လာမည့် (၅)နှစ်အတွင်း နေတိုးအဖွဲ့ဝင်တစ်နိုင်ငံကို ရုရှားက တိုက်ခိုက်လာဖွယ်ရှိနေဟု နေတိုးအဖွဲ့အကြီးအကဲ သတိပေး

 149

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၄

ရုရှားနိုင်ငံသည် လာမည့် (၅)နှစ်အတွင်း နေတိုးအဖွဲ့ဝင်တစ်နိုင်ငံကို တိုက်ခိုက်လာဖွယ်ရှိနေကြောင်း နေတိုးစစ် ရေးမဟာမိတ်အဖွဲ့ အကြီးအကဲ တစ်ဦးဖြစ်သည့် မက်ရက်တီက သတိပေး ပြောဆို လိုက်သည်။ မက်ရက်တီက ‘ရုရှားဟာ ကျွန်တော်တို့ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့စည်းကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမျိုးအရှိန်မြင့်လုပ်ဆောင်လာတယ်။ ဒါ ကြောင့်ကျွန်တော်တို့ဟာ ပြင်ဆင်ထားရမယ်’ ဟု ပြောသည်။
နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံက ယူကရိန်းအပေါ် ပြုလုပ်နေသည့် ရုရှား၏ တိုက် ခိုက်မှုများအဆုံးသတ်ရန် ကြိုးပမ်းနေ ချိန်တွင် နေတိုးအဖွဲ့အကြီးအကဲက သတိပေးခဲ့ခြင်း လည်းဖြစ်သည်။ ရုရှားသမ္မတ ပူတင်ကိုယ်တိုင်ကလည်း ၎င်းတို့နိုင်ငံအနေဖြင့် ဥရောပတိုက်နှင့်စစ်ပွဲဖြစ်ရန် အစီအစဉ်မရှိကြောင်း၊ သို့သော်လည်း ဥရောပတိုက်အနေဖြင့် စစ်ပွဲစတင်ရန်၊ လိုလား မည်ဆိုလျှင် ရုရှားဘက်ကလည်း စစ်ပွဲဖြစ်ရန် အဆင်သင့်ရှိနေကြောင်း ဒီဇင်ဘာအစောပိုင်းက ထုတ်ဖော် ပြောဆိုခဲ့သည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံကြား စစ်ပွဲ ဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားနှင့် နေတိုးမဟာမိတ် အဖွဲ့များတင်းမာမှုများပိုမိုဖြစ်လာခဲ့ပြီး အပြန်အလှန် ဝေဖန်ပြစ်တင်မှုများရှိခဲ့ကြောင်းသိရသည်။ ရုရှားသမ္မတ ပူတင်က ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန်အတွက် အမေရိကန်အစိုးရ၏ ကြိုးပမ်းမှုများကို ဥရောပ နိုင်ငံများက ဖျက်လိုဖျက်ဆီး လုပ်ဆောင်နေကြောင်း ဝေဖန်ပြစ်တင်ခဲ့ဖူးသည်။နေတိုးအဖွဲ့အကြီးအကဲ မက်ရက်တီက ‘ပူတင်ကို စိုးရိမ်ကြောက်ရွံ့စရာမရှိဘူး၊ ယူကရိန်းကို ကူညီထောက်ပံ့သွားမယ်။ ယူကရိန်းကို ကူညီထောက်ပံ့မှုများက ဥရောပတိုက်အတွက် လုံခြုံရေးအာမခံ ချက်ပေးတာမျိုးဖြစ်တယ်။ ရုရှားဟာ ယူကရိန်းကို သိမ်းပိုက်နိုင်မယ်ဆိုရင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့နယ်စပ် စည်းမျဉ်းတွေကို ကျူးကျော်လာနိုင်ဖွယ်ရှိတယ်။ ကျွန်တော်တို့နေတိုးအဖွဲ့ဝင်နိုင်ငံတွေအတွက် လုံခြုံရေးအန္တရယ် ပိုမိုရှိလာနိုင်တယ်’ ဟု ပြောသည်။

Zawgyi Version:
လာမည့္ (၅)ႏွစ္အတြင္း ေနတိုးအဖြဲ႕ဝင္တစ္ႏိုင္ငံကို ႐ုရွားက တိုက္ခိုက္လာဖြယ္ရွိေနဟု ေနတိုးအဖြဲ႕အႀကီးအကဲ သတိေပး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၄
႐ုရွားႏိုင္ငံသည္ လာမည့္ (၅)ႏွစ္အတြင္း ေနတိုးအဖြဲ႕ဝင္တစ္ႏိုင္ငံကို တိုက္ခိုက္လာဖြယ္ရွိေနေၾကာင္း ေနတိုးစစ္ ေရးမဟာမိတ္အဖြဲ႕ အႀကီးအကဲ တစ္ဦးျဖစ္သည့္ မက္ရက္တီက သတိေပး ေျပာဆို လိုက္သည္။ မက္ရက္တီက ‘႐ုရွားဟာ ကြၽန္ေတာ္တို႔ ေနတိုးစစ္ေရးမဟာမိတ္အဖြဲ႕စည္းကို ဆန႔္က်င္တဲ့ လႈပ္ရွားမႈမ်ိဳးအရွိန္ျမင့္လုပ္ေဆာင္လာတယ္။ ဒါ ေၾကာင့္ကြၽန္ေတာ္တို႔ဟာ ျပင္ဆင္ထားရမယ္’ ဟု ေျပာသည္။
ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံျဖစ္သည့္ အေမရိကန္ႏိုင္ငံက ယူကရိန္းအေပၚ ျပဳလုပ္ေနသည့္ ႐ုရွား၏ တိုက္ ခိုက္မႈမ်ားအဆုံးသတ္ရန္ ႀကိဳးပမ္းေန ခ်ိန္တြင္ ေနတိုးအဖြဲ႕အႀကီးအကဲက သတိေပးခဲ့ျခင္း လည္းျဖစ္သည္။ ႐ုရွားသမၼတ ပူတင္ကိုယ္တိုင္ကလည္း ၎တို႔ႏိုင္ငံအေနျဖင့္ ဥေရာပတိုက္ႏွင့္စစ္ပြဲျဖစ္ရန္ အစီအစဥ္မရွိေၾကာင္း၊ သို႔ေသာ္လည္း ဥေရာပတိုက္အေနျဖင့္ စစ္ပြဲစတင္ရန္၊ လိုလား မည္ဆိုလွ်င္ ႐ုရွားဘက္ကလည္း စစ္ပြဲျဖစ္ရန္ အဆင္သင့္ရွိေနေၾကာင္း ဒီဇင္ဘာအေစာပိုင္းက ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကား စစ္ပြဲ ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႐ုရွားႏွင့္ ေနတိုးမဟာမိတ္ အဖြဲ႕မ်ားတင္းမာမႈမ်ားပိုမိုျဖစ္လာခဲ့ၿပီး အျပန္အလွန္ ေဝဖန္ျပစ္တင္မႈမ်ားရွိခဲ့ေၾကာင္းသိရသည္။ ႐ုရွားသမၼတ ပူတင္က ယူကရိန္းစစ္ပြဲ အဆုံးသတ္ရန္အတြက္ အေမရိကန္အစိုးရ၏ ႀကိဳးပမ္းမႈမ်ားကို ဥေရာပ ႏိုင္ငံမ်ားက ဖ်က္လိုဖ်က္ဆီး လုပ္ေဆာင္ေနေၾကာင္း ေဝဖန္ျပစ္တင္ခဲ့ဖူးသည္။ေနတိုးအဖြဲ႕အႀကီးအကဲ မက္ရက္တီက ‘ပူတင္ကို စိုးရိမ္ေၾကာက္႐ြံ႕စရာမရွိဘူး၊ ယူကရိန္းကို ကူညီေထာက္ပံ့သြားမယ္။ ယူကရိန္းကို ကူညီေထာက္ပံ့မႈမ်ားက ဥေရာပတိုက္အတြက္ လုံၿခဳံေရးအာမခံ ခ်က္ေပးတာမ်ိဳးျဖစ္တယ္။ ႐ုရွားဟာ ယူကရိန္းကို သိမ္းပိုက္ႏိုင္မယ္ဆိုရင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕နယ္စပ္ စည္းမ်ဥ္းေတြကို က်ဴးေက်ာ္လာႏိုင္ဖြယ္ရွိတယ္။ ကြၽန္ေတာ္တို႔ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြအတြက္ လုံၿခဳံေရးအႏၲရယ္ ပိုမိုရွိလာႏိုင္တယ္’ ဟု ေျပာသည္။

Related news

© 2021. All rights reserved.