စင်ကာပူနိုင်ငံ၊ Jurong Region Line MRT ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်သမားတစ်ဦး ၉ မီတာအမြင့်မှ ပြုတ်ကျသေဆုံး

142

ရောင်နီ (NP News) - နိုဝင်ဘာ ၁၇
စင်ကာပူနိုင်ငံ၊ 202 Pandan Gardens အနီး၊ Jurong Region Line ရှိ ဆောက်လုပ်ရေးအလုပ်ခွင်တစ်ခုမှာ ၉ မီတာ အမြင့်မှာ ပြုတ်ကျပြီး အလုပ်သမားတစ်ဦး သေဆုံးခဲ့တယ်လို့ Land Transport Authority (LTA) က ပြော ကြားခဲ့ပါတယ်။
သေဆုံးသူဟာ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကြာသပတေးနေ့ (နိုဝင်ဘာ ၁၃ ရက်) ညနေ ၅ နာရီ ၃ မိနစ် နာရီခန့်က အလုပ်ခွင်မှာ ငြမ်းစင်ပေါ်မှ ဆင်းလာစဉ် ၉ မီတာခန့်အမြင့်မှ ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ကို နိုဝင်ဘာ ၁၃ ရက် ည ၇ နာရီ ၁ဝ မိနစ်မှာ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ အလုပ်သမားကို စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့အရာရှိတွေက Ng Teng Fong အထွေထွေရောဂါကု ဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့တယ်လို့ LTA က စနေနေ့(နိုဝင်ဘာ ၁၅ ရက်) မှာ ပြောကြားခဲ့ပါ တယ်။ ဒါအပြင် လုပ်ငန်းခွင်အတွက် အလုပ်ရပ်နားထားဖို့ အမိန့်ထုတ်ပြန်ထားပြီး ဘေးကင်းရေးလုပ်ထုံးလုပ်နည်း တွေနဲ့ကိုက်ညီမှု ရှိ၊မရှိ ပြန်လည်သုံးသပ်ဖို့နဲ့ ပရောဂျက်တစ်လျှောက် အမြင့်မှာ လုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင် တာတွေအတွက် ဘေးကင်းရေးအချိန်ယူဖို့လည်း LTA က တောင်းဆိုထားပါတယ်။ အလုပ်သမားရဲ့အလုပ်ရှင်ဟာ အဓိကကန်ထရိုက်တာ Daewoo-Yongnam Joint Venture ရဲ့ ကုမ္ပဏီ Leze Construction ဖြစ်ပြီး ဒီဖြစ်ရပ် အတွက် အလွန်ဝမ်းနည်းမိကြောင်းနဲ့ သေဆုံးသူရဲ့ မိသားစုဝင်တွေကို ပံ့ပိုးမှုနဲ့ အကူအညီတွေပေးအပ်ဖို့ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။ အာဏာပိုင်တွေကလည်း ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အကြောင်းရင်းကို သိရှိရဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလကလည်း Jurong Region Line လုပ်ငန်းခွင်မှာ ဆောက်လုပ်ရေးလုပ်သားတစ်ဦး ဟာ ၇.၅ မီတာခန့်အမြင့်မှ ပြုတ်ကျပြီး သေဆုံးခဲ့ဖူးပါတယ်။

Zawgyi Version:
စင္ကာပူႏိုင္ငံ၊ Jurong Region Line MRT ေဆာက္လုပ္ေရး လုပ္ငန္းခြင္မွာ အလုပ္သမားတစ္ဦး ၉ မီတာအျမင့္မွ ျပဳတ္က်ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၇
စင္ကာပူႏိုင္ငံ၊ 202 Pandan Gardens အနီး၊ Jurong Region Line ရွိ ေဆာက္လုပ္ေရးအလုပ္ခြင္တစ္ခုမွာ ၉ မီတာ အျမင့္မွာ ျပဳတ္က်ၿပီး အလုပ္သမားတစ္ဦး ေသဆုံးခဲ့တယ္လို႔ Land Transport Authority (LTA) က ေျပာ ၾကားခဲ့ပါတယ္။
ေသဆုံးသူဟာ အသက္ ၄၆ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ၾကာသပေတးေန႔ (ႏိုဝင္ဘာ ၁၃ ရက္) ညေန ၅ နာရီ ၃ မိနစ္ နာရီခန႔္က အလုပ္ခြင္မွာ ျငမ္းစင္ေပၚမွ ဆင္းလာစဥ္ ၉ မီတာခန႔္အျမင့္မွ ျပဳတ္က်ခဲ့တယ္လို႔ သိရပါတယ္။ ဒီအျဖစ္အပ်က္ကို ႏိုဝင္ဘာ ၁၃ ရက္ ည ၇ နာရီ ၁ဝ မိနစ္မွာ ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားခဲ့ပါတယ္။ အလုပ္သမားကို စင္ကာပူအရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕အရာရွိေတြက Ng Teng Fong အေထြေထြေရာဂါကု ေဆး႐ုံကို ပို႔ေဆာင္ခဲ့ၿပီးေနာက္ ေသဆုံးသြားခဲ့တယ္လို႔ LTA က စေနေန႔(ႏိုဝင္ဘာ ၁၅ ရက္) မွာ ေျပာၾကားခဲ့ပါ တယ္။ ဒါအျပင္ လုပ္ငန္းခြင္အတြက္ အလုပ္ရပ္နားထားဖို႔ အမိန႔္ထုတ္ျပန္ထားၿပီး ေဘးကင္းေရးလုပ္ထုံးလုပ္နည္း ေတြနဲ႔ကိုက္ညီမႈ ရွိ၊မရွိ ျပန္လည္သုံးသပ္ဖို႔နဲ႔ ပေရာဂ်က္တစ္ေလွ်ာက္ အျမင့္မွာ လုပ္ေဆာင္ရတဲ့ လုပ္ငန္းေဆာင္ တာေတြအတြက္ ေဘးကင္းေရးအခ်ိန္ယူဖို႔လည္း LTA က ေတာင္းဆိုထားပါတယ္။ အလုပ္သမားရဲ႕အလုပ္ရွင္ဟာ အဓိကကန္ထ႐ိုက္တာ Daewoo-Yongnam Joint Venture ရဲ႕ ကုမၸဏီ Leze Construction ျဖစ္ၿပီး ဒီျဖစ္ရပ္ အတြက္ အလြန္ဝမ္းနည္းမိေၾကာင္းနဲ႔ ေသဆုံးသူရဲ႕ မိသားစုဝင္ေတြကို ပံ့ပိုးမႈနဲ႔ အကူအညီေတြေပးအပ္ဖို႔ လုပ္ေဆာင္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အာဏာပိုင္ေတြကလည္း ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး အေၾကာင္းရင္းကို သိရွိရဖို႔ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
၂၀၂၄ ခုႏွစ္ ဇန္နဝါရီလကလည္း Jurong Region Line လုပ္ငန္းခြင္မွာ ေဆာက္လုပ္ေရးလုပ္သားတစ္ဦး ဟာ ၇.၅ မီတာခန႔္အျမင့္မွ ျပဳတ္က်ၿပီး ေသဆုံးခဲ့ဖူးပါတယ္။