ပလက်ဝ ကို AA က ခရိုင်သတ်မှတ်ခြင်းသည် အင်အားဗဟိုပြုသော ကိုလိုနီစနစ်တစ်ခုသာဖြစ်ကြောင်း ချင်းနှစ်ဖွဲ့ ထုတ်ပြန်

685

သက်ပိုင် (NP News) - ဩဂုတ် ၁၃
ပလက်ဝ ကို AA က ခရိုင်သတ်မှတ်ခြင်းသည် အင်အားဗဟိုပြုသော ကိုလိုနီစနစ်တစ်ခုသာဖြစ်ကြောင်း ချင်းတိုင်းရင်းသားအဖွဲ့ နှစ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက AA ၏ သတင်းစာရှင်းလင်းပွဲတွင် ခိုင်သုခက ပလက်ဝ ကို ရခိုင်ပြည်နယ်မှ AA ထိန်းချုပ်ရာဒေသ၏ ခရိုင်တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ပြောကြားသည့်အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း Global Khumi Organization (GKO) နှင့် နိုင်ငံတကာခူမီးလူငယ်များ အသင်း(GKYA)တို့က ဩဂုတ်လ ၁၂ ရက်တွင် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ULA/AA အနေဖြင့် ၎င်းတို့၏ အရှိန်အဝါကိုအကြောင်းပြု၍ ဒေသခံဌာနေချင်းတိုင်းရင်းသား ပြည်သူလူထု၏ သဘောဆန္ဒမပါဘဲ ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်း သည် မိမိတို့ဒေသခံပြည်လူထု၏ နိုင်ငံရေးဖြစ်တည်မှုကို မျက်ကွယ်ပြုခြင်းဖြစ်ကြောင်းနှင့် ပြည်ထောင်စုမြစ်ဖျားခံရာ ပင်လုံကတိကဝတ်စာချုပ်ပါအချက်များ၊ ခေတ်အဆက်ဆက်တွင် ကျင့်သုံးခဲ့သော မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒများအရ တည်ရှိခဲ့သည့် ချင်းပြည်နယ် နယ်နိမိတ်နှင့် ချင်းပြည်သူတစ်ရပ်လုံး၏ သဘောဆန္ဒကိုလည်း ချိုးဖျက်ခြင်းဖြစ်ကာ အင်အားဗဟိုပြုသော ကိုလိုနီစနစ်တစ်ခုသာဖြစ်ပြီး ဒီမိုကရေစီစနစ်နှင့်လည်း ဆန့်ကျင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ခိုင်သုခအနေဖြင့် ပလက်ဝမြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိဟု ငြင်းဆိုမှုကိုလည်း ပြင်းထန်စွာကန့်ကွက်ကြောင်း နှင့် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်ကစ၍ AA က ပလက်ဝမြို့နယ်အား ထိန်းချုပ်ထားပြီး တစ်နှစ်ကျော်ကာလအတွင်း လူသတ်မှု (၆) ကြိမ်၊ မုဒိမ်းမှု (၅) ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဒေသတွင်း လူ့အခွင့်အရေးမှတ်တမ်းများအရသိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ULA/AA အနေဖြင့် အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်လာရေးအတွက် တစ်စုံတစ်ရာ လုပ်ဆောင်ဖော်ထုတ်ခြင်းမရှိဘဲ ပလက်ဝမြို့နယ်အတွင်း တရားဥပေဒစိုးမိုးရေး အားကောင်းသည်ဟု ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခမှ ပြောဆိုခြင်းမှာ ပြည်သူတစ်ရပ်လုံးအား မဟုတ်မမှန်ဝါဒဖြန့်ချီခြင်း သက်သက်သာဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

Zawgyi Version:
ပလက္ဝ ကို AA က ခ႐ိုင္သတ္မွတ္ျခင္းသည္ အင္အားဗဟိုျပဳေသာ ကိုလိုနီစနစ္တစ္ခုသာျဖစ္ေၾကာင္း ခ်င္းႏွစ္ဖြဲ႕ ထုတ္ျပန္
သက္ပိုင္ (NP News) - ဩဂုတ္ ၁၃
ပလက္ဝ ကို AA က ခ႐ိုင္သတ္မွတ္ျခင္းသည္ အင္အားဗဟိုျပဳေသာ ကိုလိုနီစနစ္တစ္ခုသာျဖစ္ေၾကာင္း ခ်င္းတိုင္းရင္းသားအဖြဲ႕ ႏွစ္ဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက AA ၏ သတင္းစာရွင္းလင္းပြဲတြင္ ခိုင္သုခက ပလက္ဝ ကို ရခိုင္ျပည္နယ္မွ AA ထိန္းခ်ဳပ္ရာေဒသ၏ ခ႐ိုင္တစ္ခုအျဖစ္ သတ္မွတ္ထားေၾကာင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ယင္းသို႔ေျပာၾကားသည့္အေပၚ ျပင္းထန္စြာကန႔္ကြက္ေၾကာင္း Global Khumi Organization (GKO) ႏွင့္ ႏိုင္ငံတကာခူမီးလူငယ္မ်ား အသင္း(GKYA)တို႔က ဩဂုတ္လ ၁၂ ရက္တြင္ ပူးတြဲေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့သည္။
ULA/AA အေနျဖင့္ ၎တို႔၏ အရွိန္အဝါကိုအေၾကာင္းျပဳ၍ ေဒသခံဌာေနခ်င္းတိုင္းရင္းသား ျပည္သူလူထု၏ သေဘာဆႏၵမပါဘဲ ယခုကဲ့သို႔ သတ္မွတ္လိုက္ျခင္း သည္ မိမိတို႔ေဒသခံျပည္လူထု၏ ႏိုင္ငံေရးျဖစ္တည္မႈကို မ်က္ကြယ္ျပဳျခင္းျဖစ္ေၾကာင္းႏွင့္ ျပည္ေထာင္စုျမစ္ဖ်ားခံရာ ပင္လုံကတိကဝတ္စာခ်ဳပ္ပါအခ်က္မ်ား၊ ေခတ္အဆက္ဆက္တြင္ က်င့္သုံးခဲ့ေသာ ျမန္မာႏိုင္ငံဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥေပဒမ်ားအရ တည္ရွိခဲ့သည့္ ခ်င္းျပည္နယ္ နယ္နိမိတ္ႏွင့္ ခ်င္းျပည္သူတစ္ရပ္လုံး၏ သေဘာဆႏၵကိုလည္း ခ်ိဳးဖ်က္ျခင္းျဖစ္ကာ အင္အားဗဟိုျပဳေသာ ကိုလိုနီစနစ္တစ္ခုသာျဖစ္ၿပီး ဒီမိုကေရစီစနစ္ႏွင့္လည္း ဆန္႔က်င္ေနေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔အျပင္ ခိုင္သုခအေနျဖင့္ ပလက္ဝၿမိဳ႕နယ္အတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား မရွိဟု ျငင္းဆိုမႈကိုလည္း ျပင္းထန္စြာကန႔္ကြက္ေၾကာင္း ႏွင့္ ၂ဝ၂၄ ခုႏွစ္၊ ဇန္နဝါရီလ (၁၄) ရက္ကစ၍ AA က ပလက္ဝၿမိဳ႕နယ္အား ထိန္းခ်ဳပ္ထားၿပီး တစ္ႏွစ္ေက်ာ္ကာလအတြင္း လူသတ္မႈ (၆) ႀကိမ္၊ မုဒိမ္းမႈ (၅) ႀကိမ္ ျဖစ္ပြားခဲ့သည္ဟု ေဒသတြင္း လူ႔အခြင့္အေရးမွတ္တမ္းမ်ားအရသိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ULA/AA အေနျဖင့္ အဆိုပါျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ အမႈမွန္ေပၚေပါက္လာေရးအတြက္ တစ္စုံတစ္ရာ လုပ္ေဆာင္ေဖာ္ထုတ္ျခင္းမရွိဘဲ ပလက္ဝၿမိဳ႕နယ္အတြင္း တရားဥေပဒစိုးမိုးေရး အားေကာင္းသည္ဟု ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခမွ ေျပာဆိုျခင္းမွာ ျပည္သူတစ္ရပ္လုံးအား မဟုတ္မမွန္ဝါဒျဖန႔္ခ်ီျခင္း သက္သက္သာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။