အင်ဒိုနီးရှားနိုင်ငံ နှင့် သြစတြေးလျနိုင်ငံတို့သည် လုံခြုံရေးသဘောတူညီမှုစာချုပ်အသစ်တစ်ရပ်ကို လက်မှတ်ရေးထိုး

 78

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၂

အင်ဒိုနီးရှားနိုင်ငံ နှင့် သြစတြေးလျနိုင်ငံတို့သည် လုံခြုံရေးသဘောတူညီမှုစာချုပ်အသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ အဆိုပါ လုံခြုံရေးသဘောတူညီမှု စာချုပ်အသစ်ထဲတွင် တစ်နိုင်ငံ ခြိမ်းခြောက်ခံရမည်ဆိုလျှင် အခြားတစ်နိုင်ငံနှင့်တိုင်ပင်ရမည်ဆိုသောအချက်ပါဝင်ကြောင်း သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်ဘာနီက ထုတ်ဖော်ပြောဆိုလိုက်သည်။
ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ နှင့် သြစတြေးလျနိုင်ငံတို့ကြား ပုံမှန်လုံခြုံရေးဆွေးနွေးပွဲများ ကျင်းပရန် အချက်များအပြင် လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်က လက်မှတ်ရေးထိုးခဲ့သည့် လုံခြုံရေးစာချုပ်ကို ထပ်မံသက်တမ်းတိုးရန်အချက်များ ပါဝင်ကြောင်း သိရသည်။
သြစတြေးလျ ဝန်ကြီးချုပ်က "တစ်နိုင်ငံ (သို့) နှစ်နိုင်ငံစလုံးရဲ့လုံခြုံရေးကို ခြိမ်းခြောက်ခံရပါက အဲဒီခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် တစ်ဦးချင်းစီ (သို့) ပူးတွဲပြီး အစီအမံများ လုပ်ဆောင်နိုင်အောင် တိုင်ပင်ဆွေးနွေးရမယ်" ဟု ပြောသည်။

Zawgyi Version:
အင္ဒိုနီးရွားႏိုင္ငံ ႏွင့္ ၾသစေၾတးလ်ႏိုင္ငံတို႔သည္ လုံၿခဳံေရးသေဘာတူညီမႈစာခ်ဳပ္အသစ္တစ္ရပ္ကို လက္မွတ္ေရးထိုး
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၂
အင္ဒိုနီးရွားႏိုင္ငံ ႏွင့္ ၾသစေၾတးလ်ႏိုင္ငံတို႔သည္ လုံၿခဳံေရးသေဘာတူညီမႈစာခ်ဳပ္အသစ္တစ္ရပ္ကို လက္မွတ္ေရးထိုးလိုက္ေၾကာင္း သိရသည္။ အဆိုပါ လုံၿခဳံေရးသေဘာတူညီမႈ စာခ်ဳပ္အသစ္ထဲတြင္ တစ္ႏိုင္ငံ ၿခိမ္းေျခာက္ခံရမည္ဆိုလွ်င္ အျခားတစ္ႏိုင္ငံႏွင့္တိုင္ပင္ရမည္ဆိုေသာအခ်က္ပါဝင္ေၾကာင္း ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ အန္တိုနီ အယ္ဘာနီက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ထို႔ျပင္ အင္ဒိုနီးရွားႏိုင္ငံ ႏွင့္ ၾသစေၾတးလ်ႏိုင္ငံတို႔ၾကား ပုံမွန္လုံၿခဳံေရးေဆြးေႏြးပြဲမ်ား က်င္းပရန္ အခ်က္မ်ားအျပင္ လြန္ခဲ့ေသာႏွစ္ေပါင္း ၃၀ ေက်ာ္က လက္မွတ္ေရးထိုးခဲ့သည့္ လုံၿခဳံေရးစာခ်ဳပ္ကို ထပ္မံသက္တမ္းတိုးရန္အခ်က္မ်ား ပါဝင္ေၾကာင္း သိရသည္။
ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္က "တစ္ႏိုင္ငံ (သို႔) ႏွစ္ႏိုင္ငံစလုံးရဲ႕လုံၿခဳံေရးကို ၿခိမ္းေျခာက္ခံရပါက အဲဒီၿခိမ္းေျခာက္မႈမ်ားကို ကိုင္တြယ္ေျဖရွင္းႏိုင္ေအာင္ တစ္ဦးခ်င္းစီ (သို႔) ပူးတြဲၿပီး အစီအမံမ်ား လုပ္ေဆာင္ႏိုင္ေအာင္ တိုင္ပင္ေဆြးေႏြးရမယ္" ဟု ေျပာသည္။

Related news

© 2021. All rights reserved.