ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုတာက ဟားမက်အဖွဲ့ကို သီးခြားခွဲထုတ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ပြင်သစ်ပြော

 47

Pika (NP News) - စက်တင်ဘာ ၂ဝ
ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုတာဟာ ဟားမက်လက်နက်ကိုင်အဖွဲ့ကို သီးခြားခွဲထုတ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့ ပြင်သစ်သမ္မတမက်ခရွန်က ထုတ်ဖော်ပြောခဲ့ပါတယ်။
ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသမှာလုပ်ဆောင်နေတဲ့အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေကို မက်ခရွန်က ပြစ်တင်ရှုတ်ချခဲ့ တယ်လို့လည်း သိရပါတယ်။ မက်ခရွန်က “ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုတာဟာ ဟားမက် လက်နက်ကိုင်အဖွဲ့ကို သီးခြားခွဲထုတ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့ဟာ ယခုလမှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုဖို့ ကတိပြုထားကြတဲ့နိုင်ငံတွေလည်းဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံက ပါလက်စတိုင်းနိုင်ငံ အဖြစ် မကြာခင် တရားဝင်အသိအမှတ်ပြုသွားလိမ့်မယ်လို့ the Times သတင်းစာက ရေးသားဖော်ပြခဲ့ပြီးနောက် တစ်ရက်အကြာမှာ မက်ခရွန်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ဘေးဒုက္ခတွေကို သက်သာလျော့ပါးအောင်လုပ်ဆောင်ဖို့နဲ့ ဟားမက် လက်နက်ကိုင်အဖွဲ့နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ အပစ်အခတ်ရယူဖို့ အစ္စရေးအစိုးရက မလုပ်ဆောင်ပါက အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာက ပြီးခဲ့တဲ့ဇူလိုင်လမှာ သတိပေးပြောဆိုခဲ့ပါတယ်။ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုသွားမယ်လို့ပြောဆိုခဲ့တဲ့ ပြင်သစ်၊ ဗြိတိန်၊ ကနေဒါ နဲ့ ဩစတြေးလျနိုင်ငံတို့ရဲ့ပြောဆိုချက်တွေဟာ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ဆုချီးမြှင့်လိုက်တာမျိုးဖြစ်တယ်လို့ အစ္စရေးအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ပါလက္စတိုင္းႏိုင္ငံအျဖစ္ အသိအမွတ္ျပဳတာက ဟားမက္အဖြဲ႕ကို သီးျခားခြဲထုတ္ဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းျဖစ္တယ္လို႔ ျပင္သစ္ေျပာ
Pika (NP News) - စက္တင္ဘာ ၂ဝ
ပါလက္စတိုင္းႏိုင္ငံအျဖစ္ အသိအမွတ္ျပဳတာဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို သီးျခားခြဲထုတ္ဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းတစ္ခုျဖစ္တယ္လို႔ ျပင္သစ္သမၼတမက္ခ႐ြန္က ထုတ္ေဖာ္ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသမွာလုပ္ေဆာင္ေနတဲ့အစၥေရးရဲ႕ထိုးစစ္ဆင္မႈေတြကို မက္ခ႐ြန္က ျပစ္တင္ရႈတ္ခ်ခဲ့ တယ္လို႔လည္း သိရပါတယ္။ မက္ခ႐ြန္က “ပါလက္စတိုင္းႏိုင္ငံအျဖစ္ အသိအမွတ္ျပဳတာဟာ ဟားမက္ လက္နက္ကိုင္အဖြဲ႕ကို သီးျခားခြဲထုတ္ဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းတစ္ခုပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ျပင္သစ္နဲ႔ ၿဗိတိန္ႏိုင္ငံတို႔ဟာ ယခုလမွာက်င္းပမယ့္ ကုလသမဂၢအေထြေထြညီလာခံမွာ ပါလက္စတိုင္းႏိုင္ငံအျဖစ္ တရားဝင္အသိအမွတ္ျပဳဖို႔ ကတိျပဳထားၾကတဲ့ႏိုင္ငံေတြလည္းျဖစ္ပါတယ္။ ၿဗိတိန္ႏိုင္ငံက ပါလက္စတိုင္းႏိုင္ငံ အျဖစ္ မၾကာခင္ တရားဝင္အသိအမွတ္ျပဳသြားလိမ့္မယ္လို႔ the Times သတင္းစာက ေရးသားေဖာ္ျပခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ မက္ခ႐ြန္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသမွာ ျဖစ္ပြားေနတဲ့ေဘးဒုကၡေတြကို သက္သာေလ်ာ့ပါးေအာင္လုပ္ေဆာင္ဖို႔နဲ႔ ဟားမက္ လက္နက္ကိုင္အဖြဲ႕နဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ အပစ္အခတ္ရယူဖို႔ အစၥေရးအစိုးရက မလုပ္ေဆာင္ပါက အေရးယူ ေဆာင္႐ြက္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ကီရာစတာမာက ၿပီးခဲ့တဲ့ဇူလိုင္လမွာ သတိေပးေျပာဆိုခဲ့ပါတယ္။ ပါလက္စတိုင္းႏိုင္ငံအျဖစ္ အသိအမွတ္ျပဳသြားမယ္လို႔ေျပာဆိုခဲ့တဲ့ ျပင္သစ္၊ ၿဗိတိန္၊ ကေနဒါ နဲ႔ ဩစေၾတးလ်ႏိုင္ငံတို႔ရဲ႕ေျပာဆိုခ်က္ေတြဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ဆုခ်ီးျမႇင့္လိုက္တာမ်ိဳးျဖစ္တယ္လို႔ အစၥေရးအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.