ဒီအာကွန်ဂိုနိုင်ငံမှာရှိတဲ့ မိုင်းတွင်းတစ်ခုက တံတားတစ်စင်းပြိုကျခဲ့ပြီး အနည်းဆုံးလူ(၃၂)ဦးသေဆုံး

116

Pika (NP News) - နိုဝင်ဘာ ၁၈
ဒီအာကွန်ဂိုနိုင်ငံ အရှေ့တောင်ပိုင်းက ကိုဘော့မိုင်းတွင်းတစ်ခုမှာ တံတားတစ်စင်းပြိုကျခဲ့ရာ အနည်းဆုံးလူ(၃၂)ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာအစိုးရအရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ Lualaba ပြည်နယ်မှာရှိတဲ့ မိုင်းတွင်းရဲ့ရေလွှမ်းမိုးတဲ့ဇုန်တစ်ခုအတွင်းက တံတားတစ်စင်းပြိုကျသွားခဲ့တာဖြစ်တယ်လို့ Lualaba ပြည်နယ် ပြည်ထဲရေးဝန်ကြီး Roy Kaumba Mayonde က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် လက်ရှိအချိန်အထိ ရုပ်အလောင်း(၃၂)လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ်ရှာဖွေမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း Roy Kaumba Mayonde က ပြောကြားခဲ့ပါတယ်။ ဒီအာကွန်ဂိုနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာကို ဘော့ထောက်ပံ့မှုရဲ့(၇၀)ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ပြီး ကိုဘော့ဒြပ်စင်ဟာ လျှပ်စစ်ကား တွေ၊ လက်ပ်တော့၊ကွန်ပြူတာတွေနဲ့ မိုဘိုင်းဖုန်းတွေမှာ အသုံးပြုတဲ့ဘက်ထ္ထရီတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဒီအာကွန်ဂိုနိုင်ငံရဲ့တရားမဝင်ကိုဘော့မိုင်းတွင်းကြီးတွေမှာ လူပေါင်း(၂)သိန်းကျော် အလုပ်လုပ်ကိုင်နေကြ တယ်ဆိုတဲ့အစီရင်ခံစာတွေလည်းထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီတံတားပြိုကျမှုဟာ Lualaba ပြည်နယ်မြို့တော် Kolwezi ရဲ့ အရှေ့တောင်ဘက် (၄၂)ကီလိုမီတာအကွာမှာရှိတဲ့ Kalando မိုင်းတွင်းမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသတွင်းအာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဒီအာကြန္ဂိုႏိုင္ငံမွာရွိတဲ့ မိုင္းတြင္းတစ္ခုက တံတားတစ္စင္းၿပိဳက်ခဲ့ၿပီး အနည္းဆုံးလူ(၃၂)ဦးေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၁၈
ဒီအာကြန္ဂိုႏိုင္ငံ အေရွ႕ေတာင္ပိုင္းက ကိုေဘာ့မိုင္းတြင္းတစ္ခုမွာ တံတားတစ္စင္းၿပိဳက်ခဲ့ရာ အနည္းဆုံးလူ(၃၂)ဦး ေသဆုံးခဲ့တယ္လို႔ ေဒသဆိုင္ရာအစိုးရအရာရွိတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ Lualaba ျပည္နယ္မွာရွိတဲ့ မိုင္းတြင္းရဲ႕ေရလႊမ္းမိုးတဲ့ဇုန္တစ္ခုအတြင္းက တံတားတစ္စင္းၿပိဳက်သြားခဲ့တာျဖစ္တယ္လို႔ Lualaba ျပည္နယ္ ျပည္ထဲေရးဝန္ႀကီး Roy Kaumba Mayonde က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ လက္ရွိအခ်ိန္အထိ ႐ုပ္အေလာင္း(၃၂)ေလာင္းကို ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီး ေနာက္ထပ္ရွာေဖြမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း Roy Kaumba Mayonde က ေျပာၾကားခဲ့ပါတယ္။ ဒီအာကြန္ဂိုႏိုင္ငံဟာ ကမာၻလုံးဆိုင္ရာကို ေဘာ့ေထာက္ပံ့မႈရဲ႕(၇၀)ရာခိုင္ႏႈန္းေက်ာ္ကို ထုတ္လုပ္ၿပီး ကိုေဘာ့ျဒပ္စင္ဟာ လွ်ပ္စစ္ကား ေတြ၊ လက္ပ္ေတာ့၊ကြန္ျပဴတာေတြနဲ႔ မိုဘိုင္းဖုန္းေတြမွာ အသုံးျပဳတဲ့ဘက္ထၳရီေတြအတြက္ မရွိမျဖစ္လိုအပ္တဲ့ အရာတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ဒီအာကြန္ဂိုႏိုင္ငံရဲ႕တရားမဝင္ကိုေဘာ့မိုင္းတြင္းႀကီးေတြမွာ လူေပါင္း(၂)သိန္းေက်ာ္ အလုပ္လုပ္ကိုင္ေနၾက တယ္ဆိုတဲ့အစီရင္ခံစာေတြလည္းထြက္ေပၚခဲ့ဖူးပါတယ္။ အဲဒီတံတားၿပိဳက်မႈဟာ Lualaba ျပည္နယ္ၿမိဳ႕ေတာ္ Kolwezi ရဲ႕ အေရွ႕ေတာင္ဘက္ (၄၂)ကီလိုမီတာအကြာမွာရွိတဲ့ Kalando မိုင္းတြင္းမွာျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ေဒသတြင္းအာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။