တိုက်ခိုက်ရေးဒရုန်းတွေ တည်ဆောက်ဖို့ တရုတ်(တိုင်ပေ)ကို ယူကရိန်းကူညီသွားမယ်

 272

Pika (NP News) - စက်တင်ဘာလ ၆

တိုက်ခိုက်ရေးဒရုန်းတွေကို ဒီဇိုင်းရေးဆွဲဖို့နဲ့ တည်ဆောက်ဖို့အတွက် သဘောတူညီချက်တစ်ခုကို တရုတ်(တိုင်ပေ)ကာကွယ်ရေးကုမ္ပဏီတစ်ခုနဲ့ ယူကရိန်းနည်းပညာကုမ္ပဏီတစ်ခုတို့ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

ယူကရိန်းနဲ့ တရုတ်(တိုင်ပေ)တို့ကြား လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်နဲ့ပတ်သက်ပြီး ပိုလန်နိုင်ငံကလည်း ကျွမ်းကျင်သူတွေကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပိုလန်နိုင်ငံ Kielce မြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာကာကွယ်ရေးစက်မှုလုပ်ငန်းပြပွဲ (MSPO)မှာ အဲဒီသဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့တရုတ်ကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ အဲ့ဒီသဘောတူညီချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

Focus Taiwan သတင်းအေဂျင်စီရဲ့အဆိုအရ ယူကရိန်းဟာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးသွားမှာဖြစ်ပြီး ပိုလန်နိုင်ငံက ကျွမ်းကျင်သူတွေကို ပံ့ပိုးပေးသွားမှာဖြစ်ကာ Taichung မြို့အခြေစိုက် Thunder Tiger ကုမ္ပဏီက နည်းပညာနဲ့အစိတ်အပိုင်းတွေ ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယခုနှစ်အစောပိုင်းမှာ Thunder Tiger ကုမ္ပဏီဟာ (၈၁)မီလီမီတာမော်တာကို သယ်ဆောင်နိုင်တဲ့ ဒရုန်းနဲ့ ရေတပ်သုံးကာမီကာဇဲဒရုန်းအသစ်တို့ကို ထုတ်ပြန်ပြသခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version

တိုက္ခိုက္ေရးဒ႐ုန္းေတြ တည္ေဆာက္ဖို႔ တ႐ုတ္(တိုင္ေပ)ကို ယူကရိန္းကူညီသြားမယ္
Pika (NP News) - စက္တင္ဘာလ ၆
တိုက္ခိုက္ေရးဒ႐ုန္းေတြကို ဒီဇိုင္းေရးဆြဲဖို႔နဲ႔ တည္ေဆာက္ဖို႔အတြက္ သေဘာတူညီခ်က္တစ္ခုကို တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးကုမၸဏီတစ္ခုနဲ႔ ယူကရိန္းနည္းပညာကုမၸဏီတစ္ခုတို႔ လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ သိရပါတယ္။
ယူကရိန္းနဲ႔ တ႐ုတ္(တိုင္ေပ)တို႔ၾကား လက္မွတ္ေရးထိုးခဲ့တဲ့ သေဘာတူညီခ်က္နဲ႔ပတ္သက္ၿပီး ပိုလန္ႏိုင္ငံကလည္း ကြၽမ္းက်င္သူေတြကို ေထာက္ပံ့ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ပိုလန္ႏိုင္ငံ Kielce ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ႏိုင္ငံတကာကာကြယ္ေရးစက္မႈလုပ္ငန္းျပပြဲ (MSPO)မွာ အဲဒီသေဘာတူညီခ်က္ကို ထုတ္ျပန္ေၾကညာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔တ႐ုတ္ၾကား တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ အဲ့ဒီသေဘာတူညီခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။
Focus Taiwan သတင္းေအဂ်င္စီရဲ႕အဆိုအရ ယူကရိန္းဟာ သုေတသနနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ပံ့ပိုးေပးသြားမွာျဖစ္ၿပီး ပိုလန္ႏိုင္ငံက ကြၽမ္းက်င္သူေတြကို ပံ့ပိုးေပးသြားမွာျဖစ္ကာ Taichung ၿမိဳ႕အေျခစိုက္ Thunder Tiger ကုမၸဏီက နည္းပညာနဲ႔အစိတ္အပိုင္းေတြ ပံ့ပိုးေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ယခုႏွစ္အေစာပိုင္းမွာ Thunder Tiger ကုမၸဏီဟာ (၈၁)မီလီမီတာေမာ္တာကို သယ္ေဆာင္ႏိုင္တဲ့ ဒ႐ုန္းနဲ႔ ေရတပ္သုံးကာမီကာဇဲဒ႐ုန္းအသစ္တို႔ကို ထုတ္ျပန္ျပသခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.