နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများတွင် အချက်တစ်ချက် ထပ်မံဖြည့်စွက်ခြင်းမှာ (၂ဝ၂ဝ) ဖြစ်စဉ်မျိုး ထပ်မကြုံရန် ဖြစ်ဟုဆို

843

သက်ပိုင် (NP News) - သြဂုတ် ၁၄
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်း ဥပဒေများတွင် အချက်တစ်ချက် ထပ်မံဖြည့်စွက် ခြင်းမှာ (၂၀၂၀) ဖြစ်စဉ်မျိုး ထပ်မကြုံရန်ဖြစ်ကြောင်း နှင့် နိုင်ငံရေးပါတီကြီးများကို သတိပေးခြင်းဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ၏ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က NP News သို့ ပြောသည်။
ယင်းဥပဒေပါ နည်းဥပဒေ (၁၅)တွင် ပါတီ မှတ်ပုံတင်ခွင့်ပြုခြင်းကို ပယ်ဖျက်နိုင်သော အ ကြောင်းများကို ဖော်ပြထားခြင်းဖြစ်ကာ ယင်းအချက် များတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာ ဏာတည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေသည့် ပြုလုပ် မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊ ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာမှုမရှိခြင်း စသည်တို့ ပါဝင်ခြင်း ဖြစ်သည်။
ယင်းနောက် ဥပဒေခွဲ(ည)၏ နောက်တွင် နည်းဥပဒေခွဲ(ဋ)အဖြစ် ရွေးကောက်ပွဲတွင် မဲမ သမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိခြင်းဆိုသော အချက်ကို အချက်တစ်ချက်အဖြစ် ထပ်မံဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။ " တည်ဆဲအစိုးရက နောက်တစ်ဆင့် အာဏာလောဘတက်သွားတဲ့အခါမှာ မိုးမမြင် လေ မမြင်ပေါ့ဗျာ။ အဲဒီတော့ ဆောင်ရန်ရှောင်ရန်လေး တွေကို သတိမေ့လျော့သွားတတ်တာပေါ့။ အဲဒီလို ဖြစ်စဉ်မျိုးမဖြစ်ဖို့အတွက် ရည်òန်းတာဖြစ် ပုံပေါက် ပါတယ်။ အဓိကကတော့ အာဏာရတဲ့ပါတီတွေ၊ အာဏာရလတ္တံ့။ ပါတီကြီးတွေအနေနဲ့ ဒီလိုမျိုးမတ ရားသဖြင့် ပြုကျင့်မှုတွေ မလုပ်ပါနဲ့။ ဆောင်ရန် ရှောင်ရန်တားတဲ့ သဘောပါပဲ။ ပါတီလေးတွေ၊ ပါတီ အလတ် တွေထက် ပါတီအကြီးတွေကို အသိပေးတာ ဖြစ်ဖို့များပါတယ်" ဟု ဒေါက်တာ အေးမောင်က ပြောသည်။
ထို့ပြင် ထိုသို့ ဖြည့်စွက်မှုမရှိခဲ့သည့်အတွက် ပြီးခဲ့သည့် (၂၀၂၀) အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ကြုံတွေခဲ့ရပြီး ထိုသို့ မဖြစ်စေရေး အတွက် ယခုကဲ့သို့ ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
" NLD ဘက်က (၂ဝ၂၀) ရွေးကောက် ပွဲကို လွှတ်တော်ခေါ်ယူပြီးမှ အဖြေထုတ်ဖို့ကြိုးစား ခဲ့တာပေါ့။ လွှတ်တော်အမတ်အသစ်တွေနဲ့ လွှတ် တော်ခေါ်ဖို့လုပ်ခဲ့တယ်။ ဒါကြောင့် နစက ပေါ်ထွန်း လာတယ်ပေါ့ဗျာ။ ပေါ်ထွန်းလာတော့ မဲမသမာမှု (၁၁)သန်းလောက်တွေ့တယ်လို့ပြောပါတယ်။ အဲဒီတော့ နစကတက်တဲ့အခါမှာ သူတို့ဘက်က သုံး သပ်တာလေးတွေရှိတယ်။ ပထမတစ်ချက်က မဲစာရင်းတွေမှန်ကန်ဖို့ လိုတယ်။ အဲဒါတွေကို စိစစ်မယ်။ မဲလက်မှတ်တွေကို စိစစ်မယ်။ အဲဒီနောက်မှာ တရား မဲ့ပြုကျင့်မှုတွေကို စိစစ်မယ်လို့ ပြောတယ်။ အဲဒါက နစက က (၂၀၂၀) ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သူတို့ဘက်က သုံးသပ်တွေ့တာပေါ့လေ။ အဲဒီလိုနဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းနည်းဥပဒေကို ပြန်ပြင် လာတာပေါ့" ဟု ဒေါက်တာ အေးမောင်က သုံးသပ် သည်။

Zawgyi Version:
ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း နည္းဥပေဒမ်ားတြင္ အခ်က္တစ္ခ်က္ ထပ္မံျဖည့္စြက္ျခင္းမွာ (၂ဝ၂ဝ) ျဖစ္စဥ္မ်ိဳး ထပ္မႀကဳံရန္ ျဖစ္ဟုဆို
သက္ပိုင္ (NP News) - ၾသဂုတ္ ၁၄
ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းနည္း ဥပေဒမ်ားတြင္ အခ်က္တစ္ခ်က္ ထပ္မံျဖည့္စြက္ ျခင္းမွာ (၂၀၂၀) ျဖစ္စဥ္မ်ိဳး ထပ္မႀကဳံရန္ျဖစ္ေၾကာင္း ႏွင့္ ႏိုင္ငံေရးပါတီႀကီးမ်ားကို သတိေပးျခင္းျဖစ္ေၾကာင္း ရခိုင့္ဦးေဆာင္ပါတီ၏ဥကၠ႒ ေဒါက္တာ ေအးေမာင္က NP News သို႔ ေျပာသည္။
ယင္းဥပေဒပါ နည္းဥပေဒ (၁၅)တြင္ ပါတီ မွတ္ပုံတင္ခြင့္ျပဳျခင္းကို ပယ္ဖ်က္ႏိုင္ေသာ အ ေၾကာင္းမ်ားကို ေဖာ္ျပထားျခင္းျဖစ္ကာ ယင္းအခ်က္ မ်ားတြင္ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသား စည္းလုံးညီၫြတ္မႈ မၿပိဳကြဲေရးႏွင့္ အခ်ဳပ္အျခာအာ ဏာတည္တံ့ခိုင္ၿမဲေရးတို႔ကို ထိခိုက္ေစသည့္ ျပဳလုပ္ မႈတစ္ရပ္ရပ္ကို ျပဳလုပ္ျခင္း၊ တရားဥပေဒစိုးမိုးေရးႏွင့္ ေအးခ်မ္းသာယာေရးကို ထိခိုက္ေစသည့္ ျပဳလုပ္မႈ တစ္ရပ္ရပ္ကို ျပဳလုပ္ျခင္း၊ ျပည္ေထာင္စုသမၼတျမန္ မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ တည္ဆဲ ဥပေဒမ်ားကို ေလးစားလိုက္နာမႈမရွိျခင္း စသည္တို႔ ပါဝင္ျခင္း ျဖစ္သည္။
ယင္းေနာက္ ဥပေဒခြဲ(ည)၏ ေနာက္တြင္ နည္းဥပေဒခြဲ(ဋ)အျဖစ္ ေ႐ြးေကာက္ပြဲတြင္ မဲမ သမာမႈႏွင့္ တရားမဲ့ျပဳက်င့္မႈမ်ားကို က်ဴးလြန္ေၾကာင္း ေကာ္မရွင္က စစ္ေဆးေတြ႕ရွိျခင္းဆိုေသာ အခ်က္ကို အခ်က္တစ္ခ်က္အျဖစ္ ထပ္မံျဖည့္စြက္လိုက္ျခင္း ျဖစ္သည္။ " တည္ဆဲအစိုးရက ေနာက္တစ္ဆင့္ အာဏာေလာဘတက္သြားတဲ့အခါမွာ မိုးမျမင္ ေလ မျမင္ေပါ့ဗ်ာ။ အဲဒီေတာ့ ေဆာင္ရန္ေရွာင္ရန္ေလး ေတြကို သတိေမ့ေလ်ာ့သြားတတ္တာေပါ့။ အဲဒီလို ျဖစ္စဥ္မ်ိဳးမျဖစ္ဖို႔အတြက္ ရည္òန္းတာျဖစ္ ပုံေပါက္ ပါတယ္။ အဓိကကေတာ့ အာဏာရတဲ့ပါတီေတြ၊ အာဏာရလတၱံ့။ ပါတီႀကီးေတြအေနနဲ႔ ဒီလိုမ်ိဳးမတ ရားသျဖင့္ ျပဳက်င့္မႈေတြ မလုပ္ပါနဲ႔။ ေဆာင္ရန္ ေရွာင္ရန္တားတဲ့ သေဘာပါပဲ။ ပါတီေလးေတြ၊ ပါတီ အလတ္ ေတြထက္ ပါတီအႀကီးေတြကို အသိေပးတာ ျဖစ္ဖို႔မ်ားပါတယ္" ဟု ေဒါက္တာ ေအးေမာင္က ေျပာသည္။
ထို႔ျပင္ ထိုသို႔ ျဖည့္စြက္မႈမရွိခဲ့သည့္အတြက္ ၿပီးခဲ့သည့္ (၂၀၂၀) အေထြေထြေ႐ြးေကာက္ပြဲတြင္ မဲမသမာမႈမ်ား ႀကဳံေတြခဲ့ရၿပီး ထိုသို႔ မျဖစ္ေစေရး အတြက္ ယခုကဲ့သို႔ ဥပေဒကို ျပန္လည္ျပင္ဆင္ခဲ့ျခင္း ျဖစ္ႏိုင္ေၾကာင္း ၎က ဆိုသည္။
" NLD ဘက္က (၂ဝ၂၀) ေ႐ြးေကာက္ ပြဲကို လႊတ္ေတာ္ေခၚယူၿပီးမွ အေျဖထုတ္ဖို႔ႀကိဳးစား ခဲ့တာေပါ့။ လႊတ္ေတာ္အမတ္အသစ္ေတြနဲ႔ လႊတ္ ေတာ္ေခၚဖို႔လုပ္ခဲ့တယ္။ ဒါေၾကာင့္ နစက ေပၚထြန္း လာတယ္ေပါ့ဗ်ာ။ ေပၚထြန္းလာေတာ့ မဲမသမာမႈ (၁၁)သန္းေလာက္ေတြ႕တယ္လို႔ေျပာပါတယ္။ အဲဒီေတာ့ နစကတက္တဲ့အခါမွာ သူတို႔ဘက္က သုံး သပ္တာေလးေတြရွိတယ္။ ပထမတစ္ခ်က္က မဲစာရင္းေတြမွန္ကန္ဖို႔ လိုတယ္။ အဲဒါေတြကို စိစစ္မယ္။ မဲလက္မွတ္ေတြကို စိစစ္မယ္။ အဲဒီေနာက္မွာ တရား မဲ့ျပဳက်င့္မႈေတြကို စိစစ္မယ္လို႔ ေျပာတယ္။ အဲဒါက နစက က (၂၀၂၀) ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ သူတို႔ဘက္က သုံးသပ္ေတြ႕တာေပါ့ေလ။ အဲဒီလိုနဲ႔ ႏိုင္ငံေရးပါတီ မွတ္ပုံတင္ျခင္းနည္းဥပေဒကို ျပန္ျပင္ လာတာေပါ့" ဟု ေဒါက္တာ ေအးေမာင္က သုံးသပ္ သည္။