ပါကစ္စတန်နိုင်ငံမှာ စစ်သွေးကြွအဖွဲ့တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် စစ်သား(၁၁)ဦးသေဆုံး

 209

Pika(NP News)-အောက်တိုဘာ ၉
အာဖဂန်နစ္စတန်နိုင်ငံနဲ့ ထိစပ်နေတဲ့နယ်စပ်အနီးမှာ ပါကစ္စတန်စစ်တပ်ယာဉ်တန်းကို စစ်သွေးကြွအဖွဲ့တွေက ခြုံခိုတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ အရန်တပ်သား(၉)ဦးနဲ့အရာရှိ(၂)ဦးသေဆုံးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ၎င်းတို့မှာတာဝန်ရှိတယ်လို့ ပါကစ္စတန်တာလီဘန်အဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်ဟာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Kurramခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်သွေးကြွအဖွဲ့တွေက စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို ပါကစ္စတန်စစ်တပ်တာဝန်ရှိသူတွေက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ပြီးခဲ့တဲ့လတွေအတွင်း ပါကစ္စတန်တာလီဘန်အဖွဲ့ဟာ ပါကစ္စတန်စစ်တပ်ကို အသေခံဗုံးခွဲတိုက်ခိုက်တာ၊ခြုံခိုတိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။စစ်သွေးကြွအဖွဲ့တွေဟာ ပါကစ္စတန်ကို တိုက်ခိုက်ဖို့အတွက် စီစဉ််မှုတွေနဲ့ လေ့ကျင့်မှုတွေအတွက် အာဖဂန်နစ္စတန်နိုင်ငံကို အသုံးပြုနေတယ်လို့လည်း ပါကစ္စတန်အစိုးရက စွပ်စွဲပြောဆိုထားပါတယ်။ဒါပေမယ့်လည်း ပါကစ္စတန်အစိုးရရဲ့ စွပ်စွဲပြောဆိုချက်တွေကို အာဖဂန်နစ္စတန်အစိုးရဘက်က ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ပါကစၥတန္ႏိုင္ငံမွာ စစ္ေသြးႂကြအဖြဲ႕ေတြရဲ႕ ၿခဳံခိုတိုက္ခိုက္မႈေၾကာင့္ စစ္သား(၁၁)ဦးေသဆုံး
Pika(NP News)-ေအာက္တိုဘာ ၉
အာဖဂန္နစၥတန္ႏိုင္ငံနဲ႔ ထိစပ္ေနတဲ့နယ္စပ္အနီးမွာ ပါကစၥတန္စစ္တပ္ယာဥ္တန္းကို စစ္ေသြးႂကြအဖြဲ႕ေတြက ၿခဳံခိုတိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ရာ အရန္တပ္သား(၉)ဦးနဲ႔အရာရွိ(၂)ဦးေသဆုံးခဲ့တယ္လို႔ ပါကစၥတန္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။အဲ့ဒီတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ၎တို႔မွာတာဝန္ရွိတယ္လို႔ ပါကစၥတန္တာလီဘန္အဖြဲ႕က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။အဲ့ဒီျဖစ္ရပ္ဟာ ပါကစၥတန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း Kurramခ႐ိုင္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး စစ္ေသြးႂကြအဖြဲ႕ေတြက စစ္တပ္ယာဥ္တန္းကို မိုင္းဆြဲတိုက္ခိုက္ခဲ့ၿပီးေနာက္ ေသနတ္ေတြနဲ႔ ပစ္ခတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို ပါကစၥတန္စစ္တပ္တာဝန္ရွိသူေတြက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ၿပီးခဲ့တဲ့လေတြအတြင္း ပါကစၥတန္တာလီဘန္အဖြဲ႕ဟာ ပါကစၥတန္စစ္တပ္ကို အေသခံဗုံးခြဲတိုက္ခိုက္တာ၊ၿခဳံခိုတိုက္ခိုက္တာေတြကို ဆက္တိုက္လုပ္ေဆာင္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။စစ္ေသြးႂကြအဖြဲ႕ေတြဟာ ပါကစၥတန္ကို တိုက္ခိုက္ဖို႔အတြက္ စီစဥ္္မႈေတြနဲ႔ ေလ့က်င့္မႈေတြအတြက္ အာဖဂန္နစၥတန္ႏိုင္ငံကို အသုံးျပဳေနတယ္လို႔လည္း ပါကစၥတန္အစိုးရက စြပ္စြဲေျပာဆိုထားပါတယ္။ဒါေပမယ့္လည္း ပါကစၥတန္အစိုးရရဲ႕ စြပ္စြဲေျပာဆိုခ်က္ေတြကို အာဖဂန္နစၥတန္အစိုးရဘက္က ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.