ထိုင်းနှင့် ကမ္ဘောဒီးယားကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာ

256

Pika (NP News) - နိုဝင်ဘာ ၁၄
နယ်စပ်တစ်လျှောက်တွင် တိုက်ပွဲအသစ်များ ပြန်လည်ဖြစ်ပွားလာခြင်းနှင့်ပတ်သက်ပြီး ထိုင်းနှင့် ကမ္ဘောဒီးယား တို့က အပြန်အလှန်စွပ်စွဲပြစ်တင်မှုများကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ အမေရိကန်ကြားဝင်စေ့စပ်ပေး ထားသော ငြိမ်းချမ်းရေးသဘောတူညီချက်အကောင်အထည်ဖော်မှုကို ထိုင်းအစိုးရက ရပ်ဆိုင်းလိုက်ပြီးနောက် ရန်လိုမှုများ ထပ်မံဖြစ်ပွားလာခဲ့ပြီး ထိတွေ့တိုက်ပွဲများအတွင်း အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။
ယခုနှစ်နွေရာသီတွင် ထိုင်းနှင့်ကမ္ဘောဒီးယားကြား တိုက်ပွဲများ(၅)ရက်ကြာဖြစ်ပွားခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြားဝင်စေ့စပ်ပေးမှုများဖြင့် အပစ်အခတ်ရပ်စဲရေး မရရှိခင်အချိန်အထိ လူ(၄၃)ဦး သေဆုံးခဲ့ပြီး လူ(၃)သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။
သို့သော်လည်း နယ်စပ်တွင် မြေမြှပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် နှစ်နိုင်ငံကြားရန်လိုမှုများကို လျှော့ချရန်အတွက် နောက်ဆက်တွဲသဘောတူညီချက်အကောင်အထည်ဖော်မှုကို ထိုင်းအစိုးရက ပြီးခဲ့သည့်နိုဝင်ဘာလ(၁၀)ရက်တွင် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ဆိုင်းမှုအပြီး နှစ်ရက်အကြာတွင် ထိုင်းနိုင်ငံ Sa Kaeo ပြည်နယ် နှင့် ကမ္ဘောဒီးယားနိုင်ငံ Banteay Meanchey ပြည်နယ်ကြား နယ်စပ်တစ်လျှောက်တွင် သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်စလုံးက အရာရှိများက ထုတ်ဖော်ပြောဆိုခဲ့သည်။ နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း အရပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က ထုတ်ပြန်ပြောကြားခဲ့ သည်။ ဟွန်မာနက်က “ဒီလုပ်ရပ်ဟာ လူသားချင်းစာနာထောက်ထားမှုစိတ်ဓါတ်နဲ့နယ်စပ်ပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ မကြာသေးမီက သဘောတူခဲ့တဲ့သဘောတူညီချက်တွေနဲ့ လုံးဝကိုဆန့်ကျင်ဘက်ဖြစ်နေ ပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version:
ထိုင္းႏွင့္ ကေမာၻဒီးယားၾကား တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားလာ
Pika (NP News) - ႏိုဝင္ဘာ ၁၄
နယ္စပ္တစ္ေလွ်ာက္တြင္ တိုက္ပြဲအသစ္မ်ား ျပန္လည္ျဖစ္ပြားလာျခင္းႏွင့္ပတ္သက္ၿပီး ထိုင္းႏွင့္ ကေမာၻဒီးယား တို႔က အျပန္အလွန္စြပ္စြဲျပစ္တင္မႈမ်ားကို လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။ အေမရိကန္ၾကားဝင္ေစ့စပ္ေပး ထားေသာ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္အေကာင္အထည္ေဖာ္မႈကို ထိုင္းအစိုးရက ရပ္ဆိုင္းလိုက္ၿပီးေနာက္ ရန္လိုမႈမ်ား ထပ္မံျဖစ္ပြားလာခဲ့ၿပီး ထိေတြ႕တိုက္ပြဲမ်ားအတြင္း အရပ္သားတစ္ဦး ေသဆုံးခဲ့ေၾကာင္း ကေမာၻဒီးယား အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ယခုႏွစ္ေႏြရာသီတြင္ ထိုင္းႏွင့္ကေမာၻဒီးယားၾကား တိုက္ပြဲမ်ား(၅)ရက္ၾကာျဖစ္ပြားခဲ့ၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ ၾကားဝင္ေစ့စပ္ေပးမႈမ်ားျဖင့္ အပစ္အခတ္ရပ္စဲေရး မရရွိခင္အခ်ိန္အထိ လူ(၄၃)ဦး ေသဆုံးခဲ့ၿပီး လူ(၃)သိန္းေက်ာ္ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ရေၾကာင္း သိရသည္။
သို႔ေသာ္လည္း နယ္စပ္တြင္ ေျမျမႇပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ထိုင္းစစ္သား(၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားရန္လိုမႈမ်ားကို ေလွ်ာ့ခ်ရန္အတြက္ ေနာက္ဆက္တြဲသေဘာတူညီခ်က္အေကာင္အထည္ေဖာ္မႈကို ထိုင္းအစိုးရက ၿပီးခဲ့သည့္ႏိုဝင္ဘာလ(၁၀)ရက္တြင္ ရပ္ဆိုင္းခဲ့ေၾကာင္း သိရသည္။
အဆိုပါရပ္ဆိုင္းမႈအၿပီး ႏွစ္ရက္အၾကာတြင္ ထိုင္းႏိုင္ငံ Sa Kaeo ျပည္နယ္ ႏွင့္ ကေမာၻဒီးယားႏိုင္ငံ Banteay Meanchey ျပည္နယ္ၾကား နယ္စပ္တစ္ေလွ်ာက္တြင္ ေသနတ္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း ႏွစ္ဖက္စလုံးက အရာရွိမ်ားက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ေနာက္ဆုံးအႀကိမ္ျဖစ္ပြားခဲ့ေသာတိုက္ပြဲမ်ားအတြင္း အရပ္သား(၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး တစ္ဦးေသဆုံးခဲ့ေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္မာနက္က ထုတ္ျပန္ေျပာၾကားခဲ့ သည္။ ဟြန္မာနက္က “ဒီလုပ္ရပ္ဟာ လူသားခ်င္းစာနာေထာက္ထားမႈစိတ္ဓါတ္နဲ႔နယ္စပ္ျပႆနာေတြကို ၿငိမ္းခ်မ္းစြာေျဖရွင္းဖို႔ မၾကာေသးမီက သေဘာတူခဲ့တဲ့သေဘာတူညီခ်က္ေတြနဲ႔ လုံးဝကိုဆန႔္က်င္ဘက္ျဖစ္ေန ပါတယ္” ဟု ေျပာခဲ့သည္။