အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံတောင်ပိုင်းကို တိုက်ခိုက်မှုအသစ်တွေ စတင်လုပ်ဆောင်

 109

Pika (NP News) - ဒီဇင်ဘာ ၆

ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောဆိုခဲ့မှုနဲ့အတူ အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှု တွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
လက်ဘနွန်နဲ့ အစ္စရေးအရပ်ဘက်ကိုယ်စားလှယ်အဖွဲ့တွေဟာ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့ပြီးနောက်တစ်ရက်အကြာမှာ အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရှိနေပေမယ့်လည်း အစ္စရေးဟာ လက်ဘနွန်မှာရှိတဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့အပေါ်တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး လက်ဘနွန်တောင်ပိုင်းက ဧရိယာ(၅)ခုမှာ အစ္စရေးတပ်ဖွဲ့ဝင်ကို ဆက်လက်ထားရှိလျက်ရှိတယ်လို့လည်း သိရပါတယ်။
လက်ဘနွန်နိုင်ငံတောင်ပိုင်းက အဆောက်အဦးတွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်သွားမယ်လို့ အစ္စရေးစစ်တပ်က သတိပေးခဲ့ပြီးနောက် အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းက ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်မှတ်တွေ ကို တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က တပ်ဖွဲ့ဝင်တွေ စုစည်းတာမျိုး၊ လက်နက်တွေစုဆောင်းတာမျိုးမရှိစေဖို့ အစွမ်းကုန်တားမြစ်သွားမယ်လို့ အစ္စရေး အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ ယခုလိုတိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version:
အစၥေရးစစ္တပ္က လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို တိုက္ခိုက္မႈအသစ္ေတြ စတင္လုပ္ေဆာင္
Pika (NP News) - ဒီဇင္ဘာ ၆
ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ပစ္မွတ္ေတြကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ေနတယ္လို႔ အစၥေရးစစ္တပ္က ထုတ္ျပန္ေျပာဆိုခဲ့မႈနဲ႔အတူ အစၥေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို ဝင္ေရာက္စီးနင္းတိုက္ခိုက္မႈ ေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
လက္ဘႏြန္နဲ႔ အစၥေရးအရပ္ဘက္ကိုယ္စားလွယ္အဖြဲ႕ေတြဟာ ဆယ္စုႏွစ္မ်ားစြာအတြင္း ပထမဆုံးအႀကိမ္ တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးမႈေတြကို လုပ္ေဆာင္ခဲ့ၿပီးေနာက္တစ္ရက္အၾကာမွာ အစၥေရးရဲ႕တိုက္ခိုက္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
၂၀၂၄ ခုႏွစ္ ႏိုဝင္ဘာလမွာရရွိခဲ့တဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရွိေနေပမယ့္လည္း အစၥေရးဟာ လက္ဘႏြန္မွာရွိတဲ့ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕အေပၚတိုက္ခိုက္မႈေတြကို ဆက္လက္လုပ္ေဆာင္လ်က္ရွိၿပီး လက္ဘႏြန္ေတာင္ပိုင္းက ဧရိယာ(၅)ခုမွာ အစၥေရးတပ္ဖြဲ႕ဝင္ကို ဆက္လက္ထားရွိလ်က္ရွိတယ္လို႔လည္း သိရပါတယ္။
လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းက အေဆာက္အဦးေတြကို တိုက္ခိုက္မႈေတြလုပ္ေဆာင္သြားမယ္လို႔ အစၥေရးစစ္တပ္က သတိေပးခဲ့ၿပီးေနာက္ အစၥေရးစစ္တပ္ဟာ လက္ဘႏြန္ေတာင္ပိုင္းက ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ ပစ္မွတ္ေတြ ကို တိုက္ခိုက္မႈေတြ စတင္လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က တပ္ဖြဲ႕ဝင္ေတြ စုစည္းတာမ်ိဳး၊ လက္နက္ေတြစုေဆာင္းတာမ်ိဳးမရွိေစဖို႔ အစြမ္းကုန္တားျမစ္သြားမယ္လို႔ အစၥေရး အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ သီတင္းပတ္အနည္းငယ္အၾကာမွာ ယခုလိုတိုက္ခိုက္မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.