မိုးကုတ်မြို့မှ TNLA တို့ ဆုတ်ခွာမည်ဟု ဆိုသော်လည်း မည်သို့ ဆုတ်မည်ဆိုသောကိစ္စကို အကဲခတ်သူများအကြား အမြင်ကွဲပြားနေ

174

သုတကျော် (NP News) - နိုဝင်ဘာ ၂
မိုးကုတ်မြို့မှ TNLA တို့ ဆုတ်ခွာမည်ဟု ဆိုသော်လည်း မည်သို့ဆုတ်မည်ဆိုသော ကိစ္စကို အကဲခတ်သူများ အကြား အမြင်ကွဲပြားနေကြောင်း NP News က ဆက်သွယ်မေးမြန်း ထားသော အချက် အလက်များအရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၇) ရက်နှင့် (၂၈) ရက်တို့က တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီ ကျွင်း၏ကြားဝင်ညှိနှိုင်းမှုဖြင့် (၉) ကြိမ်မြောက် ပြုလုပ်သောတွေ့ဆုံဆွေးနွေးပွဲတွင် တပ်မတော် နှင့် TNLA တို့ အကြား အပစ်အခတ်ရပ်စဲရန်နှင့် သတ်မှတ်ထားသည့်ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ TNLA တပ်များ ပြန်လည် ဆုတ်ခွာရန် သဘောတူညီခဲ့သည်ဟု TNLA တို့က သတင်းထုတ်ပြန်ထားသည်။
TNLA တို့က တောင်ခမ်းအထိ ရောက် လာနိုင်ခဲ့သော်လည်း တပ်မတော်၏ ခုခံစစ်ကို ကြုံရကာ တပ်မတော်က တန်ပြန်ထိုးစစ်ဆင်းရာ နောင်ချို၊ ကျောက်မဲနှင့် သီပေါ တို့ကို တပ်မတော်က ပြန်လည် သိမ်းပိုက်ရရှိခဲ့သည့်အပြင် မြေပြင်တွင် TNLA ဘက်က စိတ်ဓာတ်ပျက်ပြားနေပြီး အလင်းဝင်သူများ လည်း ရှိနေသည်။
အလားတူ TNLA တို့က တပည့်သဖွယ် မွေးမြူလေ့ကျင့်ပေးထားသော စဉ့်ကူးဘက်ကို အခြေပြုထားသည့် MDY– PDF နှင့် TNLA အကြား ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကို တပ်မတော်က ဖြတ်တောက်ထားနိုင်သည့်အပြင် MDY – PDF ကို တပ်မတော်က ယင်းဒေသတွင် တိုက်ခိုက်ခြင်းများ ရှိနေသည်။
TNLA တို့က မိုးကုတ်မြို့ကိုသိမ်းစဉ် PDF များကို အသုံးချခဲ့သောကြောင့် PDF များကပင် မိုးကုတ်ကို အုပ်ချုပ်တော့မည်ဟု ၎င်းတို့ကို ထောက် ခံသူများက ထင်မှတ်ခဲ့သော်လည်း အမှန်တကယ် မြေပြင်တွင် TNLA တို့ကသာ အပြည့်အဝ အုပ်ချုပ်ပြီး ပတ္တမြားကဲ့သို့ သယံဇာတများကိုထုတ်ယူကာ MDY- PDF နှင့် အခြား PDF များကို မိုးကုတ်မြို့ နယ်တွင်ထားသော်လည်းအုပ်ချုပ်ရေးတွင် ကောင်း စွာ အသုံးမပြုတော့ဘဲ ချောင်ထိုးထားခဲ့သည်။
သို့သော် မိုးကုတ်မှ TNLA တို့ ဆုတ်မည်ဟု ဆိုသောအခါ ယင်း PDF များပါ လိုက်ပါဆုတ်ခွာ သွားမည်လောဟု မေးခွန်းပေါ်ပေါက်လာပြီး တပ်မ တော်နှင့် အပစ်ရပ်ကြောင်း TNLA တို့ ထုတ်ပြန်ပြီး ချိန် MDY – PDF တို့က ထိန်းချုပ်နယ်မြေများကို ဆက်လက်ကာကွယ်မည်ဟု ထုတ်ပြန်လာပြီး လက်ရှိတွင်လည်း TNLA တို့ ဆုတ်ယောင်ပြနေ စေကာမူ အခြား MDY – PDF နှင့် အခြား PDF အဖွဲ့အချို့ ရှိနေသည့်အတွက် ပြည်သူများအကြား စိုးရိမ်စိတ် ဖြစ်နေသည်။
မိုးကုတ်မြို့ကို တပ်မတော် ပြန်လည် ထိန်းချုပ်ပြီးပါက စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်နှင့် သပိတ်ကျင်း မြို့နယ်များအထိ သက်ရောက်မှုရှိမည် ဖြစ်သည့် အတွက် မိုးကုတ်မြို့ကိုကာကွယ်ရန် PDF များ ဆွေးနွေးနေသည်ဟု မိုးကုတ် ပကဖ ဘက်က ပြည်ပရောက် သတင်းမီဒီယာ အချို့ကို ဖြေကြားထားသည်။ အဆိုပါ အခြေအနေတွင် မိုးကုတ်မြို့ကို ထိန်း ချုပ်ရန်အတွက် တပ်မတော်က PDF တို့နှင့် ပြန်လည်တိုက်ခိုက်ရဖွယ်ရှိနေသည့်အပေါ် နောက်ကွယ် တွင် TNLA တို့ ရှိ၊ မရှိကို သုံးသပ်သူများ အမြင်ကွဲ ပြားနေသည်။
TNLA တို့အနေဖြင့် ယခင် မဟာမိတ်များ နှင့် မကြာခဏ ပွတ်တိုက်မှုများဖြစ်ခဲ့သည့်အပြင် ၎င်း တို့ထိန်းချုပ်သောဒေသမှ ဒေသခံများ၏ ထောက် ခံမှုမရသည့်အခြေအနေတွင် စစ်ရေးအရပါ ရှုံးနိမ့် နေခြင်းကြောင့် အကျဘက်ရောက်နေသောအနေ အထားဟုလည်း သုံးသပ်မှုများရှိပြီး ပလောင်တို့ သေချာပေါက် ဆုတ်သွားမည်ဟု ယူဆချက်များလည်း ရှိနေသည်။
“ပလောင်ဆုတ်သွားရင် MDY – PDF ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က ပလောင်က ထားပေးခဲ့မယ့် လက်နက် ကြီးပေါ့။ အဲဒီ လက်နက်ကြီးနဲ့ ဒရုန်းပေါ့။ ဒရုန်းတော့ ထားပေးဖို့မသေချာပါဘူး။ အဲဒါတွေက MDY – PDF အတွက် အကြီးမားဆုံး မျှော်လင့်ချက်ပဲ။ ဒါပေမဲ့ ဒီမျှော်လင့်ချက်က နည်းပါတယ်။ တကယ်လို့ အဲဒါတွေထားပေးခဲ့ရင်တောင် စစ်ဆင်၊ စစ်တက်၊ စစ်ထိုးတွေမှာ ယခင်တုန်းက ပလောင်နဲ့ MDY – PDF တို့ကို ထိုးစစ်ဆင်တုန်း တောင် သူတို့မခံနိုင်ခဲ့သေးတာပဲ။ MDY – PDF တစ်ဖွဲ့တည်းနဲ့ စစ်ဆင်၊ စစ်တက်၊ စစ်ထိုးတွေမှာ၊ ဗျူဟာမြောက်တွေမှာ တပ်မတော်ကို သူဘယ်လိုမှ ခံနိုင်မှာမဟုတ်ဘူး။ သူတို့လည်း ပါးစပ်ကသာ တပ်မတော်ကို မိုးကုတ်ကိုလာရင် ခံတိုက်နိုင် မယ်ပြောနေတာပါ။ လက်တွေ့မှာတော့ ကျောပိုးအိတ် ပြင်နေရပြီ မြင် တယ်” ဟု မိုးကုတ်ကိစ္စနှင့်ပတ်သက်၍သိရှိသူ စစ်ရေး အကဲခတ်တစ်ဦးက ဆိုသည်။
TNLA တို့အနေဖြင့် လက်နက်ခဲယမ်း ချို့တဲ့ခြင်း၊ အင်အားပြုန်းတီးခြင်းတို့ဖြစ်နေသည့်အတွက် မြို့မှဆုတ်ခွာ သွားဖွယ်ရှိသော်လည်း လက်နက်ကြီးများ ချန်ထားခဲ့ပါက PDF တို့ ယင်းကို အသုံးချကာ ခုခံမှုရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
“လက်နက်ကြီးချန်ထားပေးခဲ့သည့် တိုင်အောင် PDF က နှစ်ဖွဲ့ပေါင်းတာတောင် မနိုင်တာ။ သူတစ်ဖွဲ့တည်း ဒီဘက်ကထိုးလာတာကို နိုင်စရာ အကြောင်းမရှိဘူး။ ဒီဘက်က လူတွေဘယ်လောက် မာတယ်ဆိုတာကို အသိဆုံးပဲ လေ” ဟု ၎င်းက ဆို သည်။
အနေအထားအရ PDF တို့ကလည်း မြို့ ကို ပြန်မပေးရရေး ခုခံမည်ဟုဆိုနေရာ TNLA တို့ အနေဖြင့် မိုးကုတ်မှထွက်ခွာပြီးလျှင် PDF စစ်စစ် များနှင့်တပ်မတော်က တိုက်ခိုက်ရမည်လော သို့မဟုတ် TNLA ရောပါ နေသည့် PDF များနှင့် တိုက် ခိုက်ရမည်လောဆိုသည့်အချက်မှာ ခန့်မှန်းရ ခက်နေသည်။ PDF များ သီးသန့်သာ ကျန်ခဲ့ပါက အင်အားလည်း နည်းပါးသည့်အတွက် တပ်မတော်အနေဖြင့် အလွယ်တကူ မိုးကုတ်ကိုထိန်းချုပ်နိုင်မည်ဖြစ် ကြောင်း မိုးကုတ်မြို့အကြောင်း သိရှိသူ သတင်းရင်း မြစ်တစ်ဦးက ဆိုသည်။
“လောလောဆယ်ကတော့ PDF ကတော့ အဲဒီလောက် အင်အားမရှိဘူး။ တပ်က အင်နဲ့ အားနဲ့ သာဆိုရင် တပ်ကပြန်သိမ်းနိုင်မှာပါ။ တကယ်တမ်းကျတော့ နောက်ခံအင်အားက ပလောင်က ရှိတာကိုး” ဟု ၎င်းက ဆိုသည်။ သို့သော် TNLA တို့ အနေဖြင့် သယံဇာတကြွယ်သော မိုးကုတ်မြို့မှ ဆုတ်ခွာမည် ဆိုသည့်တိုင် PDF ယူနီဖောင်းကို လဲလှယ် ဝတ်ဆင် ကာ မိုးကုတ်မြို့ကိုမပေးရန် ဆက်လက်ခုခံဖွယ်ရှိ သည်ဟု ၎င်းကဆိုသည်။
“အရင်တုန်းက မိုးကုတ်မြို့ကို ပလောင်ပဲ ထိန်းထားတာ။ PDF ကျတော့ အစွန်အဖျားမှာ ထား တာ။ လုပ်ပိုင်ခွင့် ပေးမထားဘူးလေ။ ပြန်ဆုတ်တဲ့ အချိန် ပလောင်က တပ်ကို တစ်ခါတည်း လက်ရောက် အပ်မှာလားပေါ့။ မဟုတ်ဘဲ သူတို့ကတော့ ထွက်သွားပြီ ကျန်တဲ့သူ ဘယ်လိုလုပ်လုပ်ဆိုတဲ့ ပုံစံမျိုးလားပေါ့။ နောက်တစ်ခုက ဒီပလောင်ကလည်း ဘာပဲပြောပြော ယူနီဖောင်းပဲလေ။ TNLA ယူနီဖောင်း ချွတ်လိုက် လည်း PDF ဖြစ်ချင်ဖြစ်သွားမှာပေါ့။ ဟုတ်တယ် မဟုတ်လား။ ပြောမယ်ဆိုရင် စစ်ရေး၊ နိုင်ငံရေးက ကျယ်ပြန့်တယ်လေ။ ယူနီဖောင်းနဲ့ပဲ သတ်မှတ်တာ ကိုး။ PDF ထံမှာ ပလောင် မပါဘူးလို့ သတ်မှတ်ထား တာမှ မရှိတာ။ PDF တွေက ဗမာတွေချည်းပဲ ဖြစ်ရ မယ်ဆိုတာ မရှိဘူး” ဟု ၎င်းက ဆိုသည်။
ဖိအားများအပြင် ပြည်သူလူထု၏ အကျိုးကို ငဲ့ညှာသောအားဖြင့် အပစ်ရပ်ပြီး တပ်ဆုတ်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု TNLA ၏ ပြောရေး ဆိုခွင့်ရှိသူ လွေးယေဦးက ပြည်ပရောက် မီဒီယာများ ကို ဖြေကြားထားပြီး ယခင်က နောင်ချို၊ ကျောက်မဲ နှင့် သီပေါတို့ကို တပ်မတော်က ပြန်လည်သိမ်းပိုက်ခဲ့ သော ဖြစ်စဉ်များတွင်လည်း အရှုံးကို အတိအလင်း မပြောဘဲ အမျိုးမျိုးလှည့်ပတ်ပြောကြားခဲ့သည်။ သို့ သော် မြေပြင်တွင် လူမျိုးကြီးဝါဒ ဆန်ခြင်း၊ မြို့မှ မဆုတ်ခွာမီ မီးရှို့ခြင်းစသည့်ကိစ္စများနှင့် မည်သည့် နေရာတွင်ဖြစ်စေ ပလောင်ဦးစားပေး ဝါဒ ကျင့်သုံး သည်ကိုမူ တစ်ကြိမ်မျှ ထုတ်ဖော် ဝန်မခံဖူးသေးပေ။

Zawgyi Version:
မိုးကုတ္ၿမိဳ႕မွ TNLA တို႔ ဆုတ္ခြာမည္ဟု ဆိုေသာ္လည္း မည္သို႔ ဆုတ္မည္ဆိုေသာကိစၥကို အကဲခတ္သူမ်ားအၾကား အျမင္ကြဲျပားေန
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၂
မိုးကုတ္ၿမိဳ႕မွ TNLA တို႔ ဆုတ္ခြာမည္ဟု ဆိုေသာ္လည္း မည္သို႔ဆုတ္မည္ဆိုေသာ ကိစၥကို အကဲခတ္သူမ်ား အၾကား အျမင္ကြဲျပားေနေၾကာင္း NP News က ဆက္သြယ္ေမးျမန္း ထားေသာ အခ်က္ အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၂၇) ရက္ႏွင့္ (၂၈) ရက္တို႔က တ႐ုတ္ႏိုင္ငံအထူးကိုယ္စားလွယ္ မစၥတာတိန႔္ရွီ ကြၽင္း၏ၾကားဝင္ညႇိႏႈိင္းမႈျဖင့္ (၉) ႀကိမ္ေျမာက္ ျပဳလုပ္ေသာေတြ႕ဆုံေဆြးေႏြးပြဲတြင္ တပ္မေတာ္ ႏွင့္ TNLA တို႔ အၾကား အပစ္အခတ္ရပ္စဲရန္ႏွင့္ သတ္မွတ္ထားသည့္ကာလအတြင္း မိုးကုတ္ႏွင့္ မိုးမိတ္ၿမိဳ႕နယ္တို႔မွ TNLA တပ္မ်ား ျပန္လည္ ဆုတ္ခြာရန္ သေဘာတူညီခဲ့သည္ဟု TNLA တို႔က သတင္းထုတ္ျပန္ထားသည္။
TNLA တို႔က ေတာင္ခမ္းအထိ ေရာက္ လာႏိုင္ခဲ့ေသာ္လည္း တပ္မေတာ္၏ ခုခံစစ္ကို ႀကဳံရကာ တပ္မေတာ္က တန္ျပန္ထိုးစစ္ဆင္းရာ ေနာင္ခ်ိဳ၊ ေက်ာက္မဲႏွင့္ သီေပါ တို႔ကို တပ္မေတာ္က ျပန္လည္ သိမ္းပိုက္ရရွိခဲ့သည့္အျပင္ ေျမျပင္တြင္ TNLA ဘက္က စိတ္ဓာတ္ပ်က္ျပားေနၿပီး အလင္းဝင္သူမ်ား လည္း ရွိေနသည္။
အလားတူ TNLA တို႔က တပည့္သဖြယ္ ေမြးျမဴေလ့က်င့္ေပးထားေသာ စဥ့္ကူးဘက္ကို အေျချပဳထားသည့္ MDY– PDF ႏွင့္ TNLA အၾကား ေထာက္ပံ့ပို႔ေဆာင္ေရးလမ္းေၾကာင္းကို တပ္မေတာ္က ျဖတ္ေတာက္ထားႏိုင္သည့္အျပင္ MDY – PDF ကို တပ္မေတာ္က ယင္းေဒသတြင္ တိုက္ခိုက္ျခင္းမ်ား ရွိေနသည္။
TNLA တို႔က မိုးကုတ္ၿမိဳ႕ကိုသိမ္းစဥ္ PDF မ်ားကို အသုံးခ်ခဲ့ေသာေၾကာင့္ PDF မ်ားကပင္ မိုးကုတ္ကို အုပ္ခ်ဳပ္ေတာ့မည္ဟု ၎တို႔ကို ေထာက္ ခံသူမ်ားက ထင္မွတ္ခဲ့ေသာ္လည္း အမွန္တကယ္ ေျမျပင္တြင္ TNLA တို႔ကသာ အျပည့္အဝ အုပ္ခ်ဳပ္ၿပီး ပတၱျမားကဲ့သို႔ သယံဇာတမ်ားကိုထုတ္ယူကာ MDY- PDF ႏွင့္ အျခား PDF မ်ားကို မိုးကုတ္ၿမိဳ႕ နယ္တြင္ထားေသာ္လည္းအုပ္ခ်ဳပ္ေရးတြင္ ေကာင္း စြာ အသုံးမျပဳေတာ့ဘဲ ေခ်ာင္ထိုးထားခဲ့သည္။
သို႔ေသာ္ မိုးကုတ္မွ TNLA တို႔ ဆုတ္မည္ဟု ဆိုေသာအခါ ယင္း PDF မ်ားပါ လိုက္ပါဆုတ္ခြာ သြားမည္ေလာဟု ေမးခြန္းေပၚေပါက္လာၿပီး တပ္မ ေတာ္ႏွင့္ အပစ္ရပ္ေၾကာင္း TNLA တို႔ ထုတ္ျပန္ၿပီး ခ်ိန္ MDY – PDF တို႔က ထိန္းခ်ဳပ္နယ္ေျမမ်ားကို ဆက္လက္ကာကြယ္မည္ဟု ထုတ္ျပန္လာၿပီး လက္ရွိတြင္လည္း TNLA တို႔ ဆုတ္ေယာင္ျပေန ေစကာမူ အျခား MDY – PDF ႏွင့္ အျခား PDF အဖြဲ႕အခ်ိဳ႕ ရွိေနသည့္အတြက္ ျပည္သူမ်ားအၾကား စိုးရိမ္စိတ္ ျဖစ္ေနသည္။
မိုးကုတ္ၿမိဳ႕ကို တပ္မေတာ္ ျပန္လည္ ထိန္းခ်ဳပ္ၿပီးပါက စဥ့္ကူးၿမိဳ႕နယ္၊ မတၱရာၿမိဳ႕နယ္ႏွင့္ သပိတ္က်င္း ၿမိဳ႕နယ္မ်ားအထိ သက္ေရာက္မႈရွိမည္ ျဖစ္သည့္ အတြက္ မိုးကုတ္ၿမိဳ႕ကိုကာကြယ္ရန္ PDF မ်ား ေဆြးေႏြးေနသည္ဟု မိုးကုတ္ ပကဖ ဘက္က ျပည္ပေရာက္ သတင္းမီဒီယာ အခ်ိဳ႕ကို ေျဖၾကားထားသည္။ အဆိုပါ အေျခအေနတြင္ မိုးကုတ္ၿမိဳ႕ကို ထိန္း ခ်ဳပ္ရန္အတြက္ တပ္မေတာ္က PDF တို႔ႏွင့္ ျပန္လည္တိုက္ခိုက္ရဖြယ္ရွိေနသည့္အေပၚ ေနာက္ကြယ္ တြင္ TNLA တို႔ ရွိ၊ မရွိကို သုံးသပ္သူမ်ား အျမင္ကြဲ ျပားေနသည္။
TNLA တို႔အေနျဖင့္ ယခင္ မဟာမိတ္မ်ား ႏွင့္ မၾကာခဏ ပြတ္တိုက္မႈမ်ားျဖစ္ခဲ့သည့္အျပင္ ၎ တို႔ထိန္းခ်ဳပ္ေသာေဒသမွ ေဒသခံမ်ား၏ ေထာက္ ခံမႈမရသည့္အေျခအေနတြင္ စစ္ေရးအရပါ ရႈံးနိမ့္ ေနျခင္းေၾကာင့္ အက်ဘက္ေရာက္ေနေသာအေန အထားဟုလည္း သုံးသပ္မႈမ်ားရွိၿပီး ပေလာင္တို႔ ေသခ်ာေပါက္ ဆုတ္သြားမည္ဟု ယူဆခ်က္မ်ားလည္း ရွိေနသည္။
“ပေလာင္ဆုတ္သြားရင္ MDY – PDF ရဲ႕ အႀကီးမားဆုံးေမွ်ာ္လင့္ခ်က္က ပေလာင္က ထားေပးခဲ့မယ့္ လက္နက္ ႀကီးေပါ့။ အဲဒီ လက္နက္ႀကီးနဲ႔ ဒ႐ုန္းေပါ့။ ဒ႐ုန္းေတာ့ ထားေပးဖို႔မေသခ်ာပါဘူး။ အဲဒါေတြက MDY – PDF အတြက္ အႀကီးမားဆုံး ေမွ်ာ္လင့္ခ်က္ပဲ။ ဒါေပမဲ့ ဒီေမွ်ာ္လင့္ခ်က္က နည္းပါတယ္။ တကယ္လို႔ အဲဒါေတြထားေပးခဲ့ရင္ေတာင္ စစ္ဆင္၊ စစ္တက္၊ စစ္ထိုးေတြမွာ ယခင္တုန္းက ပေလာင္နဲ႔ MDY – PDF တို႔ကို ထိုးစစ္ဆင္တုန္း ေတာင္ သူတို႔မခံႏိုင္ခဲ့ေသးတာပဲ။ MDY – PDF တစ္ဖြဲ႕တည္းနဲ႔ စစ္ဆင္၊ စစ္တက္၊ စစ္ထိုးေတြမွာ၊ ဗ်ဴဟာေျမာက္ေတြမွာ တပ္မေတာ္ကို သူဘယ္လိုမွ ခံႏိုင္မွာမဟုတ္ဘူး။ သူတို႔လည္း ပါးစပ္ကသာ တပ္မေတာ္ကို မိုးကုတ္ကိုလာရင္ ခံတိုက္ႏိုင္ မယ္ေျပာေနတာပါ။ လက္ေတြ႕မွာေတာ့ ေက်ာပိုးအိတ္ ျပင္ေနရၿပီ ျမင္ တယ္” ဟု မိုးကုတ္ကိစၥႏွင့္ပတ္သက္၍သိရွိသူ စစ္ေရး အကဲခတ္တစ္ဦးက ဆိုသည္။
TNLA တို႔အေနျဖင့္ လက္နက္ခဲယမ္း ခ်ိဳ႕တဲ့ျခင္း၊ အင္အားျပဳန္းတီးျခင္းတို႔ျဖစ္ေနသည့္အတြက္ ၿမိဳ႕မွဆုတ္ခြာ သြားဖြယ္ရွိေသာ္လည္း လက္နက္ႀကီးမ်ား ခ်န္ထားခဲ့ပါက PDF တို႔ ယင္းကို အသုံးခ်ကာ ခုခံမႈရွိႏိုင္ေၾကာင္း ၎က ဆိုသည္။
“လက္နက္ႀကီးခ်န္ထားေပးခဲ့သည့္ တိုင္ေအာင္ PDF က ႏွစ္ဖြဲ႕ေပါင္းတာေတာင္ မႏိုင္တာ။ သူတစ္ဖြဲ႕တည္း ဒီဘက္ကထိုးလာတာကို ႏိုင္စရာ အေၾကာင္းမရွိဘူး။ ဒီဘက္က လူေတြဘယ္ေလာက္ မာတယ္ဆိုတာကို အသိဆုံးပဲ ေလ” ဟု ၎က ဆို သည္။
အေနအထားအရ PDF တို႔ကလည္း ၿမိဳ႕ ကို ျပန္မေပးရေရး ခုခံမည္ဟုဆိုေနရာ TNLA တို႔ အေနျဖင့္ မိုးကုတ္မွထြက္ခြာၿပီးလွ်င္ PDF စစ္စစ္ မ်ားႏွင့္တပ္မေတာ္က တိုက္ခိုက္ရမည္ေလာ သို႔မဟုတ္ TNLA ေရာပါ ေနသည့္ PDF မ်ားႏွင့္ တိုက္ ခိုက္ရမည္ေလာဆိုသည့္အခ်က္မွာ ခန႔္မွန္းရ ခက္ေနသည္။ PDF မ်ား သီးသန႔္သာ က်န္ခဲ့ပါက အင္အားလည္း နည္းပါးသည့္အတြက္ တပ္မေတာ္အေနျဖင့္ အလြယ္တကူ မိုးကုတ္ကိုထိန္းခ်ဳပ္ႏိုင္မည္ျဖစ္ ေၾကာင္း မိုးကုတ္ၿမိဳ႕အေၾကာင္း သိရွိသူ သတင္းရင္း ျမစ္တစ္ဦးက ဆိုသည္။
“ေလာေလာဆယ္ကေတာ့ PDF ကေတာ့ အဲဒီေလာက္ အင္အားမရွိဘူး။ တပ္က အင္နဲ႔ အားနဲ႔ သာဆိုရင္ တပ္ကျပန္သိမ္းႏိုင္မွာပါ။ တကယ္တမ္းက်ေတာ့ ေနာက္ခံအင္အားက ပေလာင္က ရွိတာကိုး” ဟု ၎က ဆိုသည္။ သို႔ေသာ္ TNLA တို႔ အေနျဖင့္ သယံဇာတႂကြယ္ေသာ မိုးကုတ္ၿမိဳ႕မွ ဆုတ္ခြာမည္ ဆိုသည့္တိုင္ PDF ယူနီေဖာင္းကို လဲလွယ္ ဝတ္ဆင္ ကာ မိုးကုတ္ၿမိဳ႕ကိုမေပးရန္ ဆက္လက္ခုခံဖြယ္ရွိ သည္ဟု ၎ကဆိုသည္။
“အရင္တုန္းက မိုးကုတ္ၿမိဳ႕ကို ပေလာင္ပဲ ထိန္းထားတာ။ PDF က်ေတာ့ အစြန္အဖ်ားမွာ ထား တာ။ လုပ္ပိုင္ခြင့္ ေပးမထားဘူးေလ။ ျပန္ဆုတ္တဲ့ အခ်ိန္ ပေလာင္က တပ္ကို တစ္ခါတည္း လက္ေရာက္ အပ္မွာလားေပါ့။ မဟုတ္ဘဲ သူတို႔ကေတာ့ ထြက္သြားၿပီ က်န္တဲ့သူ ဘယ္လိုလုပ္လုပ္ဆိုတဲ့ ပုံစံမ်ိဳးလားေပါ့။ ေနာက္တစ္ခုက ဒီပေလာင္ကလည္း ဘာပဲေျပာေျပာ ယူနီေဖာင္းပဲေလ။ TNLA ယူနီေဖာင္း ခြၽတ္လိုက္ လည္း PDF ျဖစ္ခ်င္ျဖစ္သြားမွာေပါ့။ ဟုတ္တယ္ မဟုတ္လား။ ေျပာမယ္ဆိုရင္ စစ္ေရး၊ ႏိုင္ငံေရးက က်ယ္ျပန႔္တယ္ေလ။ ယူနီေဖာင္းနဲ႔ပဲ သတ္မွတ္တာ ကိုး။ PDF ထံမွာ ပေလာင္ မပါဘူးလို႔ သတ္မွတ္ထား တာမွ မရွိတာ။ PDF ေတြက ဗမာေတြခ်ည္းပဲ ျဖစ္ရ မယ္ဆိုတာ မရွိဘူး” ဟု ၎က ဆိုသည္။
ဖိအားမ်ားအျပင္ ျပည္သူလူထု၏ အက်ိဳးကို ငဲ့ညႇာေသာအားျဖင့္ အပစ္ရပ္ၿပီး တပ္ဆုတ္ရန္ ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္သည္ဟု TNLA ၏ ေျပာေရး ဆိုခြင့္ရွိသူ ေလြးေယဦးက ျပည္ပေရာက္ မီဒီယာမ်ား ကို ေျဖၾကားထားၿပီး ယခင္က ေနာင္ခ်ိဳ၊ ေက်ာက္မဲ ႏွင့္ သီေပါတို႔ကို တပ္မေတာ္က ျပန္လည္သိမ္းပိုက္ခဲ့ ေသာ ျဖစ္စဥ္မ်ားတြင္လည္း အရႈံးကို အတိအလင္း မေျပာဘဲ အမ်ိဳးမ်ိဳးလွည့္ပတ္ေျပာၾကားခဲ့သည္။ သို႔ ေသာ္ ေျမျပင္တြင္ လူမ်ိဳးႀကီးဝါဒ ဆန္ျခင္း၊ ၿမိဳ႕မွ မဆုတ္ခြာမီ မီးရႈိ႕ျခင္းစသည့္ကိစၥမ်ားႏွင့္ မည္သည့္ ေနရာတြင္ျဖစ္ေစ ပေလာင္ဦးစားေပး ဝါဒ က်င့္သုံး သည္ကိုမူ တစ္ႀကိမ္မွ် ထုတ္ေဖာ္ ဝန္မခံဖူးေသးေပ။