ဒီမိုကရေစီစနစ်ဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဆိုပါက တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌပြောကြား

640

သန့်ဇင်(NP News)-ဩဂုတ် ၁၉
ဒီမိုကရေစီစနစ်ဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဆိုပါက တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့(ဩဂုတ်လ ၁၈ရက်) မွန်းလွဲပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုများအား တပ်နယ် ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ၎င်းမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်မှုကြောင့်ဖြစ်ပွားခဲ့သည့် ပြဿနာများအား နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အတွက် မဲစာရင်းများမှန်ကန်စွာရရှိရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကိုဆောင်ရွက်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲစတင် ကျင်းပပြုလုပ်မည်ကို ယနေ့တွင်ထုတ်ပြန် ခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အချို့ပြင်ဆင်၍ရသည်များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြင်ဆင်ဆောင် ရွက်ခြင်းကို တပ်မတော်အနေဖြင့် သဘောတူညီပြီးဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
ဒီမိုကရေစီစနစ်ဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဆိုပါက တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်၏ တာဝန်မှာ နိုင်ငံတော် ကာကွယ်ရေးပင်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးချိန်၌ အနိုင်ရရှိသည့် ပါတီမှနိုင်ငံ တော်တာဝန်ကို ထမ်းဆောင်ချိန်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်းပါဝင်၍ နိုင်ငံ့အရေးဆောင် ရွက် ပေးခြင်း၊ တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍ၌ ပါဝင်ဆောင် ရွက်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ရေး ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
တပ်မတော်သည် နိုင်ငံရေးအတွက် ပါဝင်ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင်သာ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ထည့်သွင်းပြောကြား ခဲ့သည်။

Zawgyi Version:
ဒီမိုကေရစီစနစ္ျဖင့္ မွန္မွန္ကန္ကန္ ေဆာင္႐ြက္သြားမည္ဆိုပါက တပ္မေတာ္အေနျဖင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ဟု ႏိုင္ငံေတာ္လုံၿခဳံ ေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ေျပာၾကား
သန႔္ဇင္(NP News)-ဩဂုတ္ ၁၉
ဒီမိုကေရစီစနစ္ျဖင့္ မွန္မွန္ကန္ကန္ ေဆာင္႐ြက္သြားမည္ဆိုပါက တပ္မေတာ္အေနျဖင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔(ဩဂုတ္လ ၁၈ရက္) မြန္းလြဲပိုင္းက အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ မေကြးတပ္နယ္ရွိ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား တပ္နယ္ ခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကားစဥ္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ထည့္သြင္းေျပာၾကား ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
မိမိတို႔အေနျဖင့္ ႏိုင္ငံေတာ္တာဝန္ကို စတင္ထမ္းေဆာင္ခ်ိန္၌ ဆူပူဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့ၿပီး ၎မွတစ္ဆင့္ အၾကမ္းဖက္တိုက္ခိုက္ သတ္ျဖတ္ျခင္းမ်ား ျဖစ္ေပၚလာျခင္းျဖစ္ေၾကာင္း၊ ႏိုင္ငံေရးအရ သေဘာထားမတိုက္ဆိုင္မႈေၾကာင့္ျဖစ္ပြားခဲ့သည့္ ျပႆနာမ်ားအား ႏိုင္ငံေရးအရ ေျဖရွင္းေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ဆိုသည္။
ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ရန္အတြက္ မဲစာရင္းမ်ားမွန္ကန္စြာရရွိေရး ၂၀၂၄ ခုႏွစ္ လူဦးေရႏွင့္အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္း ေကာက္ယူျခင္းကိုေဆာင္႐ြက္ခဲ့ေၾကာင္း၊ ဒီဇင္ဘာ ၂၈ ရက္တြင္ ေ႐ြးေကာက္ပြဲစတင္ က်င္းပျပဳလုပ္မည္ကို ယေန႔တြင္ထုတ္ျပန္ ခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ဆိုသည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးႏွင့္ပတ္သက္၍ အခ်ိဳ႕ျပင္ဆင္၍ရသည္မ်ားကို စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ျပင္ဆင္ေဆာင္ ႐ြက္ျခင္းကို တပ္မေတာ္အေနျဖင့္ သေဘာတူညီၿပီးျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ဆိုသည္။
ဒီမိုကေရစီစနစ္ျဖင့္ မွန္မွန္ကန္ကန္ ေဆာင္႐ြက္သြားမည္ဆိုပါက တပ္မေတာ္အေနျဖင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။
တပ္မေတာ္၏ တာဝန္မွာ ႏိုင္ငံေတာ္ ကာကြယ္ေရးပင္ျဖစ္ေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ၿပီးခ်ိန္၌ အႏိုင္ရရွိသည့္ ပါတီမွႏိုင္ငံ ေတာ္တာဝန္ကို ထမ္းေဆာင္ခ်ိန္၌ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ား လႊတ္ေတာ္အတြင္းပါဝင္၍ ႏိုင္ငံ့အေရးေဆာင္ ႐ြက္ ေပးျခင္း၊ တပ္မေတာ္အေနျဖင့္လည္း ဖြဲ႕စည္းပုံအေျခခံဥပေဒက ေပးအပ္ထားေသာ အမ်ိဳးသားႏိုင္ငံေရးအခန္းက႑၌ ပါဝင္ေဆာင္ ႐ြက္ျခင္းႏွင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ကာကြယ္ျခင္းတို႔ကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္း သာယာ ေရး ေကာ္မရွင္ဥကၠ႒က ဆိုသည္။
တပ္မေတာ္သည္ ႏိုင္ငံေရးအတြက္ ပါဝင္ေဆာင္႐ြက္ျခင္းမဟုတ္ဘဲ ႏိုင္ငံ့အေရးျဖစ္သည့္ ႏိုင္ငံေတာ္ကာကြယ္ေရးလုပ္ငန္းမ်ားတြင္သာ တာဝန္ထမ္းေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒က ထည့္သြင္းေျပာၾကား ခဲ့သည္။