သိန္နီမြို့နှင့်ပတ်သက်၍ ကိုးကန့်က လားရှိုးအချိုး ချိုးနေခြင်းဟု သုံးသပ်

1883

သုတကျော် (NP News) - သြဂုတ် ၁၁
သိန္နီ မြို့နှင့်ပတ်သက်၍ လားရှိုးတွင်လုပ်သကဲ့သို့ ကိုးကန့်က အချိုးချိုးနေခြင်းသာဖြစ်ကြောင်း ကိုးကန့် အဖွဲ့နှင့်ပတ်သက်၍ ထဲထဲဝင်ဝင်သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
ကိုးကန့်အဖွဲ့က သိန္နီမြို့နယ်ကို ခရိုင်အဖြစ်သတ်မှတ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံ၏ယူနန်ပြည်နယ်တို့ကုန်သွယ်ရေးတွင် သိန္နီအပိုင်းက ကုန်သွယ်မှုဗဟိုချက်အဖြစ် အားကောင်းလာ ကြောင်း ၎င်းတို့ပိုင်မီဒီယာဖြစ်သော The Kokang က ထုတ်ပြန်ခဲ့သေးသည်။
သိန္နီမြို့နယ်အတွင်း စစ်ဆေးရေးဂိတ်များကိုလည်း ဖွင့်လှစ်ထားကာ ယင်းမြို့နယ်မှတစ်ဆင့် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ကိုးကန့်အဖွဲ့က ဝါဒဖြန့်ထားသည်။
တစ်ဖက်တွင်လည်း သိန္နီမြို့မှ ကိုးကန့်တို့ ဆုတ်ခွာတော့မည်ဖြစ်ကြောင်း သတင်းအတိအကျ ထွက်ပေါ်နေပြီး ယင်းကဲ့သို့ သိန္နီမြို့မှမဆုတ်ခွာသယောင် ရေးသားဖော်ပြနေခြင်းမှာ လားရှိုးတွင်လုပ်ခဲ့ သောအပြုအမူအတိုင်းပင်ဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
“ထင်တာတော့ ညာအုပ်နေတယ် ထင်နေတာပဲ။ သူတို့က လုံးဝသွားမှာ။ နောက်ဆုံး ပြည်သူတွေ ဆီကပိုက်ဆံကောက်မယ် သူတို့သွားမယ်။ သွားမှာပဲ။ အခုလည်း ဈေးဆိုင်ခန်းတွေ ပြဿနာတက်နေ တာပဲ။ သိန္နီမှာ ဆက်နေမှာမဖြစ်နိုင်ဘူး။ ပြန်မှာပဲ။ စစချင်း လားရှိုးလိုလုပ်ပြမယ်။ တခြားအဖွဲ့တွေ ယုံ အောင်လည်းလုပ်ပြရသေးတာ။ ဝုန်းဆိုသွားကြမှာပဲ” ဟု ၎င်း ကဆိုသည်။ အခြား သတင်းရင်းမြစ်တစ်ဦး ကလည်း သိန္နီမှ ကိုးကန့်တို့ထွက်ခွာမည်ဆိုသောသတင်းမှာ မှန်ကန်ကြောင်းဆိုသော်လည်း ယခုကဲ့သို့ လုပ်နေရခြင်းကို နားမလည်နိုင်ဟုပြောသည်။
“လားရှိုးတုန်းကလည်း မဆုတ်သလိုလို နမူနာရှိတော့မပြောတတ်ဘူး။ သိရသလောက်တော့ သူတို့ပစ္စည်းတွေ နေရာရွှေ့ထားတယ်။ ဆုတ်မယ့်ဟာကတော့ ကျိန်းသေတယ်လို့ပြောရမယ်။ ဒါပေမဲ့ စောင့်ကြည့်ရမယ်”ဟု ၎င်းကဆိုသည်။
ကိုးကန့်အဖွဲ့က သတ်မှတ်ထားသော သိန္နီ ခရိုင်အပိုင်းတွင် စစ်ဆေးရေးဂိတ်စခန်း(၆)ခုကိုဖွင့် လှစ်ထားပြီး ယင်းဂိတ်စခန်းအားလုံးကို (၂၄)နာရီ နေ့ညမပြတ် ဝင်ထွက်သွားလာနိုင်ရန် ဆောင်ရွက် ထားကြောင်း ၎င်းတို့ကဆိုထားသည်။

Zawgyi Version:
သိႏၷီၿမိဳ႕ႏွင့္ပတ္သက္၍ ကိုးကန႔္က လားရႈိးအခ်ိဳး ခ်ိဳးေနျခင္းဟု သုံးသပ္
သုတေက်ာ္ (NP News) - ၾသဂုတ္ ၁၁
သိႏၷီ ၿမိဳ႕ႏွင့္ပတ္သက္၍ လားရႈိးတြင္လုပ္သကဲ့သို႔ ကိုးကန႔္က အခ်ိဳးခ်ိဳးေနျခင္းသာျဖစ္ေၾကာင္း ကိုးကန႔္ အဖြဲ႕ႏွင့္ပတ္သက္၍ ထဲထဲဝင္ဝင္သိရွိသူ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ေျပာသည္။
ကိုးကန႔္အဖြဲ႕က သိႏၷီၿမိဳ႕နယ္ကို ခ႐ိုင္အျဖစ္သတ္မွတ္ထားျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ ႏိုင္ငံ၏ယူနန္ျပည္နယ္တို႔ကုန္သြယ္ေရးတြင္ သိႏၷီအပိုင္းက ကုန္သြယ္မႈဗဟိုခ်က္အျဖစ္ အားေကာင္းလာ ေၾကာင္း ၎တို႔ပိုင္မီဒီယာျဖစ္ေသာ The Kokang က ထုတ္ျပန္ခဲ့ေသးသည္။
သိႏၷီၿမိဳ႕နယ္အတြင္း စစ္ေဆးေရးဂိတ္မ်ားကိုလည္း ဖြင့္လွစ္ထားကာ ယင္းၿမိဳ႕နယ္မွတစ္ဆင့္ သြင္းကုန္၊ ထုတ္ကုန္လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း ကိုးကန႔္အဖြဲ႕က ဝါဒျဖန႔္ထားသည္။
တစ္ဖက္တြင္လည္း သိႏၷီၿမိဳ႕မွ ကိုးကန႔္တို႔ ဆုတ္ခြာေတာ့မည္ျဖစ္ေၾကာင္း သတင္းအတိအက် ထြက္ေပၚေနၿပီး ယင္းကဲ့သို႔ သိႏၷီၿမိဳ႕မွမဆုတ္ခြာသေယာင္ ေရးသားေဖာ္ျပေနျခင္းမွာ လားရႈိးတြင္လုပ္ခဲ့ ေသာအျပဳအမူအတိုင္းပင္ျဖစ္ေၾကာင္း အထက္ပါသတင္းရင္းျမစ္ကဆိုသည္။
“ထင္တာေတာ့ ညာအုပ္ေနတယ္ ထင္ေနတာပဲ။ သူတို႔က လုံးဝသြားမွာ။ ေနာက္ဆုံး ျပည္သူေတြ ဆီကပိုက္ဆံေကာက္မယ္ သူတို႔သြားမယ္။ သြားမွာပဲ။ အခုလည္း ေဈးဆိုင္ခန္းေတြ ျပႆနာတက္ေန တာပဲ။ သိႏၷီမွာ ဆက္ေနမွာမျဖစ္ႏိုင္ဘူး။ ျပန္မွာပဲ။ စစခ်င္း လားရႈိးလိုလုပ္ျပမယ္။ တျခားအဖြဲ႕ေတြ ယုံ ေအာင္လည္းလုပ္ျပရေသးတာ။ ဝုန္းဆိုသြားၾကမွာပဲ” ဟု ၎ ကဆိုသည္။ အျခား သတင္းရင္းျမစ္တစ္ဦး ကလည္း သိႏၷီမွ ကိုးကန႔္တို႔ထြက္ခြာမည္ဆိုေသာသတင္းမွာ မွန္ကန္ေၾကာင္းဆိုေသာ္လည္း ယခုကဲ့သို႔ လုပ္ေနရျခင္းကို နားမလည္ႏိုင္ဟုေျပာသည္။
“လားရႈိးတုန္းကလည္း မဆုတ္သလိုလို နမူနာရွိေတာ့မေျပာတတ္ဘူး။ သိရသေလာက္ေတာ့ သူတို႔ပစၥည္းေတြ ေနရာေ႐ႊ႕ထားတယ္။ ဆုတ္မယ့္ဟာကေတာ့ က်ိန္းေသတယ္လို႔ေျပာရမယ္။ ဒါေပမဲ့ ေစာင့္ၾကည့္ရမယ္”ဟု ၎ကဆိုသည္။
ကိုးကန႔္အဖြဲ႕က သတ္မွတ္ထားေသာ သိႏၷီ ခ႐ိုင္အပိုင္းတြင္ စစ္ေဆးေရးဂိတ္စခန္း(၆)ခုကိုဖြင့္ လွစ္ထားၿပီး ယင္းဂိတ္စခန္းအားလုံးကို (၂၄)နာရီ ေန႔ညမျပတ္ ဝင္ထြက္သြားလာႏိုင္ရန္ ေဆာင္႐ြက္ ထားေၾကာင္း ၎တို႔ကဆိုထားသည္။