ရုရှားသမ္မတနဲ့ တွေ့ဆုံမှု မဖြစ်ပွားလာအောင် ရုရှားဘက်က အကုန်လုပ်နေတယ်လို့ ယူကရိန်းသမ္မတ ဝေဖန်

 242

Pika (NP News) - ဩဂုတ် ၂၄
ရုရှားသမ္မတပူတင်နဲ့ ၎င်းတို့ကြားတွေ့ဆုံမှုဖြစ်ပွားလာမှာကို တားဆီးဖို့အတွက် ရုရှားဘက်က တတ်နိုင်သမျှ အရာအားလုံးကိုလုပ်ဆောင်နေတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ရုရှားဘက်က ငြိမ်းချမ်းရေးကို စိတ်မဝင်စားဘူးဆိုရင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ လုပ်ဆောင် ဖို့ ယူကရိန်းရဲ့မိတ်ဖက်နိုင်ငံတွေကို ဇီလန်စကီးက တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။ နေတိုးအဖွဲ့ အကြီးအကဲ မာ့ခ်ရူတီနဲ့တွေ့ဆုံစဉ်အချိန်အတွင်း ယူကရိန်းအတွက် အခြားနိုင်ငံတွေရဲ့လုံခြုံရေးအာမခံချက်တွေ အကြောင်းကို ဆွေးနွေးခဲ့တယ်လို့လည်း ဇီလန်စကီးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အာမခံချက်တွေဟာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်တာဟာ အားလုံးအပေါ်တိုက်ခိုက်မှုအဖြစ် သတ်မှတ်တဲ့နေတိုးအဖွဲ့ရဲ့ စာပိုဒ်(၅)နဲ့ဆင်တူသင့်တယ်လို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ဇီလန်စကီးက “ဒါဟာ ကျွန်တော်တို့ရဲ့မိတ်ဖက်နိုင်ငံတွေက ယူကရိန်းကို ပေးစွမ်းနိုင်တဲ့အရာတွေအပြင် ယူကရိန်း စစ်တပ်က ဘယ်လိုမျိုးဖြစ်သင့်တယ်ဆိုတဲ့ အာမခံချက်တွေနဲ့စစ်တပ်ရဲ့အင်အားကိုထိန်းသိမ်းဖို့အတွက် အခွင့်အလမ်းတွေကို ရှာဖွေနိုင်မယ့် ကြီးမားတဲ့ခြေလှမ်းတစ်ခုရဲ့အစပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ရုရှားနိုင်ငံအပေါ် ဖိအားပေးမှုတွေကို ဖြည်းဖြည်းချင်းစီလုပ်ဆောင်ဖို့ ယူကရိန်းရဲ့မိတ်ဖက်နိုင်ငံတွေကို ဇီလန်စကီးက တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားသမၼတနဲ႔ ေတြ႕ဆုံမႈ မျဖစ္ပြားလာေအာင္ ႐ုရွားဘက္က အကုန္လုပ္ေနတယ္လို႔ ယူကရိန္းသမၼတ ေဝဖန္
Pika (NP News) - ဩဂုတ္ ၂၄
႐ုရွားသမၼတပူတင္နဲ႔ ၎တို႔ၾကားေတြ႕ဆုံမႈျဖစ္ပြားလာမွာကို တားဆီးဖို႔အတြက္ ႐ုရွားဘက္က တတ္ႏိုင္သမွ် အရာအားလုံးကိုလုပ္ေဆာင္ေနတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွားဘက္က ၿငိမ္းခ်မ္းေရးကို စိတ္မဝင္စားဘူးဆိုရင္ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈအသစ္ေတြ လုပ္ေဆာင္ ဖို႔ ယူကရိန္းရဲ႕မိတ္ဖက္ႏိုင္ငံေတြကို ဇီလန္စကီးက တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။ ေနတိုးအဖြဲ႕ အႀကီးအကဲ မာ့ခ္႐ူတီနဲ႔ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယူကရိန္းအတြက္ အျခားႏိုင္ငံေတြရဲ႕လုံၿခဳံေရးအာမခံခ်က္ေတြ အေၾကာင္းကို ေဆြးေႏြးခဲ့တယ္လို႔လည္း ဇီလန္စကီးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အာမခံခ်က္ေတြဟာ အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံကို တိုက္ခိုက္တာဟာ အားလုံးအေပၚတိုက္ခိုက္မႈအျဖစ္ သတ္မွတ္တဲ့ေနတိုးအဖြဲ႕ရဲ႕ စာပိုဒ္(၅)နဲ႔ဆင္တူသင့္တယ္လို႔လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးက “ဒါဟာ ကြၽန္ေတာ္တို႔ရဲ႕မိတ္ဖက္ႏိုင္ငံေတြက ယူကရိန္းကို ေပးစြမ္းႏိုင္တဲ့အရာေတြအျပင္ ယူကရိန္း စစ္တပ္က ဘယ္လိုမ်ိဳးျဖစ္သင့္တယ္ဆိုတဲ့ အာမခံခ်က္ေတြနဲ႔စစ္တပ္ရဲ႕အင္အားကိုထိန္းသိမ္းဖို႔အတြက္ အခြင့္အလမ္းေတြကို ရွာေဖြႏိုင္မယ့္ ႀကီးမားတဲ့ေျခလွမ္းတစ္ခုရဲ႕အစပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွားႏိုင္ငံအေပၚ ဖိအားေပးမႈေတြကို ျဖည္းျဖည္းခ်င္းစီလုပ္ေဆာင္ဖို႔ ယူကရိန္းရဲ႕မိတ္ဖက္ႏိုင္ငံေတြကို ဇီလန္စကီးက ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.