ရွေးကောက်ပွဲ မအောင်မြင်စေရန် မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစားမှုတို့ဖြင့် တစ်ဖက်လှည့်ထိုးနှက်မှုများလုပ်လာနိုင်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌပြော

471

သန့်ဇင် (NP News) - ဩဂုတ် ၁၃
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများနှင့်အဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲမအောင်မြင်စေရန် မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစားမှုတို့ဖြင့် တစ်ဖက်လှည့်ထိုးနှက်မှုများလုပ်လာနိုင်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့(ဩဂုတ်လ ၁၂ ရက်)၊ နံနက်ပိုင်းက နေပြည်တော်တွင်ကျင်းပသော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အဓိက ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများနှင့်အဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှုမရှိစေရေး အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လာနိုင်မည်ဖြစ်သကဲ့သို့ ထိုးနှက်မှုများကိုလည်း လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစားမှုစသည်တို့ဖြင့် တစ်ဖက်လှည့်ထိုးနှက်မှုများ လုပ်ဆောင်လာနိုင်ပြီး နိုင်ငံ၏လုံခြုံရေး၊ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သည့်အသွင်ဖြင့် ပုံဖော်လုပ်ဆောင်လာနိုင်ကြောင်းလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ယခုထက်ပိုမို၍ ထိထိရောက်ရောက်တိုက်ဖျက်ဆောင်ရွက်သွားနိုင်ရန်လိုအပ်ကြောင်းလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်ပတ်သက်၍လည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ရန်လိုအပ်ပြီး ပိုက်စိပ်တိုက်သတင်းရယူဖော်ထုတ်၍ တရားဥပဒေနှင့်အညီ နှိမ်နင်းသွားရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
လုံခြုံရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မြေပြင်အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူများနှင့် အတူတကွပူးပေါင်း၍ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူသွားရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတို့နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အလေးထားကိုင်တွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့ကော်မရှင်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည့် လမ်းညွှန်မှုများပြုနိုင်ရန်၊ ထိရောက်စွာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းလည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌကဆိုသည်။
ထို့ကြောင့် ကော်မရှင်အဖွဲ့ဝင်များအားလုံးအနေဖြင့် လုပ်ငန်းရပ်များအားလုံး အောင်မြင်စေရေးနှင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအားလုံးမှ အစဉ်တစိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲ မေအာင္ျမင္ေစရန္ မူးယစ္ေဆးဝါး၊ အြန္လိုင္းေလာင္းကစားမႈတို႔ျဖင့္ တစ္ဖက္လွည့္ထိုးႏွက္မႈမ်ားလုပ္လာႏိုင္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ေျပာ
သန႔္ဇင္ (NP News) - ဩဂုတ္ ၁၃
ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို မလိုလားသူမ်ားႏွင့္အဖြဲ႕အစည္းမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲမေအာင္ျမင္ေစရန္ မူးယစ္ေဆးဝါး၊ အြန္လိုင္းေလာင္းကစားမႈတို႔ျဖင့္ တစ္ဖက္လွည့္ထိုးႏွက္မႈမ်ားလုပ္လာႏိုင္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔(ဩဂုတ္လ ၁၂ ရက္)၊ နံနက္ပိုင္းက ေနျပည္ေတာ္တြင္က်င္းပေသာ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္အစည္းအေဝးတြင္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာတြင္ အထက္ပါကဲ့သို႔ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မိမိတို႔အေနျဖင့္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲေအာင္ျမင္စြာက်င္းပႏိုင္ေရး အဓိက ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ဆိုသည္။
ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို မလိုလားသူမ်ားႏွင့္အဖြဲ႕အစည္းမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲေအာင္ျမင္မႈမရွိေစေရး အဖ်က္အေမွာင့္လုပ္ရပ္မ်ားကို လုပ္ေဆာင္လာႏိုင္မည္ျဖစ္သကဲ့သို႔ ထိုးႏွက္မႈမ်ားကိုလည္း လုပ္ေဆာင္လာႏိုင္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ဆိုသည္။
ထို႔ျပင္ မူးယစ္ေဆးဝါး၊ အြန္လိုင္းေလာင္းကစားမႈစသည္တို႔ျဖင့္ တစ္ဖက္လွည့္ထိုးႏွက္မႈမ်ား လုပ္ေဆာင္လာႏိုင္ၿပီး ႏိုင္ငံ၏လုံၿခဳံေရး၊ ေဒသတြင္းလုံၿခဳံေရးကို ထိခိုက္ေစႏိုင္သည့္အသြင္ျဖင့္ ပုံေဖာ္လုပ္ေဆာင္လာႏိုင္ေၾကာင္းလည္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္း သာယာေရးေကာ္မရွင္ဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို မိမိတို႔အေနျဖင့္ အေလးထားေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ ယခုထက္ပိုမို၍ ထိထိေရာက္ေရာက္တိုက္ဖ်က္ေဆာင္႐ြက္သြားႏိုင္ရန္လိုအပ္ေၾကာင္းလည္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ဆိုသည္။
အြန္လိုင္းေငြေၾကးလိမ္လည္မႈႏွင့္ပတ္သက္၍လည္း ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းႏိုင္ရန္လိုအပ္ၿပီး ပိုက္စိပ္တိုက္သတင္းရယူေဖာ္ထုတ္၍ တရားဥပေဒႏွင့္အညီ ႏွိမ္နင္းသြားရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ဆိုသည္။
လုံၿခဳံေရးပိုင္းဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္ ေျမျပင္အုပ္ခ်ဳပ္ေရးဆိုင္ရာတာဝန္ရွိသူမ်ား၊ ျပည္သူမ်ားႏွင့္ အတူတကြပူးေပါင္း၍ ထိထိေရာက္ေရာက္ ေဖာ္ထုတ္အေရးယူသြားရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ဆိုသည္။
မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး၊ အြန္လိုင္းေငြေၾကးလိမ္လည္မႈတိုက္ဖ်က္ေရး၊ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးတို႔ႏွင့္ပတ္သက္၍ မိမိတို႔အေနျဖင့္ အေလးထားကိုင္တြယ္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္းလည္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။
မိမိတို႔ေကာ္မရွင္အေနျဖင့္ ႏိုင္ငံေတာ္ကာကြယ္ေရး၊ လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး၊ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ လိုအပ္သည့္ လမ္းၫႊန္မႈမ်ားျပဳႏိုင္ရန္၊ ထိေရာက္စြာေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ႏိုင္ရန္ ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္းလည္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ကဆိုသည္။
ထို႔ေၾကာင့္ ေကာ္မရွင္အဖြဲ႕ဝင္မ်ားအားလုံးအေနျဖင့္ လုပ္ငန္းရပ္မ်ားအားလုံး ေအာင္ျမင္ေစေရးႏွင့္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရးအားလုံးမွ အစဥ္တစိုက္ ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္သြားရန္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က မွာၾကားခဲ့ေၾကာင္း သိရသည္။