နိုင်ငံအတွင်း ဖေ့စ်ဘုတ်အသုံးပြုမှုများကို ပိတ်ပင်သွားမည်ဟု ထိုင်းအစိုးရ သတိပေး

4028

Pika (NP News) - သြဂုတ် ၂၂
ဖေ့စ်ဘုတ်သည် ထိုင်းလူမျိုး(၂)သိန်းကျော်ကို လိမ်လည်လှည့်ဖြားခဲ့သည်ဟု စွပ်စွဲခံထားရသော ရင်းနှီးမြှုပ်နှံမှု ကြော်ငြာအတုများထံမှ ကြော်ငြာခများကို လက်ခံခဲ့ခြင်းကြောင့် ထိုင်းအာဏာပိုင်များသည် နိုင်ငံတွင်းတွင် ဖေ့စ်ဘုတ်အသုံးပြုမှုကို ပိတ်ပစ်ရန် တရားရုံးတွင် တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လိမ်လည်မှုခံခဲ့ရသောလူများ၏ ဆုံးရှုံးမှုပမာဏမှာ ဘတ်(၁ဝ)ဘီလျံထိ ရှိနိုင်ကြောင်း ဒစ်ဂျစ်တယ် စီးပွားရေးနှင့်လူမှုရေးဝန်ကြီး Chaiwut Thanakamanusorn က ပြောကြားခဲ့သည်။
၎င်းက "ထိုင်းအာဏာပိုင်တွေဟာ ဖေ့စ်ဘုတ်ရဲ့ပြဿနာကို အကြိမ်ပေါင်းများစွာ ထုတ်ဖော်ခဲ့ပြီး ကြော်ငြာအတု တွေကို စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဖေ့စ်ဘုတ်ဟာ လိမ်လည်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ဆောင်ရာမှာ ကျွန်တော်တို့ကို ကူညီဖို့ပျက်ကွက်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ထိုင်းအာဏာပိုင်များသည် နိုင်ငံတွင်းတွင် (၇)ရက်အတွင်း ဖေ့စ်ဘုတ်အသုံးပြုမှုပိတ်ပင်ရန်အတွက် တရားရုံးကို တောင်းဆိုရန် စီစဉ််နေကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် Securities and Exchange Commission ၏ ယာယီအထွေထွေအတွင်းရေးမှူး Thawatchai Pittayasophon၊ Electronic Transactions Development Agency ၏ အမှုဆောင်ဒါရိုက်တာ Chaichana Mitrpant နှင့် Cyber Crime Investigation Bureau မှ ဒုရဲမင်းကြီး Pol Maj General Thaayut Chantworn တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Chaiwut Thanakamanusorn က "ဖေ့စ်ဘုတ်ပလက်ဖောင်းဟာ ထိုင်းနိုင်ငံမှာ စီးပွားရေး ဆက်လုပ်ဖို့ ဆန္ဒရှိတယ် ဆိုရင် ဒီကိစ္စမှာ ပိုတာဝန်ယူရမှာပါ" ဟု ပြောခဲ့သည်။
အချို့လိမ်လည်သည့် ကြော်ငြာများသည် စာရင်းဝင်ကုမ္ပဏီများဖြစ်ကြပြီး Securities and Exchange Commission Logo ကိုပြသကာ ဖေ့စ်ဘုတ်တွင် ကြော်ငြာများတင်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကြော်ငြာအတုများသည် အမြတ်အစွန်းများများရမည်ဆိုသည့် ကတိများနှင့်အတူ ၎င်းတို့ထံတွင် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ က ပြောကြားခဲ့သည်။

Zawgyi Version;
ႏိုင္ငံအတြင္း ေဖ့စ္ဘုတ္အသုံးျပဳမႈမ်ားကို ပိတ္ပင္သြားမည္ဟု ထိုင္းအစိုးရ သတိေပး
Pika (NP News) - ၾသဂုတ္ ၂၂
ေဖ့စ္ဘုတ္သည္ ထိုင္းလူမ်ိဳး(၂)သိန္းေက်ာ္ကို လိမ္လည္လွည့္ျဖားခဲ့သည္ဟု စြပ္စြဲခံထားရေသာ ရင္းႏွီးျမႇဳပ္ႏွံမႈ ေၾကာ္ျငာအတုမ်ားထံမွ ေၾကာ္ျငာခမ်ားကို လက္ခံခဲ့ျခင္းေၾကာင့္ ထိုင္းအာဏာပိုင္မ်ားသည္ ႏိုင္ငံတြင္းတြင္ ေဖ့စ္ဘုတ္အသုံးျပဳမႈကို ပိတ္ပစ္ရန္ တရား႐ုံးတြင္ ေတာင္းဆိုမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ လိမ္လည္မႈခံခဲ့ရေသာလူမ်ား၏ ဆုံးရႈံးမႈပမာဏမွာ ဘတ္(၁ဝ)ဘီလ်ံထိ ရွိႏိုင္ေၾကာင္း ဒစ္ဂ်စ္တယ္ စီးပြားေရးႏွင့္လူမႈေရးဝန္ႀကီး Chaiwut Thanakamanusorn က ေျပာၾကားခဲ့သည္။
၎က "ထိုင္းအာဏာပိုင္ေတြဟာ ေဖ့စ္ဘုတ္ရဲ႕ျပႆနာကို အႀကိမ္ေပါင္းမ်ားစြာ ထုတ္ေဖာ္ခဲ့ၿပီး ေၾကာ္ျငာအတု ေတြကို စစ္ေဆးေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္ ေဖ့စ္ဘုတ္ဟာ လိမ္လည္မႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ လုပ္ေဆာင္ရာမွာ ကြၽန္ေတာ္တို႔ကို ကူညီဖို႔ပ်က္ကြက္ခဲ့ပါတယ္" ဟု ေျပာခဲ့သည္။
ထိုင္းအာဏာပိုင္မ်ားသည္ ႏိုင္ငံတြင္းတြင္ (၇)ရက္အတြင္း ေဖ့စ္ဘုတ္အသုံးျပဳမႈပိတ္ပင္ရန္အတြက္ တရား႐ုံးကို ေတာင္းဆိုရန္ စီစဥ္္ေနေၾကာင္း ၎က သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။ အဆိုပါသတင္းစာ ရွင္းလင္းပြဲတြင္ Securities and Exchange Commission ၏ ယာယီအေထြေထြအတြင္းေရးမႉး Thawatchai Pittayasophon၊ Electronic Transactions Development Agency ၏ အမႈေဆာင္ဒါ႐ိုက္တာ Chaichana Mitrpant ႏွင့္ Cyber Crime Investigation Bureau မွ ဒုရဲမင္းႀကီး Pol Maj General Thaayut Chantworn တို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
Chaiwut Thanakamanusorn က "ေဖ့စ္ဘုတ္ပလက္ေဖာင္းဟာ ထိုင္းႏိုင္ငံမွာ စီးပြားေရး ဆက္လုပ္ဖို႔ ဆႏၵရွိတယ္ ဆိုရင္ ဒီကိစၥမွာ ပိုတာဝန္ယူရမွာပါ" ဟု ေျပာခဲ့သည္။
အခ်ိဳ႕လိမ္လည္သည့္ ေၾကာ္ျငာမ်ားသည္ စာရင္းဝင္ကုမၸဏီမ်ားျဖစ္ၾကၿပီး Securities and Exchange Commission Logo ကိုျပသကာ ေဖ့စ္ဘုတ္တြင္ ေၾကာ္ျငာမ်ားတင္ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ေၾကာ္ျငာအတုမ်ားသည္ အျမတ္အစြန္းမ်ားမ်ားရမည္ဆိုသည့္ ကတိမ်ားႏွင့္အတူ ၎တို႔ထံတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ ဆြဲေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္းအာဏာပိုင္မ်ား က ေျပာၾကားခဲ့သည္။