အပစ်ခတ်ရပ်စဲရေးငြိမ်းချမ်းရေးဆွေးနွေးမှုကိုငြင်းဆန်မည်ဆိုလျှင် ယူကရိန်းကို ဆက်လက်တိုက်ခိုက်မည်ဟု ရုရှားအစိုးရ သတိပေး

80

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၅
ယူကရိန်းနိုင်ငံက အပစ်ခတ်ရပ်စဲရေးငြိမ်းချမ်းရေးကို ငြင်းဆန်ပယ်ချနေသည့်ကာလပတ်လုံး ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ယူကရိန်းနိုင်ံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကစ်လစ်ဆာက ရုရှားအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တူရကီနိုင်ငံ တွင် သုံးကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုနောက် ရုရှားနှင့်တိုက်ရိုက်တွေ့ဆုံဆွေးနွေးမည်မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပက်ကောဗ့်က ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။
ယူကရိန်းသည်တွေ့ဆုံဆွေးနွေးရန် တွန့်ဆုတ်နေပြီး ရုရှားဘက် ရွေးချယ်စရာသိပ်မရှိဘဲ စစ်ရေးရည်မှန်းချက်များ ရရှိအောင် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပက်ကောဗ့်က ထုတ်ဖော် ပြောဆိုခဲ့သည်။
၎င်းက ''ကျွန်တော်တို့ဟာ ယူကရိန်းနဲ့တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် စစ်ရေးရည်မှန်းချက်တွေကို လည်း ရရှိအောင် ဆက်လက်လုပ်ဆောင်ရမယ်။ ယူကရိန်းဟာ စေ့စပ်ဆွေးနွေးမှုတွေကို အနှေးနဲ့အမြန် ပြန်လုပ်ရ မယ်ဆိုတာကို နားလည်လက်ခံဖို့ လိုအပ်တယ်။ ယူကရိန်းဘက်မှာ အားနည်းချက်တွေ အများကြီးရှိနေတယ်။ ယူကရိန်းအစိုးရဟာ နိုင်ငံကို နေ့စဉ်နဲ့အမျှ အခြေအနေဆိုးအောင်လုပ်နေတယ်။ ရုရှားဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်ပါတယ်။ ရုရှားဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံရေးနည်းလမ်း၊ သံတမန်ရေး နည်းလမ်းနဲ့ဆွေးနွေးဖြေရှင်းဖို့ လမ်းကြောင်းဖွင့်ထားတယ်။ ဒါပေမယ့် စေ့စပ်ဆွေးနွေးမှုတွေက နှောင့်နှေးကြန့်ကြာနေတယ်'' ဟု ပြောသည်။ ရုရှားနှင့်ယူကရိန်းတို့သည် ၂၀၂၂ ခုနှစ်တွင် စစ်ပွဲ စတင်ဖြစ်လာခဲ့ပြီး နောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေရာ ရုရှားက ယူကရိန်းပိုင်နက် အနည်းဆုံး ဒေသ (၄)ခုကို သိမ်းပိုက်ထားကြောင်း သိရသည်။ ယူကရိန်းနှင့်ရုရှားနိုင်ငံကြားဖြစ်ပွားသော စစ်ပွဲအချိန်ကြာလာတာ နှင့်အမျှ ထိခိုက်ပျက်စီးမှုများပိုမိုများပြားလာခဲ့ပြီး ယူကရိန်းစစ်သားများ လက်နက်ချမှုများ ပိုမိုများပြားလာခဲ့ ကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။ ရုရှားနှင့်ယူကရိန်းနိုင်ငံကြားဖြစ်ပွားသော စစ်ပွဲအပစ်ခတ်ရပ်စဲရန် အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ကိုယ်တိုင်ကြားဝင်စေ့စပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ အောင်မြင်မှုမရသေးဘဲ အပြန်အလှန်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

Zawgyi Version:
အပစ္ခတ္ရပ္စဲေရးၿငိမ္းခ်မ္းေရးေဆြးေႏြးမႈကိုျငင္းဆန္မည္ဆိုလွ်င္ ယူကရိန္းကို ဆက္လက္တိုက္ခိုက္မည္ဟု ႐ုရွားအစိုးရ သတိေပး
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၅
ယူကရိန္းႏိုင္ငံက အပစ္ခတ္ရပ္စဲေရးၿငိမ္းခ်မ္းေရးကို ျငင္းဆန္ပယ္ခ်ေနသည့္ကာလပတ္လုံး ႐ုရွားႏိုင္ငံအေနျဖင့္ ယူကရိန္းႏိုင္ငံကို ဆက္လက္တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း ႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူက ေျပာသည္။ ယူကရိန္းႏိုင္ံျခားေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီးကစ္လစ္ဆာက ႐ုရွားအစိုးရအဖြဲ႕တာဝန္ရွိသူမ်ားႏွင့္ တူရကီႏိုင္ငံ တြင္ သုံးႀကိမ္ေျမာက္ ေတြ႕ဆုံေဆြးေႏြးမႈေနာက္ ႐ုရွားႏွင့္တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးမည္မဟုတ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ၿပီးေနာက္ ႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ပက္ေကာဗ့္က ထုတ္ေဖာ္ေျပာခဲ့ျခင္းျဖစ္သည္။
ယူကရိန္းသည္ေတြ႕ဆုံေဆြးေႏြးရန္ တြန႔္ဆုတ္ေနၿပီး ႐ုရွားဘက္ ေ႐ြးခ်ယ္စရာသိပ္မရွိဘဲ စစ္ေရးရည္မွန္းခ်က္မ်ား ရရွိေအာင္ ဆက္လက္လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း ႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ပက္ေကာဗ့္က ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။
၎က ''ကြၽန္ေတာ္တို႔ဟာ ယူကရိန္းနဲ႔ေတြ႕ဆုံေဆြးေႏြးဖို႔ ဆႏၵရွိပါတယ္။ ဒါေပမယ့္ စစ္ေရးရည္မွန္းခ်က္ေတြကို လည္း ရရွိေအာင္ ဆက္လက္လုပ္ေဆာင္ရမယ္။ ယူကရိန္းဟာ ေစ့စပ္ေဆြးေႏြးမႈေတြကို အေႏွးနဲ႔အျမန္ ျပန္လုပ္ရ မယ္ဆိုတာကို နားလည္လက္ခံဖို႔ လိုအပ္တယ္။ ယူကရိန္းဘက္မွာ အားနည္းခ်က္ေတြ အမ်ားႀကီးရွိေနတယ္။ ယူကရိန္းအစိုးရဟာ ႏိုင္ငံကို ေန႔စဥ္နဲ႔အမွ် အေျခအေနဆိုးေအာင္လုပ္ေနတယ္။ ႐ုရွားဟာ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္လိုခ်င္ပါတယ္။ ႐ုရွားဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႏိုင္ငံေရးနည္းလမ္း၊ သံတမန္ေရး နည္းလမ္းနဲ႔ေဆြးေႏြးေျဖရွင္းဖို႔ လမ္းေၾကာင္းဖြင့္ထားတယ္။ ဒါေပမယ့္ ေစ့စပ္ေဆြးေႏြးမႈေတြက ေႏွာင့္ေႏွးၾကန႔္ၾကာေနတယ္'' ဟု ေျပာသည္။ ႐ုရွားႏွင့္ယူကရိန္းတို႔သည္ ၂၀၂၂ ခုႏွစ္တြင္ စစ္ပြဲ စတင္ျဖစ္လာခဲ့ၿပီး ေနာက္ပိုင္းကတည္းက လက္ရွိအခ်ိန္အထိ တိုက္ပြဲမ်ားျဖစ္ပြားေနရာ ႐ုရွားက ယူကရိန္းပိုင္နက္ အနည္းဆုံး ေဒသ (၄)ခုကို သိမ္းပိုက္ထားေၾကာင္း သိရသည္။ ယူကရိန္းႏွင့္႐ုရွားႏိုင္ငံၾကားျဖစ္ပြားေသာ စစ္ပြဲအခ်ိန္ၾကာလာတာ ႏွင့္အမွ် ထိခိုက္ပ်က္စီးမႈမ်ားပိုမိုမ်ားျပားလာခဲ့ၿပီး ယူကရိန္းစစ္သားမ်ား လက္နက္ခ်မႈမ်ား ပိုမိုမ်ားျပားလာခဲ့ ေၾကာင္း သတင္းမ်ားလည္းထြက္ေပၚေနသည္။ ႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေသာ စစ္ပြဲအပစ္ခတ္ရပ္စဲရန္ အတြက္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ ကိုယ္တိုင္ၾကားဝင္ေစ့စပ္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ ေအာင္ျမင္မႈမရေသးဘဲ အျပန္အလွန္တိုက္ခိုက္မႈမ်ား ဆက္လက္ျဖစ္ပြားေနဆဲျဖစ္သည္။