အနောက်အုပ်စုနိုင်ငံများ၏ ရုရှားနိုင်ငံအပေါ် ထိခိုက်နစ်နာစေရန်ကြိုးပမ်းမှုများ အပြည့်အဝ မအောင်မြင်ခဲ့ဟု ရုရှားသမ္မတပူတင်ပြော

173

ဂျန်ဇက် (NP News) - အောက်တိုဘာ ၄
ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ပြီး ရုရှားနိုင်ငံကို ထိခိုက်နစ်စေရန်လုပ်ဆောင်သည့် အမေရိကန်ဦးဆောင်သောအနောက်အုပ်စုနိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများအပြည့်အဝ မအောင်မြင်ခဲ့ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ရုရှားသမ္မတပူတင်သည် အောက်တိုဘာ ၂ ရက်က ဆိုချီမြို့တွင် ကျင်းပခဲ့သော Valdai Discussion Club အစည်းအဝေးအတွင်း မိန့်ခွန်းပြောဆိုချိန်တွင် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံသည် လက်ရှိအချိန်တွင် စံချိန်တင် ပစ်မှတ်ထားပိတ်ဆို့မှုများကို ရင်ဆိုင်ခဲ့ရသော်လည်း တောင်ခံနိုင်စွမ်းရှိခဲ့ကြောင်း ရုရှားသမ္မတပူတင်က ပြောသည်။
ရုရှားသမ္မတပူတင်က ''ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်တို့ရဲ့ရန်ဘက်နိုင်ငံတွေဟာ ကမ္ဘာအသိုင်းအဝိုင်းကနေ ရုရှားနိုင်ငံကိုမောင်းထုတ်ဖို့ ဝိုင်းဝန်းကြိုးပမ်းခဲ့တယ်။ အထူးသဖြင့် ရန်ဘက် နိုင်ငံတွေဟာ ရုရှားနိုင်ငံကို သတင်းအချက်လက်အထီးကျန်ဖြစ်စေဖို့၊ စီးပွားရေး ကျဆင်းစေဖို့၊ နိုင်ငံရေးနဲ့ ယာဉ်ကျေးမှူမှုပိုင်းတွေမှာပါ ထိခိုက်နစ်နာအောင် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ရုရှားနိုင်ငံရဲ့အခြေအနေတွေဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကအပြည့်အ၀ မအောင်မြင်ဘူးဆိုတာကို ရှင်းပြစရာလိုမယ်မထင်ပါဘူး'' ဟု ပြောသည်။
ရုရှားပြည်သူများနှင့် စစ်တပ်တို့သည် ဖိအားများကို ဝိုင်းဝန်းခုခံပေးခဲ့သည့်အပေါ် ရုရှားသမ္မတက ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။
အနောက်အုပ်စုနိုင်ငံများ၏ ဖိအားများသည် ပုံမှန်အတိုင်းဆိုလျှင် နိုင်ငံတစ်နိုင်ငံကို ပျောက်ကွယ်သွားနိုင်သောအခြေနေမျိုးရှိခဲ့ကြောင်း ရုရှားသမ္မတပူတင်က ထပ်မံပြောခဲ့သည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အနောက်အုပ်စုနိုင်ငံများ နှင့် ဥရောပသမဂ္ဂအဖွဲ့တို့သည် ရုရှားနိုင်ငံအပေါ် ပစ်မှတ်ထားပြီး ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခဲ့ကြောင်း သိရသည်။
ရုရှားသည် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့မှုများရင်ဆိုင်ခဲ့ရသော်လည်း အခြားတစ်ဖက်တွင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် မိတ်ဖက်ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်တည်ဆောက်ပြီး ရုရှားနိုင်ငံမှထွက်ရှိသည့် ရေနံ နှင့် ဓါတ်ငွေ့အများအပြားကို ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
အေနာက္အုပ္စုႏိုင္ငံမ်ား၏ ႐ုရွားႏိုင္ငံအေပၚ ထိခိုက္နစ္နာေစရန္ႀကိဳးပမ္းမႈမ်ား အျပည့္အဝ မေအာင္ျမင္ခဲ့ဟု ႐ုရွားသမၼတပူတင္ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၄
ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ၿပီး ႐ုရွားႏိုင္ငံကို ထိခိုက္နစ္ေစရန္လုပ္ေဆာင္သည့္ အေမရိကန္ဦးေဆာင္ေသာအေနာက္အုပ္စုႏိုင္ငံမ်ား၏ ႀကိဳးပမ္းအားထုတ္မႈမ်ားအျပည့္အဝ မေအာင္ျမင္ခဲ့ေၾကာင္း ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
႐ုရွားသမၼတပူတင္သည္ ေအာက္တိုဘာ ၂ ရက္က ဆိုခ်ီၿမိဳ႕တြင္ က်င္းပခဲ့ေသာ Valdai Discussion Club အစည္းအေဝးအတြင္း မိန႔္ခြန္းေျပာဆိုခ်ိန္တြင္ ယင္းကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ႐ုရွားႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ စံခ်ိန္တင္ ပစ္မွတ္ထားပိတ္ဆို႔မႈမ်ားကို ရင္ဆိုင္ခဲ့ရေသာ္လည္း ေတာင္ခံႏိုင္စြမ္းရွိခဲ့ေၾကာင္း ႐ုရွားသမၼတပူတင္က ေျပာသည္။
႐ုရွားသမၼတပူတင္က ''ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ကြၽန္ေတာ္တို႔ရဲ႕ရန္ဘက္ႏိုင္ငံေတြဟာ ကမာၻအသိုင္းအဝိုင္းကေန ႐ုရွားႏိုင္ငံကိုေမာင္းထုတ္ဖို႔ ဝိုင္းဝန္းႀကိဳးပမ္းခဲ့တယ္။ အထူးသျဖင့္ ရန္ဘက္ ႏိုင္ငံေတြဟာ ႐ုရွားႏိုင္ငံကို သတင္းအခ်က္လက္အထီးက်န္ျဖစ္ေစဖို႔၊ စီးပြားေရး က်ဆင္းေစဖို႔၊ ႏိုင္ငံေရးနဲ႔ ယာဥ္ေက်းမႉမႈပိုင္းေတြမွာပါ ထိခိုက္နစ္နာေအာင္ ဝိုင္းဝန္းႀကိဳးပမ္းခဲ့ၾကတယ္။ ဒါေပမယ့္လည္း လက္ရွိအခ်ိန္မွာ ႐ုရွားႏိုင္ငံရဲ႕အေျခအေနေတြဟာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြကအျပည့္အ၀ မေအာင္ျမင္ဘူးဆိုတာကို ရွင္းျပစရာလိုမယ္မထင္ပါဘူး'' ဟု ေျပာသည္။
႐ုရွားျပည္သူမ်ားႏွင့္ စစ္တပ္တို႔သည္ ဖိအားမ်ားကို ဝိုင္းဝန္းခုခံေပးခဲ့သည့္အေပၚ ႐ုရွားသမၼတက ခ်ီးက်ဴးေျပာဆိုခဲ့ေၾကာင္း သိရသည္။
အေနာက္အုပ္စုႏိုင္ငံမ်ား၏ ဖိအားမ်ားသည္ ပုံမွန္အတိုင္းဆိုလွ်င္ ႏိုင္ငံတစ္ႏိုင္ငံကို ေပ်ာက္ကြယ္သြားႏိုင္ေသာအေျခေနမ်ိဳးရွိခဲ့ေၾကာင္း ႐ုရွားသမၼတပူတင္က ထပ္မံေျပာခဲ့သည္။ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေနာက္အုပ္စုႏိုင္ငံမ်ား ႏွင့္ ဥေရာပသမဂၢအဖြဲ႕တို႔သည္ ႐ုရွားႏိုင္ငံအေပၚ ပစ္မွတ္ထားၿပီး ပိတ္ဆို႔မႈအမ်ိဳးမ်ိဳးခ်မွတ္ခဲ့ေၾကာင္း သိရသည္။
႐ုရွားသည္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ပိတ္ဆို႔မႈမ်ားရင္ဆိုင္ခဲ့ရေသာ္လည္း အျခားတစ္ဖက္တြင္ တ႐ုတ္ႏွင့္ အိႏၵိယႏိုင္ငံတို႔ႏွင့္ မိတ္ဖက္ဆက္ဆံေရး ပိုမိုေကာင္းမြန္ေအာင္တည္ေဆာက္ၿပီး ႐ုရွားႏိုင္ငံမွထြက္ရွိသည့္ ေရနံ ႏွင့္ ဓါတ္ေငြ႕အမ်ားအျပားကို ေရာင္းခ်ႏိုင္ခဲ့ေၾကာင္းသိရသည္။