နောင်ချိုရှိ ခရီးသွားများလည်ပတ်နိုင်သည့်နေရာအချို့တွင် ဒေသတွင်းအခြေအနေကြောင့် တိမ်ပင်လယ် ကိုသာ အားထားနေရ

 318

စော(NP News)-နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်ရှိ ခရီးသွားများလည်ပတ်နိုင်သည့်နေရာအချို့တွင် ဒေသတွင်းအခြေအနေကြောင့် တိမ်ပင်လယ်ကိုသာ အားထားနေရကြောင်း Cloudy Villa ပိုင်ရှင် ဦး ပြည့်စုံအောင်က NP News ကို ပြောသည်။
ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် ဇွန်လ (၂၅)ရက်မှစတင်ကာ နောင်ချိုမြို့နှင့် မြို့လုံခြုံရေးဆောင်ရွက်နေ သည့် တပ်ရင်းနှင့် တပ်ဖွဲ့၊ ဌာနချုပ်များကို အကြမ်းဖက်သောင်းကျန်းသူများက အင်အား အလုံးအရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် အဆိုပါတိမ်ပင်လယ်အနီးရှိ စခန်းများကို တစ်နှစ်ခန့်ကြာ အောင်ပိတ်ထားခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် တပ်မတော်က နောင်ချို-ကျောက်မဲ-သီပေါကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပုံမှန်အတိုင်းသွားလာနိုင်ပြီး နယ်မြေအခြေအနေအေးချမ်း လျက် ရှိကြောင်းသိရသည်။ “လက်ရှိကတော့ နောင်ချိုတိမ်ပင်လယ် တစ်ခုပဲရှိတာ။ ကျောက်မဲတို့သီပေါတို့ကျ တော့ ကျွန်တော်တို့ကဝေးသွားတာပေါ့။ နောင်ချိုတိမ်ပင်လယ်လေးတစ်ခုကိုပဲစည်ကားအောင် ကြိုးစား ပြီးတော့ဖွင့်နေရတာပေါ့”ဟု ၎င်းကပြောသည်။
အဆိုပါနောင်ချိုတိမ်ပင်လယ်သို့ လာရောက်လည်ပတ်ရန် စိတ်ဝင်စားသူများနေသော်လည်း ယခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည့်အတွက် လည် ပတ်သောခရီးသွားနည်းပါးနေသည့်အပြင် လည်ပတ် သူများ တည်းခိုနိုင်ရန်အတွက် စခန်း(၃)ခုခန့်သာ ပြန်လည်ဖွင့်လှစ်နိုင်ကြောင်း ၎င်းကဆိုသည်။
“အရင်တုန်းကတော့ နောင်ချိုထဲမှာဆို ဘန့်ဘွေးကျင်းရေတံခွန်ရှိမယ်။ မုန်ဟုံ မုန်ပုံဆိုပြီး တော့ ဒုဋ္ဌဝတီမြစ်ထဲမှာ လှေစီးတဲ့နေရာလေးတစ်ခုရှိတယ်။ ဂုတ်ထိပ်အောက်ကိုဆင်းတဲ့ လမ်းကြောင်းတွေ ရှိ တယ်။ ဒါတွေက နယ်မြေအခြေအနေကြောင့်မို့လို့ လက်ရှိ အဲဒါတွေက တော့မလုပ်နိုင်သေးဘူး။ လော လောဆယ်မှာ သွားရေးလာရေး အဆင်ပြေလွယ်ကူတဲ့ နောင်ချိုတိမ်ပင်လယ်လေးပဲဖွင့်ထားတာပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် မန္တလေး-လားရှိုးရထားလမ်းပိုင်းရှိ ပြင်ဦးလွင်-နောင်ချို-ဂုတ်ထိပ်-ကျောက်မဲ ရထားလမ်း ပိုင်းကို ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ကျောက်မီးသွေးသုံးမီး ရထား စက်ခေါင်းများဖြင့်ပြေးဆွဲနိုင်ရေးဆောင်ရွက်သွားရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့ဖူးသည်။

Zawgyi Version:
ေနာင္ခ်ိဳရွိ ခရီးသြားမ်ားလည္ပတ္ႏိုင္သည့္ေနရာအခ်ိဳ႕တြင္ ေဒသတြင္းအေျခအေနေၾကာင့္ တိမ္ပင္လယ္ ကိုသာ အားထားေနရ
ေစာ(NP News)-ႏိုဝင္ဘာ ၁၈
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ခရီးသြားမ်ားလည္ပတ္ႏိုင္သည့္ေနရာအခ်ိဳ႕တြင္ ေဒသတြင္းအေျခအေနေၾကာင့္ တိမ္ပင္လယ္ကိုသာ အားထားေနရေၾကာင္း Cloudy Villa ပိုင္ရွင္ ဦး ျပည့္စုံေအာင္က NP News ကို ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ ဇြန္လ (၂၅)ရက္မွစတင္ကာ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ၿမိဳ႕လုံၿခဳံေရးေဆာင္႐ြက္ေန သည့္ တပ္ရင္းႏွင့္ တပ္ဖြဲ႕၊ ဌာနခ်ဳပ္မ်ားကို အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက အင္အား အလုံးအရင္း ျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့သည့္အတြက္ အဆိုပါတိမ္ပင္လယ္အနီးရွိ စခန္းမ်ားကို တစ္ႏွစ္ခန႔္ၾကာ ေအာင္ပိတ္ထားခဲ့ရေၾကာင္း သိရသည္။
လက္ရွိတြင္ တပ္မေတာ္က ေနာင္ခ်ိဳ-ေက်ာက္မဲ-သီေပါကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည့္အတြက္ ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္ ပုံမွန္အတိုင္းသြားလာႏိုင္ၿပီး နယ္ေျမအေျခအေနေအးခ်မ္း လ်က္ ရွိေၾကာင္းသိရသည္။ “လက္ရွိကေတာ့ ေနာင္ခ်ိဳတိမ္ပင္လယ္ တစ္ခုပဲရွိတာ။ ေက်ာက္မဲတို႔သီေပါတို႔က် ေတာ့ ကြၽန္ေတာ္တို႔ကေဝးသြားတာေပါ့။ ေနာင္ခ်ိဳတိမ္ပင္လယ္ေလးတစ္ခုကိုပဲစည္ကားေအာင္ ႀကိဳးစား ၿပီးေတာ့ဖြင့္ေနရတာေပါ့”ဟု ၎ကေျပာသည္။
အဆိုပါေနာင္ခ်ိဳတိမ္ပင္လယ္သို႔ လာေရာက္လည္ပတ္ရန္ စိတ္ဝင္စားသူမ်ားေနေသာ္လည္း ယခုႏွစ္မွ စတင္ဖြင့္လွစ္ခဲ့သည့္အတြက္ လည္ ပတ္ေသာခရီးသြားနည္းပါးေနသည့္အျပင္ လည္ပတ္ သူမ်ား တည္းခိုႏိုင္ရန္အတြက္ စခန္း(၃)ခုခန႔္သာ ျပန္လည္ဖြင့္လွစ္ႏိုင္ေၾကာင္း ၎ကဆိုသည္။
“အရင္တုန္းကေတာ့ ေနာင္ခ်ိဳထဲမွာဆို ဘန႔္ေဘြးက်င္းေရတံခြန္ရွိမယ္။ မုန္ဟုံ မုန္ပုံဆိုၿပီး ေတာ့ ဒု႒ဝတီျမစ္ထဲမွာ ေလွစီးတဲ့ေနရာေလးတစ္ခုရွိတယ္။ ဂုတ္ထိပ္ေအာက္ကိုဆင္းတဲ့ လမ္းေၾကာင္းေတြ ရွိ တယ္။ ဒါေတြက နယ္ေျမအေျခအေနေၾကာင့္မို႔လို႔ လက္ရွိ အဲဒါေတြက ေတာ့မလုပ္ႏိုင္ေသးဘူး။ ေလာ ေလာဆယ္မွာ သြားေရးလာေရး အဆင္ေျပလြယ္ကူတဲ့ ေနာင္ခ်ိဳတိမ္ပင္လယ္ေလးပဲဖြင့္ထားတာေပါ့”ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ျပင္ မႏၲေလး-လားရႈိးရထားလမ္းပိုင္းရွိ ျပင္ဦးလြင္-ေနာင္ခ်ိဳ-ဂုတ္ထိပ္-ေက်ာက္မဲ ရထားလမ္း ပိုင္းကို ျပန္လည္ေျပးဆြဲႏိုင္ေရးအတြက္ ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိၿပီး ေက်ာက္မီးေသြးသုံးမီး ရထား စက္ေခါင္းမ်ားျဖင့္ေျပးဆြဲႏိုင္ေရးေဆာင္႐ြက္သြားရန္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.