ယူကရိန်းအတွက် အမေရိကန်ရဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ဥရောပကနှောင့်ယှက်ဖို့ ကြိုးပမ်းနေတယ်လို့ ရုရှားဝေဖန်

 91

Pika(NP News)-နိုဝင်ဘာ ၂၇
ယူကရိန်းအတွက် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိဖို့ အမေရိကန်ရဲ့ကြိုးပမ်းမှုတွေကို ဥရောပနိုင်ငံရေးသမားတွေနဲ့ ဥရောပမီဒီယာတွေက နှောင့်ယှက်ဖို့ ကြိုးပမ်းနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန‌ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မာရီယာဇာခါရိုဗာက”ဥရောပနိုင်ငံရေးသမားတွေနဲ့ ဥရောပမီဒီယာတွေဟာ ယူကရိန်းပဋိပက္ခအတွက် နိုင်ငံရေးနဲ့သံတမန်ရေးအရ ဖြေရှင်းနိုင်ခြေကို အနှောင့်အယှက်ပေးဖို့ ကြိုးစားနေကြပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ဥရောပနိုင်ငံရေးသမားတွေနဲ့ ဥရောပမီဒီယာတွေဟာ သတင်းအချက်အလက်ဆိုင်ရာတိုက်ခိုက်မှုတွေကို အကြိမ်ကြိမ်လုပ်ဆောင်နေတယ်လို့လည်း မာရီယာဇာခါရိုဗာက ပြောကြားခဲ့ပါတယ်။ အမေရိကန်က ယူကရိန်းကို လာမယ့်နိုဝင်ဘာလ(၂၇)ရက်နေ့မှာ ငြိမ်းချမ်းရေးသဘောတူညီချက်မူဘောင်ကို လက်မှတ်ရေးထိုးစေလိုနေတယ်လို့လည်း သိရပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်ထဲမှာ ယူကရိန်းရဲ့ တရားဝင်နိုင်ငံတော်ဘာသာစကားကို ရုရှားဘာသာစကားအဖြစ် အသိအမှတ်ပြုဖို့နဲ့ ယူကရိန်း Orthodoxဘုရားကျောင်းကို တရားဝင်အဆင့်အတန်းနေရာတစ်ခု ပေးအပ်ဖို့လည်း ပြဌာန်းထားတယ်လို့ သိရပါတယ်။ ဒါ့ပြင် အမေရိကန်ရဲ့စစ်ရေးအကူအညီတွေ ပြန်လည်ရုတ်သိမ်းဖို့ အကြောင်းအရာလည်း အဲ့ဒီငြိမ်းချမ်းရေးအဆိုပြုချက်ထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

Zawgyi Version:
ယူကရိန္းအတြက္ အေမရိကန္ရဲ႕ၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈေတြကို ဥေရာပကေႏွာင့္ယွက္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ ႐ုရွားေဝဖန္
Pika(NP News)-ႏိုဝင္ဘာ ၂၇
ယူကရိန္းအတြက္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ရရွိဖို႔ အေမရိကန္ရဲ႕ႀကိဳးပမ္းမႈေတြကို ဥေရာပႏိုင္ငံေရးသမားေတြနဲ႔ ဥေရာပမီဒီယာေတြက ေႏွာင့္ယွက္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန‌ ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။မာရီယာဇာခါ႐ိုဗာက”ဥေရာပႏိုင္ငံေရးသမားေတြနဲ႔ ဥေရာပမီဒီယာေတြဟာ ယူကရိန္းပဋိပကၡအတြက္ ႏိုင္ငံေရးနဲ႔သံတမန္ေရးအရ ေျဖရွင္းႏိုင္ေျခကို အေႏွာင့္အယွက္ေပးဖို႔ ႀကိဳးစားေနၾကပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ဥေရာပႏိုင္ငံေရးသမားေတြနဲ႔ ဥေရာပမီဒီယာေတြဟာ သတင္းအခ်က္အလက္ဆိုင္ရာတိုက္ခိုက္မႈေတြကို အႀကိမ္ႀကိမ္လုပ္ေဆာင္ေနတယ္လို႔လည္း မာရီယာဇာခါ႐ိုဗာက ေျပာၾကားခဲ့ပါတယ္။ အေမရိကန္က ယူကရိန္းကို လာမယ့္ႏိုဝင္ဘာလ(၂၇)ရက္ေန႔မွာ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္မူေဘာင္ကို လက္မွတ္ေရးထိုးေစလိုေနတယ္လို႔လည္း သိရပါတယ္။ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ထဲမွာ ယူကရိန္းရဲ႕ တရားဝင္ႏိုင္ငံေတာ္ဘာသာစကားကို ႐ုရွားဘာသာစကားအျဖစ္ အသိအမွတ္ျပဳဖို႔နဲ႔ ယူကရိန္း Orthodoxဘုရားေက်ာင္းကို တရားဝင္အဆင့္အတန္းေနရာတစ္ခု ေပးအပ္ဖို႔လည္း ျပဌာန္းထားတယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အေမရိကန္ရဲ႕စစ္ေရးအကူအညီေတြ ျပန္လည္႐ုတ္သိမ္းဖို႔ အေၾကာင္းအရာလည္း အဲ့ဒီၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ထဲမွာ ပါဝင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.