အဆိုပြုထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်ကိုလက်ခံဖို့ ယူကရိန်းကို အမေရိကန် တောင်းဆို

99

Pika (NP News) - နိုဝင်ဘာ ၂၂
ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အမေရိကန်က အဆိုပြုထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို လက်ခံရမယ်ဆိုတာကို အမေရိကန်က ယူကရိန်းကို အချက်ပြခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်အဆိုပြုထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်အရ ယူကရိန်းဟာ ၎င်းထိန်းချုပ်ထားတဲ့ ဒွန်းဘက်စ်ဒေသရဲ့ အစိတ်အပိုင်းတွေကို စွန့်လွှတ်တာနဲ့ အခြားလိုက်လျောမှုတွေကိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ယူကရိန်းကိုပေးပို့ထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ရဲ့အဓိကအချက်တွေကို ယူကရိန်းကလက်ခံတာကို
အမေရိကန်က လိုလားနေတယ်လို့လည်း သတင်းဌာနတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ငြိမ်းချမ်းရေးသဘောတူညီချက်ထဲမှာ ယူကရိန်းရဲ့တရားဝင်နိုင်ငံတော်ဘာသာစကားကို ရုရှားဘာသာစကားအဖြစ်အသိအမှတ်ပြုဖို့နဲ့ ယူကရိန်း Orthodox ဘုရားကျောင်းကို တရားဝင်အဆင့်အတန်းနေရာတစ်ခု ပေးအပ်ဖို့လည်း ပြဌာန်းထားတယ်လို့ သိရပါတယ်။
အမေရိကန်က အဆိုပြုထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို လက်ခံလိုက်တာဟာ ယူကရိန်းက ၎င်းရဲ့အချုပ်အခြာ အာဏာကို စွန့်လွှတ်ရာရောက်တယ်လို့လည်း သတင်းဌာနအချို့က ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်ရဲ့စစ်ရေးအကူအညီတွေပြန်လည်ရုတ်သိမ်းဖို့ အကြောင်းအရာလည်း အဲဒီငြိမ်းချမ်းရေးအဆိုပြုချက်ထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

အဆိုျပဳထားတဲ့ၿငိမ္းခ်မ္းေရးအစီအစဥ္ကိုလက္ခံဖို႔ ယူကရိန္းကို အေမရိကန္ ေတာင္းဆို
Pika (NP News) - ႏိုဝင္ဘာ ၂၂
႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ အေမရိကန္က အဆိုျပဳထားတဲ့ၿငိမ္းခ်မ္းေရးအစီအစဥ္ကို လက္ခံရမယ္ဆိုတာကို အေမရိကန္က ယူကရိန္းကို အခ်က္ျပခဲ့တယ္လို႔ သိရပါတယ္။
အေမရိကန္အဆိုျပဳထားတဲ့ၿငိမ္းခ်မ္းေရးအစီအစဥ္အရ ယူကရိန္းဟာ ၎ထိန္းခ်ဳပ္ထားတဲ့ ဒြန္းဘက္စ္ေဒသရဲ႕ အစိတ္အပိုင္းေတြကို စြန႔္လႊတ္တာနဲ႔ အျခားလိုက္ေလ်ာမႈေတြကိုလုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ယူကရိန္းကိုေပးပို႔ထားတဲ့ ၿငိမ္းခ်မ္းေရးအစီအစဥ္ရဲ႕အဓိကအခ်က္ေတြကို ယူကရိန္းကလက္ခံတာကို
အေမရိကန္က လိုလားေနတယ္လို႔လည္း သတင္းဌာနေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ထဲမွာ ယူကရိန္းရဲ႕တရားဝင္ႏိုင္ငံေတာ္ဘာသာစကားကို ႐ုရွားဘာသာစကားအျဖစ္အသိအမွတ္ျပဳဖို႔နဲ႔ ယူကရိန္း Orthodox ဘုရားေက်ာင္းကို တရားဝင္အဆင့္အတန္းေနရာတစ္ခု ေပးအပ္ဖို႔လည္း ျပဌာန္းထားတယ္လို႔ သိရပါတယ္။
အေမရိကန္က အဆိုျပဳထားတဲ့ၿငိမ္းခ်မ္းေရးအစီအစဥ္ကို လက္ခံလိုက္တာဟာ ယူကရိန္းက ၎ရဲ႕အခ်ဳပ္အျခာ အာဏာကို စြန႔္လႊတ္ရာေရာက္တယ္လို႔လည္း သတင္းဌာနအခ်ိဳ႕က ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္ရဲ႕စစ္ေရးအကူအညီေတြျပန္လည္႐ုတ္သိမ္းဖို႔ အေၾကာင္းအရာလည္း အဲဒီၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ထဲမွာ ပါဝင္တယ္လို႔ သိရပါတယ္။