U9 ဟု အမည်သစ်ပြောင်းလဲထားသော အူရီဒူးကို မူလဝန်ဆောင်မှုများအတိုင်း ဆက်လက်သုံးစွဲနိုင်

836

ချယ်ရီ (NP News) - စက်တင်ဘာ ၁၂
U9 ဟု အမည်သစ်ပြောင်းလဲထားသော Ooredoo ကို မူလဝန်ဆောင်မှုများအတိုင်း ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ကြောင်း Ooredoo Myanmar မှ သိရသည်။
လာမည့်စက်တင်ဘာလ (၂၀) ရက်မှစတင်ကာ အဆိုပါ Ooredoo ကို U9 ဟု ပြောင်းလဲခေါ်ဆိုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုကဲ့သို့ U9 ဟု အမည်ပြောင်းလဲသွားသော်လည်း Ooredoo ဆင်းကတ် အသုံးပြုသူများအနေဖြင့် တစ်စုံတစ်ရာ ပြောင်းလဲမှုရှိမည် မဟုတ်ဘဲ ယခင်အသုံးပြုနေသည့် အစီအစဉ်များ၊ လက်ကျန်ငွေများနှင့် ဝယ်ယူထားသော ဝန်ဆောင်မှုအစီအစဉ်များမှာ ဆက်လက် အသုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သုံးစွဲသူများအနေဖြင့် လက်ရှိဝန်ဆောင်မှုများ ဆက်လက်ရရှိရန်အတွက် မည်သည့်ဆောင်ရွက်မှုမှပြုလုပ်ရန်မလိုအပ်ဘဲ သုံးစွဲသူ ဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ်များမှာလည်း ယခင်အတိုင်းပင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
U9 ၏အဓိပ္ပာယ်မှာ U သည် (Your)ခေါ် သုံးစွဲသူများ၊ စီးပွားရေးမိတ်ဖက်အဖွဲ့အစည်းများ နှင့် လူမှုအသိုင်းအဝိုင်းများဖြစ်သည့် သုံးစွဲသူများကို ရည်ရွယ်ပြီး 9 သည် ဆက်သွယ်ရေးနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကတိကဝတ်များကို အသစ်တစ်ဖန် ပြန်လည် လုပ်ဆောင်ရင်း စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုရည်ရွယ်ကြောင်း သိရသည်။
U9 အက်ပလီကေးရှင်းအသစ်ကို Apple App Store နှင့် Google Play တို့တွင် ရယူနိုင်မည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် အူရီဒူးမြန်မာ App အသုံးပြုစဉ်က အကောင့်အချက်အလက်များအတိုင်း ဝင်ရောက်နိုင်မည်ဖြစ်ပြီး စက်တင်ဘာလ (၂၀) ရက်တွင် 9999 အား Hello U9 ဟု စာတိုပေးပို့ပါက 9 GB အထိ ဒေတာများ အခမဲ့ ပေးသွားမည်ဖြစ်ကြောင်း Ooredoo Myanmar မှ သိရသည်။

Zawgyi Version:
U9 ဟု အမည္သစ္ေျပာင္းလဲထားေသာ အူရီဒူးကို မူလဝန္ေဆာင္မႈမ်ားအတိုင္း ဆက္လက္သုံးစြဲႏိုင္
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၂
U9 ဟု အမည္သစ္ေျပာင္းလဲထားေသာ Ooredoo ကို မူလဝန္ေဆာင္မႈမ်ားအတိုင္း ဆက္လက္သုံးစြဲႏိုင္မည္ျဖစ္ေၾကာင္း Ooredoo Myanmar မွ သိရသည္။
လာမည့္စက္တင္ဘာလ (၂၀) ရက္မွစတင္ကာ အဆိုပါ Ooredoo ကို U9 ဟု ေျပာင္းလဲေခၚဆိုသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ထိုကဲ့သို႔ U9 ဟု အမည္ေျပာင္းလဲသြားေသာ္လည္း Ooredoo ဆင္းကတ္ အသုံးျပဳသူမ်ားအေနျဖင့္ တစ္စုံတစ္ရာ ေျပာင္းလဲမႈရွိမည္ မဟုတ္ဘဲ ယခင္အသုံးျပဳေနသည့္ အစီအစဥ္မ်ား၊ လက္က်န္ေငြမ်ားႏွင့္ ဝယ္ယူထားေသာ ဝန္ေဆာင္မႈအစီအစဥ္မ်ားမွာ ဆက္လက္ အသုံးဝင္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ သုံးစြဲသူမ်ားအေနျဖင့္ လက္ရွိဝန္ေဆာင္မႈမ်ား ဆက္လက္ရရွိရန္အတြက္ မည္သည့္ေဆာင္႐ြက္မႈမွျပဳလုပ္ရန္မလိုအပ္ဘဲ သုံးစြဲသူ ဝန္ေဆာင္မႈစင္တာ ဖုန္းနံပါတ္မ်ားမွာလည္း ယခင္အတိုင္းပင္ ဆက္လက္ရွိေနမည္ျဖစ္ေၾကာင္း သိရသည္။
U9 ၏အဓိပၸာယ္မွာ U သည္ (Your)ေခၚ သုံးစြဲသူမ်ား၊ စီးပြားေရးမိတ္ဖက္အဖြဲ႕အစည္းမ်ား ႏွင့္ လူမႈအသိုင္းအဝိုင္းမ်ားျဖစ္သည့္ သုံးစြဲသူမ်ားကို ရည္႐ြယ္ၿပီး 9 သည္ ဆက္သြယ္ေရးႏွင့္ ဆန္းသစ္တီထြင္မႈဆိုင္ရာ ကတိကဝတ္မ်ားကို အသစ္တစ္ဖန္ ျပန္လည္ လုပ္ေဆာင္ရင္း စဥ္ဆက္မျပတ္ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္မႈကိုရည္႐ြယ္ေၾကာင္း သိရသည္။
U9 အက္ပလီေကးရွင္းအသစ္ကို Apple App Store ႏွင့္ Google Play တို႔တြင္ ရယူႏိုင္မည္ျဖစ္ၿပီး သုံးစြဲသူမ်ားအေနျဖင့္ အူရီဒူးျမန္မာ App အသုံးျပဳစဥ္က အေကာင့္အခ်က္အလက္မ်ားအတိုင္း ဝင္ေရာက္ႏိုင္မည္ျဖစ္ၿပီး စက္တင္ဘာလ (၂၀) ရက္တြင္ 9999 အား Hello U9 ဟု စာတိုေပးပို႔ပါက 9 GB အထိ ေဒတာမ်ား အခမဲ့ ေပးသြားမည္ျဖစ္ေၾကာင္း Ooredoo Myanmar မွ သိရသည္။