လစ်‌ဗျားကမ်းလွန်မှာ သင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၄၂)ဦး သေဆုံး

 229

Pika (NP News) - နိုဝင်ဘာ ၁၅

လစ်ဗျားနိုင်ငံကမ်းလွန်မှာ သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားအနည်းဆုံး (၄၂)ဦး သေဆုံးခဲ့ တယ်လို့ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်မှုအဖွဲ့အစည်း (IOM)က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမျိုးသား (၄၇)ဦးနဲ့ အမျိုးသမီး(၂)ဦးတို့လိုက်ပါလာတဲ့သင်္ဘောဟာ Zuwara မြို့ကနေ စတင်ထွက်ခွာလာခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။ စတင်ထွက်ခွါပြီးနောက် အချိန်(၆)နာရီလောက်အကြာမှာ လှိုင်းလုံးရိုက်ခတ်မှုတွေကြောင့် သင်္ဘောအင်ဂျင်ပျက်သွားပြီး တိမ်းမှောက်သွားခဲ့တာဖြစ်တယ်လို့ (IOM) က ပြောကြားခဲ့ပါတယ်။
သင်္ဘောတိမ်းမှောက်ခဲ့ပြီးနောက် လစ်ဗျားအာဏာပိုင်တွေက ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်း လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ သင်္ဘောတိမ်းမှောက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ လူ(၄၂)ဦးက ဆူဒန်နိုင်ငံသား(၂၉)ဦး၊ ဆိုမာလီယာနိုင်ငံသား(၈)ဦး၊ ကင်မရွန်းနိုင်ငံသား(၃)ဦး နဲ့ နိုင်ဂျီးရီးယားနိုင်ငံသား (၂)ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီသင်္ဘောတိမ်းမှောက်မှုအတွင်း ရေစီးနဲ့အတူ မျောပါသွားခဲ့တဲ့ အခြားလူ(၇)ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့လည်း (IOM) က ပြောကြားခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူ(၇)ဦးက ဆူဒန်နိုင်ငံသား(၄)ဦး၊နိုင်ဂျီးရီးယားနိုင်ငံသား(၂)ဦးနဲ့ ကင်မရွန်းနိုင်ငံသား(၁)ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
လစ္‌ဗ်ားကမ္းလြန္မွာ သေဘၤာတစ္စီး တိမ္းေမွာက္ခဲ့ၿပီး အနည္းဆုံးလူ(၄၂)ဦး ေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၁၅
လစ္ဗ်ားႏိုင္ငံကမ္းလြန္မွာ သေဘၤာတစ္စီးတိမ္းေမွာက္ခဲ့ၿပီး ေ႐ႊ႕ေျပာင္းအလုပ္သမားအနည္းဆုံး (၄၂)ဦး ေသဆုံးခဲ့ တယ္လို႔ အျပည္ျပည္ဆိုင္ရာေ႐ႊ႕ေျပာင္းေနထိုင္မႈအဖြဲ႕အစည္း (IOM)က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အမ်ိဳးသား (၄၇)ဦးနဲ႔ အမ်ိဳးသမီး(၂)ဦးတို႔လိုက္ပါလာတဲ့သေဘၤာဟာ Zuwara ၿမိဳ႕ကေန စတင္ထြက္ခြာလာခဲ့တာျဖစ္တယ္လို႔ လည္း သိရပါတယ္။ စတင္ထြက္ခြါၿပီးေနာက္ အခ်ိန္(၆)နာရီေလာက္အၾကာမွာ လႈိင္းလုံး႐ိုက္ခတ္မႈေတြေၾကာင့္ သေဘၤာအင္ဂ်င္ပ်က္သြားၿပီး တိမ္းေမွာက္သြားခဲ့တာျဖစ္တယ္လို႔ (IOM) က ေျပာၾကားခဲ့ပါတယ္။
သေဘၤာတိမ္းေမွာက္ခဲ့ၿပီးေနာက္ လစ္ဗ်ားအာဏာပိုင္ေတြက ရွာေဖြေရးနဲ႔ကယ္ဆယ္ေရးလုပ္ငန္းေတြကို ခ်က္ခ်င္း လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ သေဘၤာတိမ္းေမွာက္မႈအတြင္း ေသဆုံးသြားခဲ့တဲ့ လူ(၄၂)ဦးက ဆူဒန္ႏိုင္ငံသား(၂၉)ဦး၊ ဆိုမာလီယာႏိုင္ငံသား(၈)ဦး၊ ကင္မ႐ြန္းႏိုင္ငံသား(၃)ဦး နဲ႔ ႏိုင္ဂ်ီးရီးယားႏိုင္ငံသား (၂)ဦးတို႔ ျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီသေဘၤာတိမ္းေမွာက္မႈအတြင္း ေရစီးနဲ႔အတူ ေမ်ာပါသြားခဲ့တဲ့ အျခားလူ(၇)ဦးသာ အသက္ရွင္က်န္ရစ္ခဲ့တယ္လို႔လည္း (IOM) က ေျပာၾကားခဲ့ပါတယ္။ အသက္ရွင္က်န္ရစ္ခဲ့တဲ့ လူ(၇)ဦးက ဆူဒန္ႏိုင္ငံသား(၄)ဦး၊ႏိုင္ဂ်ီးရီးယားႏိုင္ငံသား(၂)ဦးနဲ႔ ကင္မ႐ြန္းႏိုင္ငံသား(၁)ဦးတို႔ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.