News) - ၾသဂုတ္ ၁၁
အင္တာနက္တြင္နာမည္ႀကီးသည့္ ဂ်ပန္အမ်ိဳးသားတစ္ဦးသည္ ၎၏ ပုံမွန္မဟုတ္ေသာရွည္လ်ားၿပီး ခြၽန္ထက္သည့္ေမးေစ့ေၾကာင့္ ကမာၻ႔ေမးေစ့ အရွည္ဆုံး YouTuber အျဖစ္ လူသိမ်ားေၾကာင္း သိရသည္။ အဆိုပါ ဂ်ပန္လူငယ္သည္ ၎၏ရွည္လ်ားၿပီး ခြၽန္ထက္သည့္ ေမးေစ့ႏွင့္ပတ္သက္ၿပီး ကာတြန္း ဇာတ္ေကာင္မ်ားႏွင့္ မၾကာခဏႏႈိင္းယွဥ္ခံရေလ့ရွိ ေၾကာင္းလည္းသိရသည္။
ထို႔ျပင္ ၎၏ရွည္လ်ားၿပီးခြၽန္ထက္ေသာေမးေစ့ေၾကာင့္ ကာတြန္းဇာတ္ေကာင္ Katasuya Jonouchi ႏွင့္ မၾကာခဏ ႏႈိင္းယွဥ္ခံရေလ့ရွိၿပီး လူအမ်ားစုသည္ ၎၏ခြၽန္ထက္ေသာေမးေစ့ကို စိတ္ ဝင္စားေလ့ရွိေၾကာင္းသိရသည္။ ၎၏ YouTube ပရိသတ္(၃၅၀ဝဝဝ)နီးပါးထဲမွ အခ်ိဳ႕သည္ ၎၏ ေမးေစ့ကို ဓာတ္မွန္႐ိုက္ရန္ အခ်ိန္အေတာ္ၾကာေအာင္ ေတာင္းဆိုခဲ့ၾကေၾကာင္းလည္း သိရသည္။ သို႔ ေသာ္လည္း ဆရာဝန္မ်ားက ယင္းကဲ့သို႔ ခြၽန္ထက္ေသာေမးေစ့ကို တစ္ခါမွမျမင္ဖူးေၾကာင္း ႏွင့္ မ်ိဳး႐ိုး ေၾကာင့္ ျဖစ္ႏိုင္ေျခအမ်ားဆုံးရွိသည္ဟု ၎ကိုေျပာခဲ့ေၾကာင္း အဆိုပါ ဂ်ပန္လူငယ္က ေျပာၾကားခဲ့ သည္။
ထို႔ျပင္ ၎ႀကီးျပင္းလာစဥ္အခ်ိန္အတြင္း ႏြားႏို႔ကို အမ်ားအျပားေသာက္ခဲ့ၿပီး ကယ္လ္စီယမ္ ဓာတ္က ေအာက္ေမး႐ိုးကိုႀကီးထြားလာေစခဲ့သည္ ဆိုသည့္ ၎၏သီအိုရီကို ဆရာဝန္မ်ားက ပယ္ခ်ခဲ့ ေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း မိသားစုထဲတြင္ ၎တစ္ဦးတည္းသာ ရွည္လ်ားၿပီးခြၽန္ထက္ သည့္ေမးေစ့ရွိသူျဖစ္ေၾကာင္း အဆိုပါဂ်ပန္လူငယ္က ေျပာၾကားခဲ့သည္။