ဆွီဒင်နိုင်ငံမှာ ဘတ်စ်ကားတစ်စီးက ဘတ်စ်ကားစောင့်နေတဲ့လူအုပ်ကို ဝင်တိုက်မိရာ လူအများအပြားသေဆုံး

156

Pika (NP News) - နိုဝင်ဘာ ၁၆
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့လယ်မှာရှိတဲ့ ဘတ်စ်ကားမှတ်တစ်ခုကို နှစ်ထပ်ဘတ်စ်ကားတစ်စီးကဝင်တိုက်မိခဲ့ရာ လူအများအပြားသေဆုံးခဲ့ပြီး အခြားလူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ ပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် မကြာခင် ဆွီဒင်မီဒိယာတွေကတင်ထားတဲ့ဓါတ်ပုံတွေမှာ ရဲတွေ၊ လူနာတင်ယာဉ်တွေနဲ့ အရေးပေါ်တုံ့ပြန်ရေးယာဉ်တွေဟာ အခင်းဖြစ်ပွားရာနေရာကိုရောက်ရှိနေပြီး ကယ်ဆယ်ရေးအဖွဲ့တွေက နှစ်ထပ်ဘတ်စ်ကားရဲ့အောက်မှာ ပိတ်မိနေတဲ့လူတွေကို ကယ်ဆယ်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ရဲတပ်ဖွဲ့က “ဒီဖြစ်ရပ်အတွင်း သေဆုံးသူတွေကော၊ ထိခိုက်ဒဏ်ရာရရှိသူတွေကော ရှိပါတယ်။ သေဆုံးသူအရေ အတွက် ကျား/မ ဒါမှမဟုတ် အသက်အရွယ်တွေကို တိတိကျကျပြောနိုင်တာမျိုး မရှိသေးပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူး လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ နက်ယာနော်တန်က ပြောကြားခဲ့ပါတယ်။ နက်ယာနော်တန်က “ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ဆက်လက်စုံစမ်းစစ်ဆေးသွားမှာပါ။ ဘာတွေဖြစ်ခဲ့တယ်ဆိုပြီးပြောဖို့က စောလွန်းသေးပါတယ်။ ကျွန်မလည်း ထင်ကြေးပေးတာမျိုး မလုပ်ချင်ပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဆြီဒင္ႏိုင္ငံမွာ ဘတ္စ္ကားတစ္စီးက ဘတ္စ္ကားေစာင့္ေနတဲ့လူအုပ္ကို ဝင္တိုက္မိရာ လူအမ်ားအျပားေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၁၆
ဆြီဒင္ႏိုင္ငံ စေတာ့ဟုမ္းၿမိဳ႕လယ္မွာရွိတဲ့ ဘတ္စ္ကားမွတ္တစ္ခုကို ႏွစ္ထပ္ဘတ္စ္ကားတစ္စီးကဝင္တိုက္မိခဲ့ရာ လူအမ်ားအျပားေသဆုံးခဲ့ၿပီး အျခားလူအမ်ားအျပားထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ ပါတယ္။ ယာဥ္တိုက္မႈျဖစ္ပြားၿပီးေနာက္ မၾကာခင္ ဆြီဒင္မီဒိယာေတြကတင္ထားတဲ့ဓါတ္ပုံေတြမွာ ရဲေတြ၊ လူနာတင္ယာဥ္ေတြနဲ႔ အေရးေပၚတုံ႔ျပန္ေရးယာဥ္ေတြဟာ အခင္းျဖစ္ပြားရာေနရာကိုေရာက္ရွိေနၿပီး ကယ္ဆယ္ေရးအဖြဲ႕ေတြက ႏွစ္ထပ္ဘတ္စ္ကားရဲ႕ေအာက္မွာ ပိတ္မိေနတဲ့လူေတြကို ကယ္ဆယ္ေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။
ရဲတပ္ဖြဲ႕က “ဒီျဖစ္ရပ္အတြင္း ေသဆုံးသူေတြေကာ၊ ထိခိုက္ဒဏ္ရာရရွိသူေတြေကာ ရွိပါတယ္။ ေသဆုံးသူအေရ အတြက္ က်ား/မ ဒါမွမဟုတ္ အသက္အ႐ြယ္ေတြကို တိတိက်က်ေျပာႏိုင္တာမ်ိဳး မရွိေသးပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ မေတာ္တဆမႈျဖစ္ပြားရတဲ့အေၾကာင္းအရင္းေတြကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူး လို႔ ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ နက္ယာေနာ္တန္က ေျပာၾကားခဲ့ပါတယ္။ နက္ယာေနာ္တန္က “ဘာေတြျဖစ္ခဲ့လဲ ဆိုတာကို ဆက္လက္စုံစမ္းစစ္ေဆးသြားမွာပါ။ ဘာေတြျဖစ္ခဲ့တယ္ဆိုၿပီးေျပာဖို႔က ေစာလြန္းေသးပါတယ္။ ကြၽန္မလည္း ထင္ေၾကးေပးတာမ်ိဳး မလုပ္ခ်င္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။