အမြန်လမ်းမကြီးတွင် ခရီးသည်တင် Express ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

453

ပြည့်ဖြိုး(NP News) အောက်တိုဘာ ၁၆
နေပြည်တော် - ရန်ကုန်အမြန်လမ်းမကြီး၊မိုင်တိုင်အမှတ် ၁၈၄/၀ အနီးတွင် ခရီးသည်တင် Express ယာဉ်တစ်စီး အင်ဂျင်အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ အောက်တိုဘာ ၁၅ ရက် ည ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်ကဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့ သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး တို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီ ၁၃ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး (၅)ဦး စုစုပေါင်း (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း၊သက်ဆိုင်ရာတာဝန်ရှိသူများကလည်း မီးလောင်ရသည့်အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၁၅ ရက် ည ၈ နာရီအချိန်ခန့်ကလည်း ရန်ကုန်၊သန်လျင်မြို့နယ်၊မြို့သစ်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်း၊မြို့မဈေးအနီးတွင် မြဟံသာရုပ်ရှင်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်၏ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
အျမန္လမ္းမႀကီးတြင္ ခရီးသည္တင္ Express ယာဥ္တစ္စီး မီးေလာင္မႈျဖစ္ပြား
ျပည့္ၿဖိဳး(NP News) ေအာက္တိုဘာ ၁၆
ေနျပည္ေတာ္ - ရန္ကုန္အျမန္လမ္းမႀကီး၊မိုင္တိုင္အမွတ္ ၁၈၄/၀ အနီးတြင္ ခရီးသည္တင္ Express ယာဥ္တစ္စီး အင္ဂ်င္အပူလြန္ကဲရာမွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း မီးသတ္ဦးစီးဌာနထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ ေအာက္တိုဘာ ၁၅ ရက္ ည ၁၁ နာရီ ၄၀ မိနစ္အခ်ိန္ခန႔္ကျဖစ္ပြားခဲ့ၿပီး အခင္းျဖစ္ပြားရာေနရာသို႔ သာဂရအျမန္လမ္းမီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ ပေလြးအျမန္လမ္းမီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီး တို႔ ထြက္ခြာျငႇိမ္းသတ္ခဲ့ရာ ည ၁၂ နာရီ ၁၃ မိနစ္အခ်ိန္ခန႔္တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚပါ အမ်ိဳးသား(၁၀)ဦး၊ အမ်ိဳးသမီး (၅)ဦး စုစုေပါင္း (၁၅)ဦး ထိခိုက္ဒဏ္ရာရရွိမႈ မရွိခဲ့ေၾကာင္း၊သက္ဆိုင္ရာတာဝန္ရွိသူမ်ားကလည္း မီးေလာင္ရသည့္အေၾကာင္းအရင္းႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးမ်ားကို စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
ေအာက္တိုဘာ ၁၅ ရက္ ည ၈ နာရီအခ်ိန္ခန႔္ကလည္း ရန္ကုန္၊သန္လ်င္ၿမိဳ႕နယ္၊ၿမိဳ႕သစ္ရပ္ကြက္၊ ဗိုလ္ခ်ဳပ္ေနဝင္းလမ္း၊ၿမိဳ႕မေဈးအနီးတြင္ ျမဟံသာ႐ုပ္ရွင္႐ုံ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း မီးသတ္၏ထုတ္ျပန္ခ်က္အရ သိရသည္။