ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်အား သက်ဆိုင်ရာဝန်ကြီးဌာန၏ စိစစ်ချက်အပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟု UEC ပြော

 617

သန့်ဇင်(NP News)-ဒီဇင်ဘာ ၁

ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်အား သက်ဆိုင်ရာဝန်ကြီးဌာန၏ စိစစ်ချက်အပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ယနေ့(ဒီဇင်ဘာ ၁ရက်)တွင် ပြောကြားခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင့်မြင့်သည် ပြီးခဲ့သည့် ရက်ပိုင်းက Tik Tokမှမဲဆွယ်ရာတွင် ၎င်း၏ သားဖြစ်သူသည် “၂၀၂၁ တော်လှန်ရေး”တွင် ပါဝင်ခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု သတင်းများထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။

အထက်ပါ ဦးလွင်မြင့်၏ ပြောဆိုခဲ့သည့် ကိစ္စနှင့်ပက်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနက စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကော်မရှင်အနေဖြင့် စိစစ်တွေ့ရှိ ချက်အပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း UEC ကဆိုသည်။

ထို့ပြင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက်များနှင့် ငြိစွန်းမှုရှိ/မရှိကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့စိစစ်ပြီး ပြန်လည် ပေးပို့လာသည့် စိစစ်တွေ့ရှိချက်များ အပေါ်မူတည်၍ ကော်မရှင်က သုံးသပ်ဆုံးဖြတ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း UEC ကဆိုသည်။

ဦးလွင်မြင့်အနေဖြင့်လည်း ပြီးခဲ့သည့် ရက်ပိုင်းက ၎င်း၏ပြောဆိုမဲဆွယ်စည်းရုံးခဲ့မှုအပေါ် ဝေဖန်ခဲ့သော မြန်မာနေရှင်နယ်ပိုစ့်သတင်းဌာန အယ်ဒီတာချုပ်ဖြစ်သူ နောင်တော်လေးအား စာနယ်ဇင်းကောင်စီသို့ တိုင်ကြားခဲ့မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ ရက်တွင်စတင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်အဆင့်ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီ (၆)ပါတီ ရှိပြီး မဲဆွယ်စည်းရုံးရေးများ၊ ဆိုင်းဘုတ်ထောင်ခြင်းနှင့် လက်ကမ်းစာစောင်ဝေခြင်းနှင့် ပိုစတာရိုက်နှိပ်ကပ်ခြင်းတို့ကို လုပ်ဆောင် နေကြောင်း သိရသည်။

Zawgyi Version:
ျပည္သူ႔ပါတီ ကိုယ္စားလွယ္ေလာင္း ဦးလြင္ျမင့္အား သက္ဆိုင္ရာဝန္ႀကီးဌာန၏ စိစစ္ခ်က္အေပၚ ဥပေဒႏွင့္အညီ ေဆာင္႐ြက္မည္ဟု UEC ေျပာ
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၁

ျပည္သူ႔ပါတီ ကိုယ္စားလွယ္ေလာင္း ဦးလြင္ျမင့္အား သက္ဆိုင္ရာဝန္ႀကီးဌာန၏ စိစစ္ခ်က္အေပၚ ဥပေဒႏွင့္အညီ ေဆာင္႐ြက္မည္ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC)က ယေန႔(ဒီဇင္ဘာ ၁ရက္)တြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

သဃၤန္းကြၽန္းၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးလြင့္ျမင့္သည္ ၿပီးခဲ့သည့္ ရက္ပိုင္းက Tik Tokမွမဲဆြယ္ရာတြင္ ၎၏ သားျဖစ္သူသည္ “၂၀၂၁ ေတာ္လွန္ေရး”တြင္ ပါဝင္ခဲ့ေၾကာင္း ေျပာဆိုခဲ့သည္ဟု သတင္းမ်ားထြက္ေပၚေနခဲ့ျခင္းျဖစ္သည္။

အထက္ပါ ဦးလြင္ျမင့္၏ ေျပာဆိုခဲ့သည့္ ကိစၥႏွင့္ပက္သက္၍ သက္ဆိုင္ရာဝန္ႀကီးဌာနက စိစစ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္းႏွင့္ ေကာ္မရွင္အေနျဖင့္ စိစစ္ေတြ႕ရွိ ခ်က္အေပၚ ဥပေဒႏွင့္အညီ ေဆာင္႐ြက္သြားမည္ ျဖစ္ပါေၾကာင္း UEC ကဆိုသည္။

ထို႔ျပင္ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား သက္ဆိုင္ရာ လႊတ္ေတာ္ေ႐ြးေကာက္ပြဲ ဥပေဒျပ႒ာန္းခ်က္မ်ားႏွင့္ ၿငိစြန္းမႈရွိ/မရွိကို သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားသို႔ ေပးပို႔စိစစ္ၿပီး ျပန္လည္ ေပးပို႔လာသည့္ စိစစ္ေတြ႕ရွိခ်က္မ်ား အေပၚမူတည္၍ ေကာ္မရွင္က သုံးသပ္ဆုံးျဖတ္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္းလည္း UEC ကဆိုသည္။

ဦးလြင္ျမင့္အေနျဖင့္လည္း ၿပီးခဲ့သည့္ ရက္ပိုင္းက ၎၏ေျပာဆိုမဲဆြယ္စည္း႐ုံးခဲ့မႈအေပၚ ေဝဖန္ခဲ့ေသာ ျမန္မာေနရွင္နယ္ပိုစ့္သတင္းဌာန အယ္ဒီတာခ်ဳပ္ျဖစ္သူ ေနာင္ေတာ္ေလးအား စာနယ္ဇင္းေကာင္စီသို႔ တိုင္ၾကားခဲ့မႈျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ဒီဇင္ဘာ ၂၈ ရက္တြင္စတင္က်င္းပမည့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲအတြက္ ျပည္ေထာင္အဆင့္ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရး ပါတီ (၆)ပါတီ ရွိၿပီး မဲဆြယ္စည္း႐ုံးေရးမ်ား၊ ဆိုင္းဘုတ္ေထာင္ျခင္းႏွင့္ လက္ကမ္းစာေစာင္ေဝျခင္းႏွင့္ ပိုစတာ႐ိုက္ႏွိပ္ကပ္ျခင္းတို႔ကို လုပ္ေဆာင္ ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.