အမေရိကန်က အစ္စရေးကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ(၂၁ဒသမ၇)ဘီလျံ ထောက်ပံ့ပေးခဲ့တယ်လို့ အစီရင်ခံစာတစ်ခုမှာဖော်ပြ

200

Pika (NP News)-အောက်တိုဘာ ၉
အချိန်(၂)နှစ်ကြာဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအတွင်း အမေရိကန်က အစ္စရေးကို အမေရိကန်ဒေါ်လာ(၂၁ဒသမ၇)ဘီလျံတန်ဖိုးရှိ စစ်ရေးအကူအညီတွေ ပေးအပ်ခဲ့တယ်လို့ အစီရင်ခံစာတစ်ခုမှာ ရေးသားဖော်ပြထားပါတယ်။အဲ့ဒီအစီရင်ခံစာကို အစ္စရေး-ဟားမက်စစ်ပွဲ အချိန်(၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်တဲ့ အောက်တိုဘာလ(၇)ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဂါဇာကမ်းမြောင်ဒေသမှာ လုပ်ဆောင်နေတဲ့ အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေကြောင့် လက်ရှိအချိန်အထိ ပါလက်စတိုင်းပြည်သူ(၆၇၀၀၀)ကျော် သေဆုံးထားပြီး အခြားလူ(၁၇၀၀၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပပါတယ်။ဒါ့ပြင် အစ္စရေးရဲ့လုပ်ရပ်တွေကို လူမျိုးတုန်းသတ်ဖြတ်မှုတစ်ခုအဖြစ် ကုလသမဂ္ဂကော်မရှင်က ပြီးခဲ့တဲ့လမှာ ဖော်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။ယီမင်နဲ့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အခြားနေရာတွေမှာ အစ္စရေးရဲ့ စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးတွေကိုထောက်ပံ့ဖို့အတွက် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က နောက်ထပ် အမေရိကန်ဒေါ်လာ(၉ဒသမ၆၅)ဘီလျံကနေ (၁၂ဒသမသုည၇)ဘီလျံကြားသုံးစွဲခဲ့ပြီး အစ္စရေးကို အမေရိကန်ရဲ့ စစ်ရေးအကူအညီပံ့ပိုးပေးမှုဟာ အမေရိကန်ဒေါ်လာ(၃၁ဒသမ၃၅)ဘီလျံကနေ (၃၃ဒသမ၇၇)ဘီလျံကြားရှိတယ်လို့ အစီရင်ခံစာမှာရေးသားဖော်ပြထားပါတယ်။ဒါပေမယ့်လည်း အဲ့ဒီအစီရင်ခံစာထဲမှာ ရေးသားဖော်ပြထားတဲ့ ကိန်းဂဏန်းအရေအတွက်ဟာ အမေရိကန်နဲ့အစ္စရေးတို့ အစောပိုင်းမှာ သဘောတူညီခဲ့တဲ့ လာမယ့်နှစ်တွေအတွင်း ထောက်ပံ့ပေးမယ့် အမေရိကန်ဒေါ်လာဘီလျံချီတန်တဲ့စစ်လက်နက်ပစ္စည်းတွေ ပါဝင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
အေမရိကန္က အစၥေရးကို စစ္ေရးအကူအညီ အေမရိကန္ေဒၚလာ(၂၁ဒသမ၇)ဘီလ်ံ ေထာက္ပံ့ေပးခဲ့တယ္လို႔ အစီရင္ခံစာတစ္ခုမွာေဖာ္ျပ
Pika (NP News)-ေအာက္တိုဘာ ၉
အခ်ိန္(၂)ႏွစ္ၾကာျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲအတြင္း အေမရိကန္က အစၥေရးကို အေမရိကန္ေဒၚလာ(၂၁ဒသမ၇)ဘီလ်ံတန္ဖိုးရွိ စစ္ေရးအကူအညီေတြ ေပးအပ္ခဲ့တယ္လို႔ အစီရင္ခံစာတစ္ခုမွာ ေရးသားေဖာ္ျပထားပါတယ္။အဲ့ဒီအစီရင္ခံစာကို အစၥေရး-ဟားမက္စစ္ပြဲ အခ်ိန္(၂)ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ျဖစ္တဲ့ ေအာက္တိုဘာလ(၇)ရက္ေန႔မွာ ထုတ္ျပန္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဂါဇာကမ္းေျမာင္ေဒသမွာ လုပ္ေဆာင္ေနတဲ့ အစၥေရးရဲ႕ထိုးစစ္ဆင္မႈေတြေၾကာင့္ လက္ရွိအခ်ိန္အထိ ပါလက္စတိုင္းျပည္သူ(၆၇၀၀၀)ေက်ာ္ ေသဆုံးထားၿပီး အျခားလူ(၁၇၀၀၀၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ပါလက္စတိုင္းက်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပပါတယ္။ဒါ့ျပင္ အစၥေရးရဲ႕လုပ္ရပ္ေတြကို လူမ်ိဳးတုန္းသတ္ျဖတ္မႈတစ္ခုအျဖစ္ ကုလသမဂၢေကာ္မရွင္က ၿပီးခဲ့တဲ့လမွာ ေဖာ္ျပေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ယီမင္နဲ႔ အေရွ႕အလယ္ပိုင္းမွာရွိတဲ့ အျခားေနရာေတြမွာ အစၥေရးရဲ႕ စစ္ဘက္ဆိုင္ရာစစ္ဆင္ေရးေတြကိုေထာက္ပံ့ဖို႔အတြက္ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က ေနာက္ထပ္ အေမရိကန္ေဒၚလာ(၉ဒသမ၆၅)ဘီလ်ံကေန (၁၂ဒသမသုည၇)ဘီလ်ံၾကားသုံးစြဲခဲ့ၿပီး အစၥေရးကို အေမရိကန္ရဲ႕ စစ္ေရးအကူအညီပံ့ပိုးေပးမႈဟာ အေမရိကန္ေဒၚလာ(၃၁ဒသမ၃၅)ဘီလ်ံကေန (၃၃ဒသမ၇၇)ဘီလ်ံၾကားရွိတယ္လို႔ အစီရင္ခံစာမွာေရးသားေဖာ္ျပထားပါတယ္။ဒါေပမယ့္လည္း အဲ့ဒီအစီရင္ခံစာထဲမွာ ေရးသားေဖာ္ျပထားတဲ့ ကိန္းဂဏန္းအေရအတြက္ဟာ အေမရိကန္နဲ႔အစၥေရးတို႔ အေစာပိုင္းမွာ သေဘာတူညီခဲ့တဲ့ လာမယ့္ႏွစ္ေတြအတြင္း ေထာက္ပံ့ေပးမယ့္ အေမရိကန္ေဒၚလာဘီလ်ံခ်ီတန္တဲ့စစ္လက္နက္ပစၥည္းေတြ ပါဝင္တာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။