မန္တလေး၌ အင်တာနက် Wifi ကြိုးနှင့်ငြိကာ ဆိုင်ကယ် တိမ်းမှောက်မှုဖြစ်ပွား
                        
                            
                             
 4142
 
                             
                            
                            
                         
                        
 
                        သန့်ဇင်(NP News)-ဒီဇင်ဘာ ၂၃
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် အင်တာနက် Wifiကြိုးနှင့်ငြိကာ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၂၃ရက်)၊ မွန်းလွဲပိုင်းအချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း၊ ၃၆x၃၇လမ်းကြားတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လမ်းပေါ်ကို ကန့်လန့်ဖြတ်ကြီးတွဲကျနေတဲ့ Wifiကြိုးကို ဆိုင်ကယ်မောင်းရင်းနဲ့ မမြင်တော့ လည်ပင်းနဲ့ငြိပြီး ဆိုင်ကယ်မှောက် သွားတာပေါ့။ အဲဒီမှာ ထိခိုက်ဒဏ်ရာတွေ ရသွားတာရှိတယ်” ဟု မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက်(၄၀)ဝန်းကျင်အရွယ်ရှိ ဆိုင်ကယ်ယာဉ်မောင်းအမျိုးသားတွင် လည်ပင်းပွန်းရှဒဏ်ရာနှင့် ခြေလက်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ကြီးကြီးမားမားဒဏ်ရာရတာတော့ မရှိပါဘူး။ လည်ပင်းက အဲဒီ Wifiကြိုးနဲ့ ရစ်မိလို့ ပွန်းရှတဲ့ ဒဏ်ရာနဲ့ ဆိုင်ကယ်မှောက်လို့ ဒူးတွေ၊ တံတောင်တွေပွန်းသွားတာလောက်ပဲဖြစ်တာပါ။ အခြားမြို့နယ်တွေမှာတော့မသိဘူး။ ဒီမြို့နယ်မှာက အခုလိုဖြစ်တာ ဒီတစ်ကြိမ်နဲ့ဆို (၃)ကြိမ်ရှိပြီ။ ကုမ္မဏီတွေဘက်ကလည်း တာဝန်ယူမှုမရှိပါဘူး။ ဘာမှလည်းလုပ်မပေးဘူး။ အဲဒီကြိုးတွေကိုတောင် လာပြီးပြင်ပေးတာ သိပ်မတွေ့ရဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
 Wifi ကုမ္မဏီများနေဖြင့် လမ်းသွားလမ်းလာပြည်သူများ အန္တရာယ်ကင်းရှင်းရေးအတွက် ဦးစားပေးဆောင်ရွက်ပေးရန်လိုအပ်ကြောင်းလည်း အထက်ပါအသင်းက အကြံပြုမေတ္တာရပ်ခံထားသည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version
မႏၲေလး၌ အင္တာနက္ Wifi ႀကိဳးႏွင့္ၿငိကာ ဆိုင္ကယ္ တိမ္းေမွာက္မႈျဖစ္ပြား
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၂၃
မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ အင္တာနက္ Wifiႀကိဳးႏွင့္ၿငိကာ ဆိုင္ကယ္တိမ္းေမွာက္မႈျဖစ္ပြားခဲ့ေၾကာင္း မဏီစလလူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာ ၂၃ရက္)၊ မြန္းလြဲပိုင္းအခ်ိန္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ ၈၄လမ္း၊ ၃၆x၃၇လမ္းၾကားတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“လမ္းေပၚကို ကန႔္လန႔္ျဖတ္ႀကီးတြဲက်ေနတဲ့ Wifiႀကိဳးကို ဆိုင္ကယ္ေမာင္းရင္းနဲ႔ မျမင္ေတာ့ လည္ပင္းနဲ႔ၿငိၿပီး ဆိုင္ကယ္ေမွာက္ သြားတာေပါ့။ အဲဒီမွာ ထိခိုက္ဒဏ္ရာေတြ ရသြားတာရွိတယ္” ဟု မဏီစလလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကို ေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ အသက္(၄၀)ဝန္းက်င္အ႐ြယ္ရွိ ဆိုင္ကယ္ယာဥ္ေမာင္းအမ်ိဳးသားတြင္ လည္ပင္းပြန္းရွဒဏ္ရာႏွင့္ ေျခလက္ပြန္းပဲ့ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
“ႀကီးႀကီးမားမားဒဏ္ရာရတာေတာ့ မရွိပါဘူး။ လည္ပင္းက အဲဒီ Wifiႀကိဳးနဲ႔ ရစ္မိလို႔ ပြန္းရွတဲ့ ဒဏ္ရာနဲ႔ ဆိုင္ကယ္ေမွာက္လို႔ ဒူးေတြ၊ တံေတာင္ေတြပြန္းသြားတာေလာက္ပဲျဖစ္တာပါ။ အျခားၿမိဳ႕နယ္ေတြမွာေတာ့မသိဘူး။ ဒီၿမိဳ႕နယ္မွာက အခုလိုျဖစ္တာ ဒီတစ္ႀကိမ္နဲ႔ဆို (၃)ႀကိမ္ရွိၿပီ။ ကုမၼဏီေတြဘက္ကလည္း တာဝန္ယူမႈမရွိပါဘူး။ ဘာမွလည္းလုပ္မေပးဘူး။ အဲဒီႀကိဳးေတြကိုေတာင္ လာၿပီးျပင္ေပးတာ သိပ္မေတြ႕ရဘူး” ဟု ၎က ဆက္လက္ေျပာသည္။
 Wifi ကုမၼဏီမ်ားေနျဖင့္ လမ္းသြားလမ္းလာျပည္သူမ်ား အႏၲရာယ္ကင္းရွင္းေရးအတြက္ ဦးစားေပးေဆာင္႐ြက္ေပးရန္လိုအပ္ေၾကာင္းလည္း အထက္ပါအသင္းက အႀကံျပဳေမတၱာရပ္ခံထားသည္။