စစ်ပွဲများထပ်မံဖြစ်ပွားလာမည်ဆိုပါက စွမ်းဆောင်ရည် ပိုမြင့်သော ဒုံးကျည်များကို အသုံးပြုသွားမည်ဟု အီရန် ခြိမ်းခြောက်

 354

Pika (NP News) - သြဂုတ် ၂၄

အစ္စရေး၏ တိုက်ခိုက်မှုအသစ်အားလုံးအတွက် ပြင်ဆင်ထားကြောင်းနှင့် ပြီးခဲ့သည့်ဇွန်လက ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အသုံးပြုခဲ့သောဒုံးကျည်များထက် စွမ်းဆောင်ရည်ပိုမြင့်သော ဒုံးကျည်များကို တီထွင်နိုင်ခဲ့ကြောင်း အီရန် အစိုးရက ထုတ်ပြန်ပြော ကြားခဲ့သည်။
အီရန်ကာကွယ်ရေးဝန်ကြီး Aziz Nassi- rzadeh က “ပြီးခဲ့တဲ့ဇွန်လကဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်း အသုံးပြုခဲ့ တဲ့ဒုံးကျည်တွေကို ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက ထုတ်ခဲ့တာပါ။ ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ အရင်ဒုံး ကျည် တွေထက် အဆပေါင်းများစွာ စွမ်းရည်ပိုမိုမြင့်မားတဲ့ ဒုံးကျည်တွေကို တီထွင်ထုတ်လုပ်နိုင်ခဲ့ပါပြီ။ အစ္စရေးက တိုက်ခိုက် မှုတွေ ထပ်မံလုပ်ဆောင်လာမယ်ဆိုရင် အဲဒီဒုံးကျည်အသစ်တွေကို အသုံးပြုပြီး ရန်သူတွေကို ချေမှုန်းသွားမှာပါ” ဟု ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်ဇွန်လတွင် အစ္စရေးနှင့် အီရန်ကြား (၁၂)ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီး အီရန်၏စစ်ဘက် ဆိုင်ရာ အရာရှိများ၊ နျူကလီးယားသိပ္ပံပညာ ရှင်များနှင့် အရပ်သားများစွာသေဆုံးခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရကလည်း အစ္စရေးဘက်မှပါဝင်ကူညီတိုက်ခိုက်ပေးခဲ့ပြီး အီရန်၏နျူက လီးယားဆိုင်ရာ နေရာ သုံးခုကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ နောက်ပိုင်းတွင် အမေရိကန်၏ကြားဝင် စေ့စပ် ပေးမှုများနှင့်အတူ အီရန်နှင့်အစ္စရေးကြား အပစ်အခတ်ရပ်စဲရေးရရှိခဲ့ပြီး စစ်ပွဲ အဆုံးသတ်သွားခဲ့ကြောင်းသိရသည်။ သို့သော်လည်း အစ္စရေးနှင့်စစ်ပွဲမှာ အချိန်မရွေး ပြန်လည်ပေါ်ပေါက် လာနိုင်ကြောင်း အဆိုပါ အချိန်တည်းကစတင်ပြီး အီရန် အရာရှိများက သတိပေးပြောဆိုခဲ့သည်။
ထို့ပြင် ထိပ်တိုက်ရင်ဆိုင်မှုအားလုံးအတွက် ပြင်ဆင်မှုများကို လုပ်ဆောင်ထားကြောင်း အီရန် ဒုသမ္မတ Mohammad Reza Aref က ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ Moh- ammad Reza Aref က “ ကျွန် တော်တို့ဟာ အပစ်အခတ်ရပ်စဲရေးအခြေအနေမှာ ရပ်တန့်နေတာ မဟုတ်ပါဘူး။ အစ္စရေးနဲ့စစ်ပွဲက အချိန်မရွေးပေါ် ပေါက်လာနိုင်ပါတယ်” ဟု သတိပေးပြောဆိုခဲ့သည်။

Zawgyi Version:
စစ္ပြဲမ်ားထပ္မံျဖစ္ပြားလာမည္ဆိုပါက စြမ္းေဆာင္ရည္ ပိုျမင့္ေသာ ဒုံးက်ည္မ်ားကို အသုံးျပဳသြားမည္ဟု အီရန္ ၿခိမ္းေျခာက္
Pika (NP News) - ၾသဂုတ္ ၂၄
အစၥေရး၏ တိုက္ခိုက္မႈအသစ္အားလုံးအတြက္ ျပင္ဆင္ထားေၾကာင္းႏွင့္ ၿပီးခဲ့သည့္ဇြန္လက ျဖစ္ပြားခဲ့ေသာ စစ္ပြဲအတြင္း အသုံးျပဳခဲ့ေသာဒုံးက်ည္မ်ားထက္ စြမ္းေဆာင္ရည္ပိုျမင့္ေသာ ဒုံးက်ည္မ်ားကို တီထြင္ႏိုင္ခဲ့ေၾကာင္း အီရန္ အစိုးရက ထုတ္ျပန္ေျပာ ၾကားခဲ့သည္။
အီရန္ကာကြယ္ေရးဝန္ႀကီး Aziz Nassi- rzadeh က “ၿပီးခဲ့တဲ့ဇြန္လကျဖစ္ပြားခဲ့တဲ့စစ္ပြဲအတြင္း အသုံးျပဳခဲ့ တဲ့ဒုံးက်ည္ေတြကို ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္တုန္းက ထုတ္ခဲ့တာပါ။ ဒီေန႔မွာေတာ့ ကြၽန္ေတာ္တို႔ဟာ အရင္ဒုံး က်ည္ ေတြထက္ အဆေပါင္းမ်ားစြာ စြမ္းရည္ပိုမိုျမင့္မားတဲ့ ဒုံးက်ည္ေတြကို တီထြင္ထုတ္လုပ္ႏိုင္ခဲ့ပါၿပီ။ အစၥေရးက တိုက္ခိုက္ မႈေတြ ထပ္မံလုပ္ေဆာင္လာမယ္ဆိုရင္ အဲဒီဒုံးက်ည္အသစ္ေတြကို အသုံးျပဳၿပီး ရန္သူေတြကို ေခ်မႈန္းသြားမွာပါ” ဟု ေျပာဆိုခဲ့သည္။ ၿပီးခဲ့သည့္ဇြန္လတြင္ အစၥေရးႏွင့္ အီရန္ၾကား (၁၂)ရက္ၾကာ စစ္ပြဲျဖစ္ပြားခဲ့ၿပီး အီရန္၏စစ္ဘက္ ဆိုင္ရာ အရာရွိမ်ား၊ န်ဴကလီးယားသိပၸံပညာ ရွင္မ်ားႏွင့္ အရပ္သားမ်ားစြာေသဆုံးခဲ့ေၾကာင္း သိရသည္။
အေမရိကန္အစိုးရကလည္း အစၥေရးဘက္မွပါဝင္ကူညီတိုက္ခိုက္ေပးခဲ့ၿပီး အီရန္၏န်ဴက လီးယားဆိုင္ရာ ေနရာ သုံးခုကို ဗုံးႀကဲတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ ေနာက္ပိုင္းတြင္ အေမရိကန္၏ၾကားဝင္ ေစ့စပ္ ေပးမႈမ်ားႏွင့္အတူ အီရန္ႏွင့္အစၥေရးၾကား အပစ္အခတ္ရပ္စဲေရးရရွိခဲ့ၿပီး စစ္ပြဲ အဆုံးသတ္သြားခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း အစၥေရးႏွင့္စစ္ပြဲမွာ အခ်ိန္မေ႐ြး ျပန္လည္ေပၚေပါက္ လာႏိုင္ေၾကာင္း အဆိုပါ အခ်ိန္တည္းကစတင္ၿပီး အီရန္ အရာရွိမ်ားက သတိေပးေျပာဆိုခဲ့သည္။
ထို႔ျပင္ ထိပ္တိုက္ရင္ဆိုင္မႈအားလုံးအတြက္ ျပင္ဆင္မႈမ်ားကို လုပ္ေဆာင္ထားေၾကာင္း အီရန္ ဒုသမၼတ Mohammad Reza Aref က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ Moh- ammad Reza Aref က “ ကြၽန္ ေတာ္တို႔ဟာ အပစ္အခတ္ရပ္စဲေရးအေျခအေနမွာ ရပ္တန႔္ေနတာ မဟုတ္ပါဘူး။ အစၥေရးနဲ႔စစ္ပြဲက အခ်ိန္မေ႐ြးေပၚ ေပါက္လာႏိုင္ပါတယ္” ဟု သတိေပးေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.