ယာယီသမ္မတ ဦးမြင့်ဆွေ ၏ နိုင်ငံတော် ဈာပနအခမ်းအနား ကျင်းပ ပြုလုပ်

471

ပီယ (NP News) - သြဂုတ် ၁၁
ယာယီသမ္မတ ဦးမြင့်ဆွေ ၏ နိုင်ငံတော်ဈာပနအခမ်းအနားကို ယနေ့ (သြဂုတ် ၁၁ ရက်) နေ့လယ်ပိုင်းက နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိငြိမ်းအေးဇရပ်နှင့် တပ်မတော်စစ်သင်္ချိုင်း(နေပြည်တော်) တို့၌ ကျင်းပပြု လုပ်ခဲ့သည်။
ယင်းအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်သည်။
အဆိုပါ နိုင်ငံတော်ဈာပနအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူ ကြပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၊ ဒုတိယ သမ္မတ(ငြိမ်း)များဖြစ်ကြသည့် သီဟသူရတင်အောင်မြင့်ဦးနှင့် ဦးဉာဏ်ထွန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ အငြိမ်းစားအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ကော်မရှင်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ အငြိမ်းစားပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များနှင့် ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား စစ်ရေးပြအခမ်းအနားဖြင့် ရုပ်ကလာပ် တင်ဆောင်မည့်နေရာသို့ သယ်ဆောင်ကြပြီး နိုင်ငံ တော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၊ ဒုတိယသမ္မတ(ငြိမ်း)များ ဖြစ်ကြသည့် သီဟသူရ တင်အောင်မြင့်ဦး နှင့် ဦးဉာဏ်ထွန်း၊ အငြိမ်းစားအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့် ယာယီသမ္မတဦးမြင့်ဆွေ၏ မိသားစုဝင်များက ကြည့်ရှုဂါရဝပြုကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် နိုင်ငံတော်ဈာပနအခမ်းအနားကျင်းပမည့် ငြိမ်းအေးဇရပ် သို့ရောက်ရှိကြပြီး ငြိမ်းအေးဇရပ်အတွင်းရှိ ကလာပ်တွင် ပြင်ဆင်ထားရှိသည့် ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်အား ကြည့်ရှုဂါရဝပြု ကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ဇနီးတို့သည် ယာယီသမ္မတဦးမြင့်ဆွေ၏ ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။
တက်ရောက်သူများက သံဃာတော်များ၏ တရားနာယူကြကာယာယီသမ္မတ ဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေး နှင့်မိသားစုများက ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်အား ထပ်မံကြည့်ရှုဂါရဝပြုကြ သည်။
၎င်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့်ရုပ်ကလာပ်အား တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) သို့ ပို့ဆောင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ၈ ဦးက အမြောက်ယာဉ်ပေါ်သို သယ်ယူပို့ဆောင် လာရာ တပ်မတော်ဂုဏ်ပြု သေနတ်အဖွဲ့မှ နေရာယူ၍ သေနတ်မြှောက်၍ အလေးပြုခြင်း၊ သက်ပျောက် ရွှေရေအိုးခွဲခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထိုနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်တင်ဆောင်ထားသည့် အမြောက်ယာဉ်နှင့် နိုင်ငံတော်ဈာပန ယာဉ်တန်းသည် နေပြည်တော် တပ်မတော်ဆေးရုံကြီးရှိ ငြိမ်းအေးဇရပ်မှ တပ်မတော်စစ်သင်္ချိုင်း(နေပြည်တော်)သို့ ထွက်ခွာရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်ဇနီး၊ ကော်မရှင်အဖွဲဝင်များ နှင့်ဇနီးများ၊ ယာယီသမ္မတ ဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဝတ်အသင်းအဖွဲ့များက လိုက်ပါပို့ဆောင်ကြသည်။
ယာယီသမ္မတဦးမြင့်ဆွေ၏ရုပ်ကလာပ်ကိုတင်ဆောင်ထားသည့် အမြောက်တင် ယာဉ်နှင့် နိုင်ငံတော်ဈာပန ယာဉ်တန်းသည် နေပြည်တော် တပ်မတော်ဆေးရုံကြီးရှိ ငြိမ်းအေးဇရပ်မှ ပုဗ္ဗသီရိမြို့ပတ်လမ်းအတိုင်း တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်) သို့မောင်းနှင်လာရာ လမ်းတစ်လျှောက်၌ တပ်မတော်(ကြည်း၊ ရေ၊ လေ) မှ တပ်မတော်သားများ နှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများက ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ဂါရဝပြု ဦးညွှတ်နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ဈာပနယာဉ်တန်းသည် တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်)သို့ ရောက်ရှိပြီး ယာယီ သမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့်ရုပ်ကလာပ်အား ဂုဏ်ပြုအခမ်းအနားကျင်းပမည့်နေရာသို့ ဂုဏ်ပြု စစ်ရေးပြဖြင့် ပို့ဆောင်ကြရာ ယာယီသမ္မတဦးမြင့်ဆွေ၏ ဇနီးနှင့်မိသားစုဝင်များ၊ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များက ပို့ဆောင်ကြသည်။
၎င်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား ပြည်ထောင်စုဝန်ကြီး ၈ ဦးက ရုပ်ကလာပ်တင်စင်ပေါ်သို့ ပို့ဆောင် တင်ဆောင်ကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများက နေရာယူကြပြီး တပ်မတော်ဂုဏ်ပြု သေနတ်ပစ်အဖွဲ့က ဂုဏ်ပြုစစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကာ သေနတ်မြေစိုက် ဦးခိုက်အလေးပြုကြပြီး သေနတ်မြှောက်အလေးပြုကြသည်။
ထိုနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်ပြန်တမ်းအား ဖတ်ကြားပြီး အမိန့်ပြန်တမ်းအား ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်ထည့် သွင်းထားသော အခေါင်းအတွင်းသို့ ထည့်သွင်းသည်။
ယင်းနောက် တပ်မတော်ဂုဏ်ပြုသေနတ်ပစ်အဖွဲ့က သေနတ် ၃ ချက်ပစ်ဖောက် ဂုဏ်ပြုကြပြီး နောက်ဆုံး အကြိမ်အဖြစ် သေနတ်မြှောက်အလေးပြုကာ စစ်ခရာ မှုတ်၍ ဂုဏ်ပြုကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ နီပေါနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ လာအိုနိုင်ငံတို့မှ သံအမတ်ကြီးများ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့မှ သံရုံးယာယီတာဝန်ခံများ၊ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး ကိုယ်စား ပထမအတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူး ၁၆ ဦးတို့က ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား တစ်ဦးချင်း ဂါရဝပြုကြသည်။
၄င်းနောက် ယာယီသမ္မတ ဦးမြင့်ဆွေ၏ဇနီးနှင့် မိသားစုဝင်များက နောက်ဆုံး အကြိမ်အဖြစ် ဂါရဝပြုကြပြီး ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား မီးသင်္ဂြိုဟ် စက်အတွင်းသို့ ထည့်သွင်းမီးသင်္ဂြိုဟ်သည်။
ယင်းနောက် ယာယီသမ္မတ ဦးမြင့်ဆွေ၏ အရိုးပြာထည့်သွင်းထားသော ကြွေ အိုးအား ယာယီသမ္မတဦးမြင့်ဆွေ၏ သား ဗိုလ်ကြီး ကျော်ဘုန်းမြင့်(ငြိမ်း) က ဦးဆောင်ကာ မိသားစုဝင်များနှင့်အတူ ဂူသွင်းမည့်နေရာသို သယ်ဆောင် ကြသည်။
ထိုနောက် နိုင်ငံတော်ဈာပန ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက ယာယီသမ္မတဦးမြင့်ဆွေ၏ အရိုးပြာကြွေအိုးအား ဂူအတွင်း ထည့်သွင်း၍ ဂူပိတ်မှုကို ကြည့်ရှုကြကာ ယင်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ဂူဗိမာန်အား မိသားစုဝင်များက ဂါရဝပြုခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
ယာယီသမၼတ ဦးျမင့္ေဆြ ၏ ႏိုင္ငံေတာ္ ဈာပနအခမ္းအနား က်င္းပ ျပဳလုပ္
ပီယ (NP News) - ၾသဂုတ္ ၁၁
ယာယီသမၼတ ဦးျမင့္ေဆြ ၏ ႏိုင္ငံေတာ္ဈာပနအခမ္းအနားကို ယေန႔ (ၾသဂုတ္ ၁၁ ရက္) ေန႔လယ္ပိုင္းက ေနျပည္ေတာ္၊ တပ္မေတာ္ေဆး႐ုံႀကီးရွိၿငိမ္းေအးဇရပ္ႏွင့္ တပ္မေတာ္စစ္သခ်ႋဳင္း(ေနျပည္ေတာ္) တို႔၌ က်င္းပျပဳ လုပ္ခဲ့သည္။
ယင္းအခမ္းအနားသို႔ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ တို႔ တက္ေရာက္သည္။
အဆိုပါ ႏိုင္ငံေတာ္ဈာပနအခမ္းအနားသို႔ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္၊ မႏၲေလးၿမိဳ႕၊ မစိုးရိမ္တိုက္သစ္မဟာနာယက ဓမၼသမိဒၶိေက်ာင္းဆရာေတာ္ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ၊ မဟာဓမၼကထိက ဗဟုဇနဟိတဓရ ဘဒၵႏၲဝါေသ႒ာဘိဝံသ အမႉးျပဳသည့္ ဆရာေတာ္ႀကီးမ်ား ႂကြေရာက္ေတာ္မူ ၾကၿပီး ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ၊ ႏိုင္ငံေတာ္သမၼတ(ၿငိမ္း) ဦးသိန္းစိန္၊ ဒုတိယ သမၼတ(ၿငိမ္း)မ်ားျဖစ္ၾကသည့္ သီဟသူရတင္ေအာင္ျမင့္ဦးႏွင့္ ဦးဉာဏ္ထြန္း၊ ေကာ္မရွင္ဒုတိယဥကၠ႒ ဒုတိယ တပ္မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ အၿငိမ္းစားအဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ေကာ္မရွင္အဖြဲ႕ဝင္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အမ်ိဳးသားစီမံကိန္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးညိဳေစာႏွင့္ဇနီး၊ ေကာ္မရွင္အဖြဲ႕ဝင္မ်ားႏွင့္ ဇနီးမ်ား၊ ေကာ္မရွင္အတြင္းေရးမႉးႏွင့္ဇနီး၊ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ အၿငိမ္းစားျပည္ေထာင္စုအဆင့္ ပုဂၢိဳလ္မ်ားႏွင့္ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ယာယီသမၼတ ဦးျမင့္ေဆြ၏ ဇနီး ေဒၚခင္သက္ေဌးႏွင့္ မိသားစုဝင္မ်ား၊ ေဆြမ်ိဳးသားခ်င္းမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္ မ်ားႏွင့္ ဝတ္အသင္းအဖြဲ႕မ်ား တက္ေရာက္ၾကသည္။
ဦးစြာ ယာယီသမၼတဦးျမင့္ေဆြ၏ ႂကြင္းက်န္ရစ္သည့္ ႐ုပ္ကလာပ္အား စစ္ေရးျပအခမ္းအနားျဖင့္ ႐ုပ္ကလာပ္ တင္ေဆာင္မည့္ေနရာသို႔ သယ္ေဆာင္ၾကၿပီး ႏိုင္ငံ ေတာ္သမၼတ(ၿငိမ္း) ဦးသိန္းစိန္၊ ဒုတိယသမၼတ(ၿငိမ္း)မ်ား ျဖစ္ၾကသည့္ သီဟသူရ တင္ေအာင္ျမင့္ဦး ႏွင့္ ဦးဉာဏ္ထြန္း၊ အၿငိမ္းစားအဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ေကာ္မရွင္ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ဇနီး၊ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္မ်ား၊ ေကာ္မရွင္အဖြဲ႕ဝင္မ်ားႏွင့္ ဇနီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ ယာယီသမၼတဦးျမင့္ေဆြ၏ မိသားစုဝင္မ်ားက ၾကည့္ရႈဂါရဝျပဳၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတို႔သည္ ႏိုင္ငံေတာ္ဈာပနအခမ္းအနားက်င္းပမည့္ ၿငိမ္းေအးဇရပ္ သို႔ေရာက္ရွိၾကၿပီး ၿငိမ္းေအးဇရပ္အတြင္းရွိ ကလာပ္တြင္ ျပင္ဆင္ထားရွိသည့္ ယာယီသမၼတဦးျမင့္ေဆြ၏ ႂကြင္းက်န္ရစ္ေသာ႐ုပ္ကလာပ္အား ၾကည့္ရႈဂါရဝျပဳ ၾကသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ ဇနီးတို႔သည္ ယာယီသမၼတဦးျမင့္ေဆြ၏ ဇနီး ေဒၚခင္သက္ေဌးႏွင့္ မိသားစုဝင္မ်ားအား ရင္းရင္းႏွီးႏွီး အားေပးစကား ေျပာၾကားသည္။
တက္ေရာက္သူမ်ားက သံဃာေတာ္မ်ား၏ တရားနာယူၾကကာယာယီသမၼတ ဦးျမင့္ေဆြ၏ဇနီး ေဒၚခင္သက္ေဌး ႏွင့္မိသားစုမ်ားက ယာယီသမၼတ ဦးျမင့္ေဆြ၏ ႂကြင္းက်န္ရစ္ေသာ႐ုပ္ကလာပ္အား ထပ္မံၾကည့္ရႈဂါရဝျပဳၾက သည္။
၎ေနာက္ ယာယီသမၼတဦးျမင့္ေဆြ၏ ႂကြင္းက်န္ရစ္သည့္႐ုပ္ကလာပ္အား တပ္မေတာ္စစ္သခ်ႋဳင္း (ေနျပည္ေတာ္) သို႔ ပို႔ေဆာင္ရန္အတြက္ ျပည္ေထာင္စုဝန္ႀကီး ၈ ဦးက အေျမာက္ယာဥ္ေပၚသို သယ္ယူပို႔ေဆာင္ လာရာ တပ္မေတာ္ဂုဏ္ျပဳ ေသနတ္အဖြဲ႕မွ ေနရာယူ၍ ေသနတ္ေျမႇာက္၍ အေလးျပဳျခင္း၊ သက္ေပ်ာက္ ေ႐ႊေရအိုးခြဲျခင္းတို႔ကို ေဆာင္႐ြက္ၾကသည္။
ထိုေနာက္ ယာယီသမၼတဦးျမင့္ေဆြ၏ ႐ုပ္ကလာပ္တင္ေဆာင္ထားသည့္ အေျမာက္ယာဥ္ႏွင့္ ႏိုင္ငံေတာ္ဈာပန ယာဥ္တန္းသည္ ေနျပည္ေတာ္ တပ္မေတာ္ေဆး႐ုံႀကီးရွိ ၿငိမ္းေအးဇရပ္မွ တပ္မေတာ္စစ္သခ်ႋဳင္း(ေနျပည္ေတာ္)သို႔ ထြက္ခြာရာ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ႏွင့္ဇနီး၊ ေကာ္မရွင္ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္ဇနီး၊ ေကာ္မရွင္အဖြဲဝင္မ်ား ႏွင့္ဇနီးမ်ား၊ ယာယီသမၼတ ဦးျမင့္ေဆြ၏ဇနီး ေဒၚခင္သက္ေဌးႏွင့္ မိသားစုဝင္မ်ား၊ ေဆြမ်ိဳးသားခ်င္းမ်ား၊ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ားႏွင့္ ဝတ္အသင္းအဖြဲ႕မ်ားက လိုက္ပါပို႔ေဆာင္ၾကသည္။
ယာယီသမၼတဦးျမင့္ေဆြ၏႐ုပ္ကလာပ္ကိုတင္ေဆာင္ထားသည့္ အေျမာက္တင္ ယာဥ္ႏွင့္ ႏိုင္ငံေတာ္ဈာပန ယာဥ္တန္းသည္ ေနျပည္ေတာ္ တပ္မေတာ္ေဆး႐ုံႀကီးရွိ ၿငိမ္းေအးဇရပ္မွ ပုဗၺသီရိၿမိဳ႕ပတ္လမ္းအတိုင္း တပ္မေတာ္စစ္သခ်ႋဳင္း (ေနျပည္ေတာ္) သို႔ေမာင္းႏွင္လာရာ လမ္းတစ္ေလွ်ာက္၌ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မွ တပ္မေတာ္သားမ်ား ႏွင့္ မိသားစုဝင္မ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ျပည္သူလူထုမ်ားက ဝမ္းနည္းျခင္း အထိမ္းအမွတ္ျဖင့္ ဂါရဝျပဳ ဦးၫႊတ္ႏႈတ္ဆက္ၾကသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္ဈာပနယာဥ္တန္းသည္ တပ္မေတာ္စစ္သခ်ႋဳင္း (ေနျပည္ေတာ္)သို႔ ေရာက္ရွိၿပီး ယာယီ သမၼတဦးျမင့္ေဆြ၏ ႂကြင္းက်န္ရစ္သည့္႐ုပ္ကလာပ္အား ဂုဏ္ျပဳအခမ္းအနားက်င္းပမည့္ေနရာသို႔ ဂုဏ္ျပဳ စစ္ေရးျပျဖင့္ ပို႔ေဆာင္ၾကရာ ယာယီသမၼတဦးျမင့္ေဆြ၏ ဇနီးႏွင့္မိသားစုဝင္မ်ား၊ ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ေကာ္မရွင္ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္ဇနီး၊ ျပည္ေထာင္စုအဆင့္ ပုဂၢိဳလ္မ်ားႏွင့္ဇနီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ အသင္းအဖြဲ႕အသီးသီးမွ တာဝန္ရွိသူမ်ားႏွင့္ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္မ်ားက ပို႔ေဆာင္ၾကသည္။
၎ေနာက္ ယာယီသမၼတဦးျမင့္ေဆြ၏ ႐ုပ္ကလာပ္အား ျပည္ေထာင္စုဝန္ႀကီး ၈ ဦးက ႐ုပ္ကလာပ္တင္စင္ေပၚသို႔ ပို႔ေဆာင္ တင္ေဆာင္ၾကသည္။
ယင္းေနာက္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒၊ ေကာ္မရွင္ဒုတိယဥကၠ႒ႏွင့္ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္မ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွအဆင့္ျမင့္ တပ္မေတာ္အရာရွိႀကီးမ်ားက ေနရာယူၾကၿပီး တပ္မေတာ္ဂုဏ္ျပဳ ေသနတ္ပစ္အဖြဲ႕က ဂုဏ္ျပဳစစ္ေရးျပအစီအစဥ္အတိုင္း ေဆာင္႐ြက္ကာ ေသနတ္ေျမစိုက္ ဦးခိုက္အေလးျပဳၾကၿပီး ေသနတ္ေျမႇာက္အေလးျပဳၾကသည္။
ထိုေနာက္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ၏ အမိန႔္ျပန္တမ္းအား ဖတ္ၾကားၿပီး အမိန႔္ျပန္တမ္းအား ယာယီသမၼတဦးျမင့္ေဆြ၏ ႂကြင္းက်န္ရစ္သည့္ ႐ုပ္ကလာပ္ထည့္ သြင္းထားေသာ အေခါင္းအတြင္းသို႔ ထည့္သြင္းသည္။
ယင္းေနာက္ တပ္မေတာ္ဂုဏ္ျပဳေသနတ္ပစ္အဖြဲ႕က ေသနတ္ ၃ ခ်က္ပစ္ေဖာက္ ဂုဏ္ျပဳၾကၿပီး ေနာက္ဆုံး အႀကိမ္အျဖစ္ ေသနတ္ေျမႇာက္အေလးျပဳကာ စစ္ခရာ မႈတ္၍ ဂုဏ္ျပဳၾကသည္။

ထို႔ေနာက္ အခမ္းအနားတက္ေရာက္လာၾကသည့္ ကိုရီးယားဒီမိုကရက္တစ္ သမၼတႏိုင္ငံ၊ နီေပါႏိုင္ငံ၊ ထိုင္းႏိုင္ငံ၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ အိႏၵိယႏိုင္ငံ၊ ယူေအအီးႏိုင္ငံ၊ သီရိလကၤာႏိုင္ငံ၊ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ၊ လာအိုႏိုင္ငံတို႔မွ သံအမတ္ႀကီးမ်ား၊ အင္ဒိုနီးရွားႏိုင္ငံ၊ ဖိလစ္ပိုင္ႏိုင္ငံႏွင့္ ဘ႐ူႏိုင္းႏိုင္ငံတို႔မွ သံ႐ုံးယာယီတာဝန္ခံမ်ား၊ ဗီယက္နမ္ႏိုင္ငံသံအမတ္ႀကီး ကိုယ္စား ပထမအတြင္းဝန္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ႏိုင္ငံျခားစစ္သံ႐ုံးမ်ားမွ စစ္သံမႉး ၁၆ ဦးတို႔က ယာယီသမၼတ ဦးျမင့္ေဆြ၏ ႐ုပ္ကလာပ္အား တစ္ဦးခ်င္း ဂါရဝျပဳၾကသည္။
၄င္းေနာက္ ယာယီသမၼတ ဦးျမင့္ေဆြ၏ဇနီးႏွင့္ မိသားစုဝင္မ်ားက ေနာက္ဆုံး အႀကိမ္အျဖစ္ ဂါရဝျပဳၾကၿပီး ယာယီသမၼတ ဦးျမင့္ေဆြ၏ ႐ုပ္ကလာပ္အား မီးသၿဂႋဳဟ္ စက္အတြင္းသို႔ ထည့္သြင္းမီးသၿဂႋဳဟ္သည္။
ယင္းေနာက္ ယာယီသမၼတ ဦးျမင့္ေဆြ၏ အ႐ိုးျပာထည့္သြင္းထားေသာ ေႂကြ အိုးအား ယာယီသမၼတဦးျမင့္ေဆြ၏ သား ဗိုလ္ႀကီး ေက်ာ္ဘုန္းျမင့္(ၿငိမ္း) က ဦးေဆာင္ကာ မိသားစုဝင္မ်ားႏွင့္အတူ ဂူသြင္းမည့္ေနရာသို သယ္ေဆာင္ ၾကသည္။
ထိုေနာက္ ႏိုင္ငံေတာ္ဈာပန က်င္းပေရးဦးစီးေကာ္မတီ ဥကၠ႒၊ ဒုတိယဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ား၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ တက္ေရာက္လာၾကသူမ်ားက ယာယီသမၼတဦးျမင့္ေဆြ၏ အ႐ိုးျပာေႂကြအိုးအား ဂူအတြင္း ထည့္သြင္း၍ ဂူပိတ္မႈကို ၾကည့္ရႈၾကကာ ယင္းေနာက္ ယာယီသမၼတဦးျမင့္ေဆြ၏ ဂူဗိမာန္အား မိသားစုဝင္မ်ားက ဂါရဝျပဳခဲ့ၾကေၾကာင္း သိရသည္။