ဂီနီဘစ်ဆောတွင် ရွေးကောက်ပွဲအငြင်းပွားမှုများဖြစ်ပွားပြီးနောက် အာဏာသိမ်းမှုဖြစ်ပွား

219

ALynn (NP news)- နိုဝင်ဘာ ၂၇
(၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် အနောက်အာဖရိကနိုင်ငံဖြစ်သော ဂီနီဘစ်ဆောတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ “စနစ်တကျ ပြန်လည်ထူထောင်ရေးအတွက် အမြင့်ဆုံးစစ်ရေးကွပ်ကဲမှုအဖွဲ့” (High Military Command for the Restoration of Order) ဟု နာမည်ပေးထားသည့် စစ်တပ်အရာရှိတစ်စုက နိုင်ငံအား ထိန်းချုပ်လိုက်ကြောင်း ကြေညာခဲ့သည်။
တင်းမာမှုများနှင့် မဲရလဒ် အငြင်းပွားနေသည့် သမ္မတရွေးကောက်ပွဲအပြီး ရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ အာဏာထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ မြို့တော် ဘစ်ဆော၌ သေနတ်သံများ ပဲ့တင်ထပ်နေစဉ် နိုင်ငံပိုင်ရုပ်သံမှတဆင့် တိုက်ရိုက်ထုတ်လွှင့် ကြေညာခဲ့ခြင်းဖြစ်သည်။
စစ်တပ်၏ လုပ်ရပ်သည် လက်ရှိကျင်းပဆဲ ရွေးကောက်ပွဲဖြစ်စဉ်ကို ရပ်ဆိုင်းစေခဲ့ရုံသာမက၊ အာဏာသိမ်းမှုများနှင့် နာတာရှည် မတည်ငြိမ်မှုများကြောင့် ဒုက္ခရောက်နေသည့် နိုင်ငံ့ အနာဂတ်ကို ပိုမိုမရေရာမသေချာဖြစ်စေခဲ့သည်။
အာဏာသိမ်းမှုမတိုင်ခင် နိုဝင်ဘာလ (၂၃) ရက်၊ တနင်္ဂနွေနေ့တွင် ဂီနီဘစ်ဆော၌ သမ္မတနှင့် လွှတ်တော် ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ သို့သော် နိုဝင်ဘာလ (၂၇) ရက်၊ ကြာသပတေးနေ့အထိ တရားဝင်မဲရလဒ်များ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။ သို့သော် လက်ရှိသမ္မတ Umaro Sissoco Embaló နှင့် ၎င်း၏ အဓိကပြိုင်ဘက် Fernando Dias တို့ နှစ်ဦးစလုံးက ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း ကြေညာခဲ့ကြသည်။
ထို့ကြောင့် ရွေးကောက်ပွဲအပြီး အငြင်းပွားမှုများ မြင့်တက်လာခဲ့သည်။ နိုဝင်ဘာလ (၂၆) ရက်၊ ဗုဒ္ဓဟူးနေ့၌ ဘစ်ဆောမြို့ရှိ အစိုးရအဆောက်အအုံများအနီးတွင် သေနတ်သံများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ မျက်မြင်သက်သေများက ရွေးကောက်ပွဲကော်မရှင် ရုံးချုပ်၊ သမ္မတအိမ်တော်နှင့် ပြည်ထဲရေးဝန်ကြီးဌာန အနီးတစ်ဝိုက်တွင် သေနတ်ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ဖော်ပြခဲ့သည်။
သေနတ်သံများ ထွက်ပေါပြီး မကြာမီတွင် စစ်တပ်က လှုပ်ရှားမှု စတင်ခဲ့သည်။ သမ္မတလုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် Denis N'Canha သည် အခြားအရာရှိများနှင့်အတူ နိုင်ငံပိုင်ရုပ်သံတွင် ပေါ်လာခဲ့သည်။ ၎င်းက စစ်တပ်သည် ဂီနီဘစ်ဆောနိုင်ငံကို "လုံးဝထိန်းချုပ်" လိုက်ပြီဖြစ်ကြောင်း၊ ရွေးကောက်ပွဲဖြစ်စဉ်ကို နောက်ထပ်အကြောင်းကြားစာ မထုတ်ပြန်မချင်း ဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း၊ ကုန်း၊ လေနှင့် ပင်လယ်နယ်စပ်အားလုံးကို ပိတ်ပစ်ရန် အမိန့်ပေးထားကြောင်း ကြေညာခဲ့သည်။
ဂရင်းနစ်စံတော်ချိန် ၁၉:၀၀ နာရီ (မြန်မာစံတော်ချိန် ၀၁:၃၀) မှစတင်၍ ညမထွက်ရအမိန့်ကို ချမှတ်ခဲ့ပြီး မြို့တော်တစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များ အလျင်အမြန်ချထားခဲ့ရာ လမ်းမများမှာ တိတ်ဆိတ်ခြောက်ကပ်လျက် ရှိနေသည်။
အနောက်အာဖရိကတွင် ဂီနီဘစ်ဆောသည် ထိုသို့သော နိုင်ငံရေးမငြိမ်မသက်မှုများကို တစ်နိုင်ငံတည်း ရင်ဆိုင်နေရခြင်းမဟုတ်ပေ။ (၂၀၂၀) ပြည့်နှစ်မှစ၍ ဤဒေသသည် စစ်တပ်အာဏာ ထိန်းချုပ်မှုများ ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရပြီး မာလီ၊ နိုင်ဂျာ၊ ဘာကီနာဖာဆို၊ ဂီနီနှင့် ဂါဘွန် တို့အားလုံးသည် အာဏာသိမ်းမှုများကို ကြုံတွေ့ခဲ့ကြရသည်။

Zawgyi Version:
ဂီနီဘစ္ေဆာတြင္ ေ႐ြးေကာက္ပြဲအျငင္းပြားမႈမ်ားျဖစ္ပြားၿပီးေနာက္ အာဏာသိမ္းမႈျဖစ္ပြား
ALynn (NP news)- ႏိုဝင္ဘာ ၂၇
(၂၀၂၅) ခုႏွစ္၊ ႏိုဝင္ဘာလ (၂၆) ရက္ေန႔တြင္ အေနာက္အာဖရိကႏိုင္ငံျဖစ္ေသာ ဂီနီဘစ္ေဆာတြင္ အာဏာသိမ္းမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ “စနစ္တက် ျပန္လည္ထူေထာင္ေရးအတြက္ အျမင့္ဆုံးစစ္ေရးကြပ္ကဲမႈအဖြဲ႕” (High Military Command for the Restoration of Order) ဟု နာမည္ေပးထားသည့္ စစ္တပ္အရာရွိတစ္စုက ႏိုင္ငံအား ထိန္းခ်ဳပ္လိုက္ေၾကာင္း ေၾကညာခဲ့သည္။
တင္းမာမႈမ်ားႏွင့္ မဲရလဒ္ အျငင္းပြားေနသည့္ သမၼတေ႐ြးေကာက္ပြဲအၿပီး ရက္အနည္းငယ္အၾကာတြင္ ယခုကဲ့သို႔ အာဏာထိန္းခ်ဳပ္လိုက္ျခင္းျဖစ္သည္။ ၿမိဳ႕ေတာ္ ဘစ္ေဆာ၌ ေသနတ္သံမ်ား ပဲ့တင္ထပ္ေနစဥ္ ႏိုင္ငံပိုင္႐ုပ္သံမွတဆင့္ တိုက္႐ိုက္ထုတ္လႊင့္ ေၾကညာခဲ့ျခင္းျဖစ္သည္။
စစ္တပ္၏ လုပ္ရပ္သည္ လက္ရွိက်င္းပဆဲ ေ႐ြးေကာက္ပြဲျဖစ္စဥ္ကို ရပ္ဆိုင္းေစခဲ့႐ုံသာမက၊ အာဏာသိမ္းမႈမ်ားႏွင့္ နာတာရွည္ မတည္ၿငိမ္မႈမ်ားေၾကာင့္ ဒုကၡေရာက္ေနသည့္ ႏိုင္ငံ့ အနာဂတ္ကို ပိုမိုမေရရာမေသခ်ာျဖစ္ေစခဲ့သည္။
အာဏာသိမ္းမႈမတိုင္ခင္ ႏိုဝင္ဘာလ (၂၃) ရက္၊ တနဂၤေႏြေန႔တြင္ ဂီနီဘစ္ေဆာ၌ သမၼတႏွင့္ လႊတ္ေတာ္ ေ႐ြးေကာက္ပြဲမ်ားကို က်င္းပခဲ့သည္။ သို႔ေသာ္ ႏိုဝင္ဘာလ (၂၇) ရက္၊ ၾကာသပေတးေန႔အထိ တရားဝင္မဲရလဒ္မ်ား ထုတ္ျပန္ႏိုင္ျခင္း မရွိေသးေပ။ သို႔ေသာ္ လက္ရွိသမၼတ Umaro Sissoco Embaló ႏွင့္ ၎၏ အဓိကၿပိဳင္ဘက္ Fernando Dias တို႔ ႏွစ္ဦးစလုံးက ေ႐ြးေကာက္ပြဲတြင္ အျပတ္အသတ္ အႏိုင္ရရွိခဲ့ေၾကာင္း ေၾကညာခဲ့ၾကသည္။
ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲအၿပီး အျငင္းပြားမႈမ်ား ျမင့္တက္လာခဲ့သည္။ ႏိုဝင္ဘာလ (၂၆) ရက္၊ ဗုဒၶဟူးေန႔၌ ဘစ္ေဆာၿမိဳ႕ရွိ အစိုးရအေဆာက္အအုံမ်ားအနီးတြင္ ေသနတ္သံမ်ား ေပါက္ကြဲထြက္ေပၚလာခဲ့သည္။ မ်က္ျမင္သက္ေသမ်ားက ေ႐ြးေကာက္ပြဲေကာ္မရွင္ ႐ုံးခ်ဳပ္၊ သမၼတအိမ္ေတာ္ႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာန အနီးတစ္ဝိုက္တြင္ ေသနတ္ပစ္ခတ္သံမ်ား ၾကားခဲ့ရေၾကာင္း ေဖာ္ျပခဲ့သည္။
ေသနတ္သံမ်ား ထြက္ေပါၿပီး မၾကာမီတြင္ စစ္တပ္က လႈပ္ရွားမႈ စတင္ခဲ့သည္။ သမၼတလုံၿခဳံေရးတပ္ဖြဲ႕ အႀကီးအကဲ ဗိုလ္ခ်ဳပ္ Denis N'Canha သည္ အျခားအရာရွိမ်ားႏွင့္အတူ ႏိုင္ငံပိုင္႐ုပ္သံတြင္ ေပၚလာခဲ့သည္။ ၎က စစ္တပ္သည္ ဂီနီဘစ္ေဆာႏိုင္ငံကို "လုံးဝထိန္းခ်ဳပ္" လိုက္ၿပီျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲျဖစ္စဥ္ကို ေနာက္ထပ္အေၾကာင္းၾကားစာ မထုတ္ျပန္မခ်င္း ဆိုင္းငံ့ထားလိုက္ၿပီျဖစ္ေၾကာင္း၊ ကုန္း၊ ေလႏွင့္ ပင္လယ္နယ္စပ္အားလုံးကို ပိတ္ပစ္ရန္ အမိန႔္ေပးထားေၾကာင္း ေၾကညာခဲ့သည္။
ဂရင္းနစ္စံေတာ္ခ်ိန္ ၁၉:၀၀ နာရီ (ျမန္မာစံေတာ္ခ်ိန္ ၀၁:၃၀) မွစတင္၍ ညမထြက္ရအမိန႔္ကို ခ်မွတ္ခဲ့ၿပီး ၿမိဳ႕ေတာ္တစ္ေလွ်ာက္တြင္ စစ္ေဆးေရးဂိတ္မ်ား အလ်င္အျမန္ခ်ထားခဲ့ရာ လမ္းမမ်ားမွာ တိတ္ဆိတ္ေျခာက္ကပ္လ်က္ ရွိေနသည္။
အေနာက္အာဖရိကတြင္ ဂီနီဘစ္ေဆာသည္ ထိုသို႔ေသာ ႏိုင္ငံေရးမၿငိမ္မသက္မႈမ်ားကို တစ္ႏိုင္ငံတည္း ရင္ဆိုင္ေနရျခင္းမဟုတ္ေပ။ (၂၀၂၀) ျပည့္ႏွစ္မွစ၍ ဤေဒသသည္ စစ္တပ္အာဏာ ထိန္းခ်ဳပ္မႈမ်ား ဆက္တိုက္ဆိုသလို ႀကဳံေတြ႕ခဲ့ရၿပီး မာလီ၊ ႏိုင္ဂ်ာ၊ ဘာကီနာဖာဆို၊ ဂီနီႏွင့္ ဂါဘြန္ တို႔အားလုံးသည္ အာဏာသိမ္းမႈမ်ားကို ႀကဳံေတြ႕ခဲ့ၾကရသည္။