တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ အမေရိကန်က နောက်ထပ်စစ်သင်္ဘောတစ်စီးကို ကာရေဘီယံပင်လယ်သို့ စေလွှတ်

 874

Pika (NP News) - စက်တင်ဘာ ၁
အမေရိကန်ပဲ့ထိန်းဒုံးကျည်ခရုဇ်သင်္ဘော USS Lake Erie ဟာ ပစိဖိတ်သမုဒ္ဒရာကနေတစ်ဆင့် ပနားမား တူးမြောင်းကို ဖြတ်ကာ ကာရေဘီယံပင်လယ်ကို ဦးတည်သွားနေတယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရက ဗင်နီဇွဲလားနိုင်ငံ ကမ်းရိုးတန်းအနီးမှာ အမေရိကန်စစ်သင်္ဘောတွေကို ဖြန့်ကျက်ချထားမှုတွေ လုပ်ဆောင်နေချိန် မှာပဲ ယခုလိုဖြတ်သန်းသွားလာမှုတွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။
USS Lake Erie သင်္ဘောဟာ ပနားမားတူးမြောင်းကိုဖြတ်ကျော်ကာ အတ္တလန္တိတ်သမုဒ္ဒရာအရှေ့ဘက်ကို ဦးတည် သွားနေတာကို တွေ့မြင်ခဲ့ရတယ်လို့ သတင်းဌာနအများအပြားက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ကာရေဘီယံ ပင်လယ်တောင်ပိုင်းကို အမေရိကန်စစ်သင်္ဘောတွေ ဝင်ရောက်လာမှုကြောင့် အမေရိကန်နဲ့ ဗင်နီဇွဲလားနိုင်ငံကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း အမေရိကန်တောင်ပိုင်းနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖိ့း၊ ရွှေ့ပြောင်းသွားလာသူတွေကို တားဆီးဖို့နဲ့ မူးယစ်ဂိုဏ်းများကိုဖြိုခွင်းမယ့် အစီအစဉ်တွေအတွက် ကာရေဘီယံပင်လယ်ကို စစ်သင်္ဘောတွေ စေလွှတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့လုပ်ရပ်ဟာ နျူကလီးယားတားမြစ်ချက်သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်ပြီး အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ ကုလသမဂ္ဂကို ဗင်နီဇွဲလားအစိုးရက တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ အေမရိကန္က ေနာက္ထပ္စစ္သေဘၤာတစ္စီးကို ကာေရဘီယံပင္လယ္သို႔ ေစလႊတ္
Pika (NP News) - စက္တင္ဘာ ၁
အေမရိကန္ပဲ့ထိန္းဒုံးက်ည္ခ႐ုဇ္သေဘၤာ USS Lake Erie ဟာ ပစိဖိတ္သမုဒၵရာကေနတစ္ဆင့္ ပနားမား တူးေျမာင္းကို ျဖတ္ကာ ကာေရဘီယံပင္လယ္ကို ဦးတည္သြားေနတယ္လို႔ သိရပါတယ္။ အေမရိကန္အစိုးရက ဗင္နီဇြဲလားႏိုင္ငံ ကမ္း႐ိုးတန္းအနီးမွာ အေမရိကန္စစ္သေဘၤာေတြကို ျဖန႔္က်က္ခ်ထားမႈေတြ လုပ္ေဆာင္ေနခ်ိန္ မွာပဲ ယခုလိုျဖတ္သန္းသြားလာမႈေတြ ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။
USS Lake Erie သေဘၤာဟာ ပနားမားတူးေျမာင္းကိုျဖတ္ေက်ာ္ကာ အတၱလႏၲိတ္သမုဒၵရာအေရွ႕ဘက္ကို ဦးတည္ သြားေနတာကို ေတြ႕ျမင္ခဲ့ရတယ္လို႔ သတင္းဌာနအမ်ားအျပားက ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ကာေရဘီယံ ပင္လယ္ေတာင္ပိုင္းကို အေမရိကန္စစ္သေဘၤာေတြ ဝင္ေရာက္လာမႈေၾကာင့္ အေမရိကန္နဲ႔ ဗင္နီဇြဲလားႏိုင္ငံၾကား တင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း အေမရိကန္ေတာင္ပိုင္းနယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းဖိ့း၊ ေ႐ႊ႕ေျပာင္းသြားလာသူေတြကို တားဆီးဖို႔နဲ႔ မူးယစ္ဂိုဏ္းမ်ားကိုၿဖိဳခြင္းမယ့္ အစီအစဥ္ေတြအတြက္ ကာေရဘီယံပင္လယ္ကို စစ္သေဘၤာေတြ ေစလႊတ္ခဲ့တာျဖစ္တယ္လို႔ အေမရိကန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အေမရိကန္အစိုးရရဲ႕လုပ္ရပ္ဟာ န်ဴကလီးယားတားျမစ္ခ်က္သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တာျဖစ္ၿပီး အေရးယူေဆာင္႐ြက္မႈေတြလုပ္ေဆာင္ဖို႔ ကုလသမဂၢကို ဗင္နီဇြဲလားအစိုးရက တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.