ရန်ကုန်အတွင်း စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေး သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံများမှ ဓာတ်အားတိုးမြှင့်ထုတ်လုပ်ရန် မှာကြား

265

ချယ်ရီ (NP News)- စက်တင်ဘာ ၁
စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများစွာရှိသည့် ရန်ကုန်တိုင်းအတွင်း စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး အတွက် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံများမှ ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက မှာကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့(ဩဂုတ်လ ၃၁ ရက်)က ရန်ကုန်မြို့အတွင်းရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံများသို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အထက်ပါစက်ရုံများ၏ စက်တပ်ဆင်အင်အားသည် လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍရှိ စုစုပေါင်းတပ်ဆင်အင်အား၏ (၄၀) ရာခိုင်နှုန်းခန့်ရှိပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရေးကဏ္ဍပြီးလျှင် ဒုတိယမြောက် အများဆုံးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတော်မှ လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန် ဓာတ်အားထုတ်လုပ်မှု ပြတ်တောက်မှုမရှိစေရေး၊ သတ်မှတ်စက်စွမ်းရည်ပြည့် မောင်းနှင်နိုင်ရေး နှင့် ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် စက်များ ပြုပြင်ထိန်းသိမ်းရေးကို စနစ်တကျ စီမံချက်ရေးဆွဲစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် စက်များ ချွတ်ယွင်းမှုဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်ရန် လိုအပ်သည့် စက်အရန်ပစ္စည်းများ ထားရှိရန်လိုအပ်ပြီး လျှပ်စစ်ဓာတ်အားပမာဏများစွာ အသုံးပြုသည့် စက်ရုံ၊ အလုပ်ရုံများနှင့် စီးပွားရေးလုပ်ငန်းအများအပြားရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အား ပေးစက်ရုံများမှ ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်ထောင်စုဝန်ကြီးက ထပ်မံပြောကြားသည်။
လက်ရှိတွင် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံများဖြစ်သည့် အလုံမြို့နယ်ရှိ Myanmar Ahlone Power Plant ၊ Toyo Thai Power Myanmar နှင့် သာကေတမြို့နယ်ရှိ U Energy Thaketa Power Plant ၊ MaxPower (Thaketa) စက်ရုံတို့သည် အမျိုးသား ဓာတ်အားကွန်ရက်ဖြင့် ချိတ်ဆက်၍ ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အား (၄၂၈) မဂ္ဂါဝပ် ထုတ်လုပ်ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္အတြင္း စဥ္ဆက္မျပတ္ လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးႏိုင္ေရး သဘာဝဓာတ္ေငြ႕ႏွင့္ စြန႔္ပစ္အပူသုံးဓာတ္အားေပးစက္႐ုံမ်ားမွ ဓာတ္အားတိုးျမႇင့္ထုတ္လုပ္ရန္ မွာၾကား
ခ်ယ္ရီ (NP News)- စက္တင္ဘာ ၁
စက္႐ုံ၊ အလုပ္႐ုံႏွင့္ စီးပြားေရးလုပ္ငန္းမ်ားစြာရွိသည့္ ရန္ကုန္တိုင္းအတြင္း စဥ္ဆက္မျပတ္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျဖန႔္ျဖဴးႏိုင္ေရး အတြက္ သဘာဝဓာတ္ေငြ႕ႏွင့္ စြန႔္ပစ္အပူသုံးဓာတ္အားေပးစက္႐ုံမ်ားမွ ဓာတ္အားတိုးျမႇင့္ထုတ္လုပ္ႏိုင္ရန္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဖြံ႕ၿဖိဳးေရး ေကာ္မရွင္ဥကၠ႒၊ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန (၁)၊ ျပည္ေထာင္စုဝန္ႀကီး ဦးတင္ေအာင္စန္းက မွာၾကားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔(ဩဂုတ္လ ၃၁ ရက္)က ရန္ကုန္ၿမိဳ႕အတြင္းရွိ သဘာဝဓာတ္ေငြ႕ႏွင့္ စြန႔္ပစ္အပူသုံးဓာတ္အားေပးစက္႐ုံမ်ားသို႔ သြားေရာက္ ၾကည့္ရႈစစ္ေဆးစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ အထက္ပါစက္႐ုံမ်ား၏ စက္တပ္ဆင္အင္အားသည္ လွ်ပ္စစ္ထုတ္လုပ္ေရးက႑ရွိ စုစုေပါင္းတပ္ဆင္အင္အား၏ (၄၀) ရာခိုင္ႏႈန္းခန႔္ရွိၿပီး ေရအားလွ်ပ္စစ္ ထုတ္လုပ္ေရးက႑ၿပီးလွ်င္ ဒုတိယေျမာက္ အမ်ားဆုံးျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္မွ လိုအပ္ေနသည့္ လွ်ပ္စစ္ဓာတ္အားကို ျဖည့္ဆည္းႏိုင္ရန္ ဓာတ္အားထုတ္လုပ္မႈ ျပတ္ေတာက္မႈမရွိေစေရး၊ သတ္မွတ္စက္စြမ္းရည္ျပည့္ ေမာင္းႏွင္ႏိုင္ေရး ႏွင့္ ဓာတ္အားေပးစက္မ်ား စဥ္ဆက္မျပတ္ ေမာင္းႏွင္လည္ပတ္ထုတ္လုပ္ႏိုင္ေရးအတြက္ စက္မ်ား ျပဳျပင္ထိန္းသိမ္းေရးကို စနစ္တက် စီမံခ်က္ေရးဆြဲေစလိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ စက္မ်ား ခြၽတ္ယြင္းမႈျဖစ္ေပၚပါက အခ်ိန္ႏွင့္တစ္ေျပးညီ ျပင္ဆင္ႏိုင္ရန္ လိုအပ္သည့္ စက္အရန္ပစၥည္းမ်ား ထားရွိရန္လိုအပ္ၿပီး လွ်ပ္စစ္ဓာတ္အားပမာဏမ်ားစြာ အသုံးျပဳသည့္ စက္႐ုံ၊ အလုပ္႐ုံမ်ားႏွင့္ စီးပြားေရးလုပ္ငန္းအမ်ားအျပားရွိသည့္ ရန္ကုန္တိုင္း ေဒသႀကီးအတြင္း စဥ္ဆက္မျပတ္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျဖန႔္ျဖဴးႏိုင္ေရးအတြက္ သဘာဝဓာတ္ေငြ႕ႏွင့္ စြန႔္ပစ္အပူသုံးဓာတ္အား ေပးစက္႐ုံမ်ားမွ ဓာတ္အားတိုးျမႇင့္ထုတ္လုပ္ႏိုင္ရန္ ျပည္ေထာင္စုဝန္ႀကီးက ထပ္မံေျပာၾကားသည္။
လက္ရွိတြင္ သဘာဝဓာတ္ေငြ႕ႏွင့္ စြန႔္ပစ္အပူသုံးဓာတ္အားေပးစက္႐ုံမ်ားျဖစ္သည့္ အလုံၿမိဳ႕နယ္ရွိ Myanmar Ahlone Power Plant ၊ Toyo Thai Power Myanmar ႏွင့္ သာေကတၿမိဳ႕နယ္ရွိ U Energy Thaketa Power Plant ၊ MaxPower (Thaketa) စက္႐ုံတို႔သည္ အမ်ိဳးသား ဓာတ္အားကြန္ရက္ျဖင့္ ခ်ိတ္ဆက္၍ ရန္ကုန္ၿမိဳ႕အတြင္း လွ်ပ္စစ္ဓာတ္အား (၄၂၈) မဂၢါဝပ္ ထုတ္လုပ္ျဖန႔္ေဝလ်က္ရွိေၾကာင္း သိရသည္။