ပြည်ပရောက်မြန်မာလုပ်သားများ၏ မိသားစုထံ လွှဲပို့ငွေ ကိစ္စအတွက် အေဂျင်စီများကို နေပြည်တော်တွင် ခေါ်ယူ စစ်ဆေးမည်

130

Pearl (NP News) - သြဂုတ် ၂၃
ပြည်ပရောက်မြန်မာလုပ်သားများ၏ မိသားစုထံ လွှဲပို့ငွေ ကိစ္စအတွက် အေဂျင်စီများကို နေပြည်တော်တွင် ခေါ်ယူ စစ်ဆေးမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ကိုင်သူများထံမှ သိရသည်။
အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ပြည်ပရောက်မြန်မာအလုပ်သမားများ အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားသည့် ဘဏ်မှတဆင့် မိသားစုထံ ပြန်လည်လွှဲပို့ရန် ထုတ်ပြန်ထားပြီး ထိုသို့လွှဲပို့ထားသည့် အထောက်အထားများကို လာမည့် သြဂုတ်လ (၂၅)ရက်မှစတင်ကာ အလုပ်သမားစေလွှတ်ထားသည့် အေဂျင်စီ များကို ခေါ်ယူစစ်ဆေးသွာမည်ဖြစ်ကြောင်း သိရသည်။
“(၃)လစာပေါ့နော်။ (၃)လအတွင်းမှာ စေလွှတ်ထားတဲ့ လုပ်သားတွေအတွက်ပေါ့နော်။ အဓိကကတော့ သူတို့အိမ် သူတို့ လွှဲတဲ့ ပိုက်ဆံပါ။ အဲဒါကို အထောက်အထားပြပေးရတဲ့သဘောပါ။ (၃)အတွင်း နိုင်ငံလိုက် သတ်မှတ်ထားတဲ့ Amount နှုန်းထားအရ ဥပမာ - ဂျပန်ဆိုရင် ယန်း (၃)သောင်းနှုန်းနဲ့ အလွှဲပြရမှာပေါ့နော်။ (၃)လစာဆို ယန်း (၉)သောင်းပေါ့။ ဥပမာ ကျွန်တော်က လူ (၃၀၀) ပို့ထားတာဆိုရင် ယန်း (၉)သောင်း နဲ့ မြှောက်ပေါ့။ မြှောက်ပြီး မြန်မာငွေ လွှဲထားတဲ့အထောက်အထားပြခိုင်းတာပေါ့။ သူတို့က A to Z ခွဲထားတာပေါ့။ အဖွဲ့လိုက်သွားပြီး အစစ်ဆေးခံရတာပေါ့။ ဂျပန်အေဂျင်စီကတော့ ပိုများတာပေါ့” ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ကိုင်သူများထံမှ သိရသည်။
ပြီးခဲ့သည့် (၃)လအတွင်း ပြည်ပသို့ အလုပ်သမားစေလွှတ်ထားသည့် အေဂျင်စီ (၃၅၉) ခု ရှိကာ ဂျပန်နိုင်ငံသို့ လုပ်သား စေလွှတ်ထားသည့် အေဂျင်စီအရေအတွက် ပိုများကြောင်း သိရသည်။
အဆိုပါအေဂျင်စီများကို တစ်ရက်လျှင် အေဂျင်စီ (၁၀)ခု နှုန်းဖြင့် နေပြည်တော်ရှိ အလုပ်သမားရုံးချုပ်၌ ခေါ်ယူ စစ်ဆေးသွားမည်ပြီး အထောက်အထားအပြည့်အစုံမပြနိုင်သည့်အေဂျင်စီများကိုလည်း အရေးယူမှုများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာလုပ်သားများအနေဖြင့် တာချီလိတ်အပါအဝင် အခြားနယ်စပ်ဂိတ်များမှတဆင့် ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တရားမဝင်သွားရောက်မှုများရှိနေပြီး ယခုနောက်ပိုင်းတွင် အလုပ်သမားဝန်ကြီး ဌာန၏ ကန့်သတ်မှုများကြောင့် နယ်စပ်ဂိတ်များမှတဆင့် ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုမှုများရှိလာခဲ့ကာ နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် အခွန်အခများ နစ်နာနေကြောင်းလည်း သိရသည်။
“အဲဒီလိုလွှတ်ထားတာရှိလို့ သူတို့စစ်ဆေးလို့ တိုင်ထားတာရှိတယ်ဆိုရင်တော့ အရေးယူမယ်ပေါ့နော်။ အဲဒီလိုပြော တယ်။ အေဂျင်စီတွေကနေ အဲဒီလိုလွှတ်ထားတာမျိုးတွေ ရှိတယ်ဆိုပြီး တိုင်ထားတာရှိရင်တော့ အရေးယူမယ် ပေါ့နော်။ အေဂျင်စီတွေအနေနဲ့တော့ အဲဒီလိုမလွှတ်ဖို့တော့ သတိပေးထားဆိုပြီးတော့ ပြောထားတာတော့ရှိတာ ပေါ့။ ပြဿနာရှိရင်တော့ သူ့ဟာသူ အရေးယူတာတော့ ရှိမှာပေါ့လေ။ လောလောဆယ်တော့ အဲဒါကို စစ်မယ်တော့ မကြားသေးဘူးပေါ့။ ညွှန်ကြားထားတာထက် ကျွန်တော်တို့ကို နှုတ်အားဖြင့်ပြောထားတာ။ ခင်ဗျားတို့ အေဂျင်စီ တွေ မလုပ်ကြနဲ့တော့တဲ့။ နယ်စပ်နေ တဖက်နိုင်ငံသွားတာတော့ ဟိုအရင်တည်းက ရှိတာပေါ့။ ဒါကတော့ စကားထဲကြုံလို့ထည့်ပြောတဲ့သဘောပေါ့။ ကျွန်တော်တို့ကို သီးခြားညွှန်ကြားတာတော့ မရှိပါဘူး။ အရင် ဝန်ကြီးတုန်းက ပြောသွားတာပါ” ဟု ၎င်းက ဆက်ပြောသည်။

Zawgyi Version:
ျပည္ပေရာက္ျမန္မာလုပ္သားမ်ား၏ မိသားစုထံ လႊဲပို႔ေငြ ကိစၥအတြက္ ေအဂ်င္စီမ်ားကို ေနျပည္ေတာ္တြင္ ေခၚယူ စစ္ေဆးမည္
Pearl (NP News) - ၾသဂုတ္ ၂၃
ျပည္ပေရာက္ျမန္မာလုပ္သားမ်ား၏ မိသားစုထံ လႊဲပို႔ေငြ ကိစၥအတြက္ ေအဂ်င္စီမ်ားကို ေနျပည္ေတာ္တြင္ ေခၚယူ စစ္ေဆးမည္ျဖစ္ေၾကာင္း ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီလုပ္ကိုင္သူမ်ားထံမွ သိရသည္။
အလုပ္သမားဝန္ႀကီးဌာန အေနျဖင့္ ျပည္ပေရာက္ျမန္မာအလုပ္သမားမ်ား အေျခခံလစာ၏ ၂၅ ရာခိုင္ႏႈန္းကို သတ္မွတ္ထားသည့္ ဘဏ္မွတဆင့္ မိသားစုထံ ျပန္လည္လႊဲပို႔ရန္ ထုတ္ျပန္ထားၿပီး ထိုသို႔လႊဲပို႔ထားသည့္ အေထာက္အထားမ်ားကို လာမည့္ ၾသဂုတ္လ (၂၅)ရက္မွစတင္ကာ အလုပ္သမားေစလႊတ္ထားသည့္ ေအဂ်င္စီ မ်ားကို ေခၚယူစစ္ေဆးသြာမည္ျဖစ္ေၾကာင္း သိရသည္။
“(၃)လစာေပါ့ေနာ္။ (၃)လအတြင္းမွာ ေစလႊတ္ထားတဲ့ လုပ္သားေတြအတြက္ေပါ့ေနာ္။ အဓိကကေတာ့ သူတို႔အိမ္ သူတို႔ လႊဲတဲ့ ပိုက္ဆံပါ။ အဲဒါကို အေထာက္အထားျပေပးရတဲ့သေဘာပါ။ (၃)အတြင္း ႏိုင္ငံလိုက္ သတ္မွတ္ထားတဲ့ Amount ႏႈန္းထားအရ ဥပမာ - ဂ်ပန္ဆိုရင္ ယန္း (၃)ေသာင္းႏႈန္းနဲ႔ အလႊဲျပရမွာေပါ့ေနာ္။ (၃)လစာဆို ယန္း (၉)ေသာင္းေပါ့။ ဥပမာ ကြၽန္ေတာ္က လူ (၃၀၀) ပို႔ထားတာဆိုရင္ ယန္း (၉)ေသာင္း နဲ႔ ေျမႇာက္ေပါ့။ ေျမႇာက္ၿပီး ျမန္မာေငြ လႊဲထားတဲ့အေထာက္အထားျပခိုင္းတာေပါ့။ သူတို႔က A to Z ခြဲထားတာေပါ့။ အဖြဲ႕လိုက္သြားၿပီး အစစ္ေဆးခံရတာေပါ့။ ဂ်ပန္ေအဂ်င္စီကေတာ့ ပိုမ်ားတာေပါ့” ဟု ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီ လုပ္ကိုင္သူမ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ (၃)လအတြင္း ျပည္ပသို႔ အလုပ္သမားေစလႊတ္ထားသည့္ ေအဂ်င္စီ (၃၅၉) ခု ရွိကာ ဂ်ပန္ႏိုင္ငံသို႔ လုပ္သား ေစလႊတ္ထားသည့္ ေအဂ်င္စီအေရအတြက္ ပိုမ်ားေၾကာင္း သိရသည္။
အဆိုပါေအဂ်င္စီမ်ားကို တစ္ရက္လွ်င္ ေအဂ်င္စီ (၁၀)ခု ႏႈန္းျဖင့္ ေနျပည္ေတာ္ရွိ အလုပ္သမား႐ုံးခ်ဳပ္၌ ေခၚယူ စစ္ေဆးသြားမည္ၿပီး အေထာက္အထားအျပည့္အစုံမျပႏိုင္သည့္ေအဂ်င္စီမ်ားကိုလည္း အေရးယူမႈမ်ား ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာလုပ္သားမ်ားအေနျဖင့္ တာခ်ီလိတ္အပါအဝင္ အျခားနယ္စပ္ဂိတ္မ်ားမွတဆင့္ ထိုင္းႏိုင္ငံ၊ စကၤာပူႏိုင္ငံ ႏွင့္ အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားသို႔ တရားမဝင္သြားေရာက္မႈမ်ားရွိေနၿပီး ယခုေနာက္ပိုင္းတြင္ အလုပ္သမားဝန္ႀကီး ဌာန၏ ကန႔္သတ္မႈမ်ားေၾကာင့္ နယ္စပ္ဂိတ္မ်ားမွတဆင့္ ဂ်ပန္ႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုမႈမ်ားရွိလာခဲ့ကာ ႏိုင္ငံေတာ္အေနျဖင့္ ရသင့္ရထိုက္သည့္ အခြန္အခမ်ား နစ္နာေနေၾကာင္းလည္း သိရသည္။
“အဲဒီလိုလႊတ္ထားတာရွိလို႔ သူတို႔စစ္ေဆးလို႔ တိုင္ထားတာရွိတယ္ဆိုရင္ေတာ့ အေရးယူမယ္ေပါ့ေနာ္။ အဲဒီလိုေျပာ တယ္။ ေအဂ်င္စီေတြကေန အဲဒီလိုလႊတ္ထားတာမ်ိဳးေတြ ရွိတယ္ဆိုၿပီး တိုင္ထားတာရွိရင္ေတာ့ အေရးယူမယ္ ေပါ့ေနာ္။ ေအဂ်င္စီေတြအေနနဲ႔ေတာ့ အဲဒီလိုမလႊတ္ဖို႔ေတာ့ သတိေပးထားဆိုၿပီးေတာ့ ေျပာထားတာေတာ့ရွိတာ ေပါ့။ ျပႆနာရွိရင္ေတာ့ သူ႔ဟာသူ အေရးယူတာေတာ့ ရွိမွာေပါ့ေလ။ ေလာေလာဆယ္ေတာ့ အဲဒါကို စစ္မယ္ေတာ့ မၾကားေသးဘူးေပါ့။ ၫႊန္ၾကားထားတာထက္ ကြၽန္ေတာ္တို႔ကို ႏႈတ္အားျဖင့္ေျပာထားတာ။ ခင္ဗ်ားတို႔ ေအဂ်င္စီ ေတြ မလုပ္ၾကနဲ႔ေတာ့တဲ့။ နယ္စပ္ေန တဖက္ႏိုင္ငံသြားတာေတာ့ ဟိုအရင္တည္းက ရွိတာေပါ့။ ဒါကေတာ့ စကားထဲႀကဳံလို႔ထည့္ေျပာတဲ့သေဘာေပါ့။ ကြၽန္ေတာ္တို႔ကို သီးျခားၫႊန္ၾကားတာေတာ့ မရွိပါဘူး။ အရင္ ဝန္ႀကီးတုန္းက ေျပာသြားတာပါ” ဟု ၎က ဆက္ေျပာသည္။